ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan ကို နိုင်ငံတော်ပိုင် လက်ဆောင်ပစ္စည်းတွေကို တရားမဝင် ရောင်းစားတယ်ဆိုတဲ့ အမှုအတွက် ပြည်ထောင်စု တရားရုံးက ထောင်ဒဏ် ၃ နှစ် ဒီနေ့ ချမှတ်လိုက်ပြီးတဲ့နောက် သူ့ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
ယူကရိန်းတို့ရဲ့ ရေထဲသွား အဝေးထိန်း ဒရုန်းယာဉ်တခုရဲ့ တိုက်ခိုက်မှုကြောင့် ရုရှား ရေနံနဲ့ ဓါတုပစ္စည်းတင်သင်္ဘောတစီး ပင်လယ်နက်ထဲမှာ ထိခိုက် ပျက်စီးသွားပါတယ်။
အမေရိကန်အစိုးရ အရေးယူ ဒဏ်ခတ်ထားတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တွေနဲ့ ဆက်လက်ချိတ်ဆက် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို အရေးယူမယ်လို့ အမေရိကန်အစိုးရက သတိပေးလိုက်ပါတယ်။
စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲတွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ် ဘောလခဲမြိုနယ် ရွာသစ်မြို့ကို စစ်တပ်က ပိတ်ဆို့ထားတဲ့အတွက် မြို့ခံရာနဲ့ချီ ပိတ်မိနေကြပါတယ်။
၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို ပြောင်းလဲဖို့ကြိုးစားတဲ့ ရာဇဝတ်မှု ၄ မှုနဲ့ တရားစွဲခံရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမှုတွေအတွက် အပြစ်မရှိဘူးလို့ ဖယ်ဒရယ်တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
တရုတ်ပြည်အနောက်တောင်ပိုင်း Chendu မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာတဝန်းက တက္ကသိုလ်တွေရဲ့ မီတာ ၁၀၀ အမျိုးသမီးအပြေးပြိုင်ပွဲမှာ ဆိုမာလီယာအပြေးသမားက ၂၁ စက္ကန့်ကျော်ကြာပြီးမှ နောက်ဆုံးပန်းဝင်ခဲ့တဲ့အတွက် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌထုတ်ပယ်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံ ၀ ဒေသမှာ သံဖြူထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တဲ့ အတည်ပြုချက် ထွက်လာပြီးနောက်၊ သံဖြူဈေးဟာ ကမ္ဘာ့ဈေးကွက်မှာ သိသိသာသာ မြင့်တက် သွားခဲ့ပါတယ်။
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဖြစ်ဖူးတဲ့ နာမည်ကြီး ဂျာမနီအသင်း အုပ်စုအဆင့်ကနေ ပြုတ်သွား ပြီဖြစ်ပါတယ်။
၁၉၅၇ ကတည်းက ဆိုဗီယက်ပြည်ထောင်စုက တည်ထောင်ခဲ့တဲ့ Vostok သုတေသနစခန်းမှာ ဟင်းသီးဟင်းရွက်တွေ၊ ဘယ်ရီသီးတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ စိုက်ပျိုးရတာ မျက်စေ့ပသာဒ အပြောင်းအလဲဖြစ်စေပြီး သုတေသီတွေအတွက် စိတ်ပျော်ရွှင်စေတဲ့နည်းတမျိုး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က Astoria Grande ပင်လယ်အပျော်စီးသင်္ဘောနဲ့ ရုရှားခရီးသွားတွေ ဂျော်ဂျီယာနိုင်ငံ Batumi ဆိပ်ကမ်းကို ဆိုက်ကပ်လာချိန်မှာ ဒေသခံတွေအများအပြားဝိုင်းဝန်းဆန္ဒပြကြတာကြောင့် သင်္ဘောပိုင်ကုမ္ပဏီလည်း နောက်လာမယ့် ခရီးစဉ်တွေထဲက ဒီဆိပ်ကမ်းကို ပယ်ဖျက်လိုက်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုတွေထဲက စုစုပေါင်း ပြစ်ဒဏ် ၆ နှစ်ကို လျှော့ပေါ့ပေးလိုက်တာဖြစ်ပြီး ဦးဝင်းမြင့်ကိုတော့ စုစုပေါင်း ပြစ်ဒဏ် ၄ နှစ် လျှော့ပေါ့ပေးလိုက်တာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ နေပြည်တော်မှာ သတင်းထောက်တွေကို ပြောသွားပါတယ်။
တနင်္ဂနွေနေ့ကလုပ်တဲ့ ပါကစ္စတန် အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်က နိုင်ငံရေးစုဝေးပွဲတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတခုကြောင့် သေဆုံးသူ ၄၅ ဦးထက်မနည်းရှိသွားပြီလို့ အာဏာပိုင်တွေကပြောပါတယ်။
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပွဲမှာတော့ ပူးတွဲအိမ်ရှင်နိုင်ငံတခုဖြစ်တဲ့ နယူးဇီလန်အသင်းကတော့ အုပ်စုအဆင့်ကနေ ထွက်လိုက်ရပြီ ဖြစ်ပါတယ်။ ဒီနေ့ ကစားတဲ့ အုပ်စု A က နောက်ဆုံးပွဲစဉ်တွေမှာတော့ နယူးဇီလန်က ဆွစ်ဇာလန်နဲ့ ဂိုးမရှိ သရေကျပြီးတော့ နော်ဝေးက ဖိလစ်ပိုင်ကို ၆ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း Sungai Kolok (စန်ဂိုင် ကိုလော့ခ်) မြို့မှာ လိုင်စင်မဲ့ မီးရှူးမီးပန်း ဂိုဒေါင်တခုအတွင်း ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် သေဆုံးသူ အခုဆိုရင် ၁၀ ဦးအထိ အတည်ပြုနိုင်ကြောင်း ဒေသခံတာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
Doksuri တိုင်ဖုန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်းမှာ ထိခိုက်ပျက်စီးတာတွေကို ရှင်းလင်းနေချိန်မှာပဲ တရုတ်နိုင်ငံမြောက်ပိုင်းမှာ မုန်တိုင်းကြောင့် ရေကြီးတာတွေဖြစ်နေပြီး၊ ဘေဂျင်းမြို့တော်မှာတော့ မိုးရွာသွန်းမှု စံချိန်တင် နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ရုရှားနိုင်ငံအလယ်ပိုင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် ကလေးငယ်သုံးဦးအပါအဝင် အနည်းဆုံး လူကိုးဦး သေဆုံးခဲ့ကြောင်း ရုရှား အရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
ကယားပြည်နယ် (ကရင်နီပြည်) ဒီမောဆိုးမြို့နယ်ဘက်ကို မြန်မာစစ်တပ်ဘက်က အင်အား ၁၅၀၀ လောက်နဲ့ ထိုးစစ်ဆင်နေပြီး လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ဘက်ကို စစ်ဘေးရှောင် ၉၀၀၀ နီးပါး ထွက်ပြေးခိုလှုံလာ
၂၀၂၃ ခုနှစ်၊ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (F) နဲ့ အုပ်စု (G) ပွဲစဉ်တွေကို ဇူလိုင် ၂၉ ရက် စနေနေ့ ကစားကြတာမှာ ပထမပွဲစဉ်ဖြစ်တဲ့ အုပ်စု (G) က ဆွီဒင်နဲ့ အီတလီအသင်းတို့ ကစားကြတာမှာ ဆွီဒင်က ၅ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးကနေ တိုက်ခိုက်လာခဲ့ရင် ခုခံကာကွယ်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၃၄၅ သန်းတန်ဖိုး အကူအညီတွေ ထိုင်ဝမ်ကို ပေးမယ်လို့ ကြေညာပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် Sheikh Hasina နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြသူတွေဟာ ဒီနေ့မှာတော့ ဒါကာမြို့တော်က လမ်းမတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်