ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သီတင်း ၂ ပတ်ကြာ မိုးအပြင်းအထန် ရွာသွန်းခဲ့ရာက ရေကြီး၊ မြေပြိုမှုတွေကြောင့် အနည်းဆုံး ၅၅ ယောက် သေဆုံးပြီး၊ ၁ သန်းကျော် ရေဘေးသင့်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် Maui ကျွန်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၉၀ ကျော်အထိ တာဝန်ရှိသူတွေ အတည်ပြုထားပြီး၊ နောက်ထပ် တိုးလာမယ်လို့လည်း ခန့်မှန်းနေပါတယ်။
သြစတြေးလျ နဲ့ နယူးဇီလန်နိုင်ငံမှာ ကျင်းပနေတဲ့ FIFA အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ သြစတြေးလျ နဲ့ အင်္ဂလန် အသင်း တို့ ဆီမီးဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Hawaii ပြည်နယ်က Maui ကျွန်းမှာလောင်နေတဲ့ တောမီးကြောင့် သောကြာနေ့နှောင်းပိုင်းအထိ သေဆုံးသူအရေအတွက်ဟာ ၈၀ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
Kerch ရေလက်ကြားရဲ့ တဘက်မှာရှိတဲ့ Crimea တံတားကို ယူကရိန်းတို့က S-200 ဒုံးကျည်နဲ့ပစ်ခတ် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် တံတားကို ထိခိုက်ခြင်းမရှိသလို၊ လူတွေလည်း ထိခိုက် ဒဏ်ရာရတာ မရှိဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌနာက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် တက်ခ် (Tak) ခရိုင်အတွင်းမှာရှိတဲ့ အွမ်ဖန် (Umphang) ဆေးရုံကို အစိုးရကျန်းမာရေးဌာနက ဘတ်ငွေသန်း ၂၀ အရေးပေါ် ထောက်ပံ့ပေးလိုက်တယ်လို့ ထိုင်းကျန်းမာရေးဌာနက ပြောပါတယ်။ ဒီဆေးရုံအနေနဲ့ ဘတ်ငွေသန်း ၄၀ လိုငွေပြနေတဲ့အတွက် အစိုးရက ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
အာဆီယံပါလီမန်များညီလာခံ AIPA အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ကော်မီတီအနေနဲ့ ပြည်သူတွေရဲ့အခြေအနေကို သိရှိနိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်လေ့လာဖို့ စီစဉ်နေတယ်လို့ AIPA နဲ့ ပူးပေါင်းဆောင်ရွက်ရေး အင်ဒိုနီးရှားလွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌ Fadli Zon က ပြောပါတယ်။
ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရေး နိုင်ငံတကာအကူအညီတွေခိုင်မာအားကောင်းဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီး Masud Bin Momen က တိုက်တွန်းလိုက်ပါတယ်။
ဟာဝိုင်အီကျွန်းစုမှာ ပါဝင်တဲ့ မော်ဝီကျွန်းက တောမီးကြောင့်လူပေါင်း ၅၅ ဦးထက်မနည်း သေဆုံးပြီး ၁၀၀၀ ကျော် ပျောက်ဆုံးနေပါတယ်။
မြန်မာပြည်သူတွေကြား မှန်ကန်ပြီးဘက်မလိုက်တဲ့ လွတ်လပ်တဲ့ သတင်းအချက်အလက်တွေ ရရှိနေအောင် လွန်ခဲ့တဲ့ ၂၅ နှစ် ကာလအတွင်း ကြိုးပမ်းအားထုတ်ခဲ့သလို ဒီအတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ မဇ္ဈိမသတင်းဌာနတည်ထောင်သူလည်းဖြစ်၊ စီမံညွှန်ကြားရေးမှူးလည်း ဖြစ်တဲ့ ဦးစိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံရဲ့ သက်တမ်း ရှေ့နှစ်ကုန်ဆုံးသွားခဲ့ရင်လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံး တာဝန်တွေကိုတော့ ဆက်လက် ထမ်းဆောင်သင့်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု Illinois ပြည်နယ် အထက်လွှတ်တော်အမတ်က တိုက်တွန်းပြောဆိုပါတယ်။
တိုင်ဖွန်း Doksuri ရဲ့ နောက်ဆက်တွဲအဖြစ် တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ နှစ်ပေါင်း ၁၄၀ အတွင်း အပြင်းထန်ဆုံးမိုးရွာသွန်းမှုတွေ ကြုံခဲ့ရပြီး လူ ၃၃ ဦး သေဆုံးပြီး၊ ၁၈ ဦး ပျောက်ဆုံးနေတယ်လို့ တရုတ်အာဏာပိုင်တွေက ဒီနေ့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နာမည်ကျော်စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေး Ernest Hemingway ကွယ်လွန်တာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပေမဲ့ သူ့အသက်ရှိစဉ် နေထိုင်ခဲ့တဲ့ ဖလော်ရီဒါ ပြည်နယ်၊ ကီးဝက်စ်က သူသွားနေကြ ဘားဆိုင်လေးကတော့ သူ့အတွက် အမှတ်တရ လူတူပြိုင်ပွဲ ကျင်းပနေဆဲ ဖြစ်ပါတယ်။
အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေကို မြန်မာစစ်တပ်က မကြာခဏ ပြောင်ပြောင်တင်းတင်းကျူးလွန်နေကြောင်း IIMM ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား အဖွဲ့က ဒီကနေ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
တရုတ်ကမ်းခြေစောင့်သင်္ဘော တစင်းက မီးသတ်ရေပိုက်တွေသုံးပြီး အလွန်အကျွံ ရန်ပြုတဲ့လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ဖိလစ်ပိုင်စစ်တပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲ ရှုံးထွက်ပွဲတွေ ဒီကနေ့ ကစားရာမှာ ဆွီဒင်နဲ့ နယ်သာလန်အသင်းတွေ ကွာတားဖိုင်နယ် တက်သွားကြပါပြီ။
တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ တနင်္ဂနွေနေ့က အစောပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် လူ၂၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး သေဆုံးသူမရှိကြောင်း နိုင်ငံပိုင်မီဒီယာမှာ ဖေါ်ပြခဲ့ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီဘက်က အင်အားသုံးဖိနှိပ်နေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ အတိုက်အခံ အင်အားစုတွေဘက်က ဘုံသဘောထားကြေညာချက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်အကြားမှာ ဒီကနေ့မနက်ပိုင်းက ၃ နေရာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကျင်းပနေတဲ့ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ ဂျပန်နဲ့ စပိန်အသင်းတွေ ကွာတားဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်