မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ပြောလိုက်ပါတယ်။
ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဒီကနေ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကစားရာမှာ စပိန်အသင်းက အင်္ဂလန်အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရပြီး စပိန်အသင်း ချန်ပီယံ ဖြစ်သွားပါပြီ။
ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်အတွင်း အဝေးပြေးလမ်းဘေးမှာ ရပ်ထားတဲ့ ဗန်ကားတစီးကို ဘတ်စ်ကားတစီးက ဝင်တိုက်မိတာကြောင့် မီးလောင်မှု ဖြစ်ပွားပြီး လူ ၁၈ ဦး သေဆုံးကာ ၁၃ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဒီကနေ့ ပြောပါတယ်။
အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နိုင်ငံတို့က ရေတပ်ဖွဲ့တွေ ဒီသီတင်းပတ်ထဲ ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
(၉) ကြိမ်မြောက် အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို တနင်္ဂနွေနေ့မှာ ဥရောပချန်ပီယံ အင်္ဂလန်အမျိုသမီးအသင်းနဲ့ စပိန်အမျိုးသမီးအသင်းတို့ဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ‘Stadium Australia’ လို့ ခေါ်တဲ့ ဆစ်ဒနီ အိုလံပစ်ပွဲကြီး ကျင်းပခဲ့တဲ့ကွင်းကြီးထဲမှာ ကစားတော့မှာပါ။
မြန်မာနိုင်ငံမှာ အဓိကကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို စော်ကားတယ်ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူး ဖန်တီးမှုနဲ့ ဆွစ်ဇာလန်နိုင်ငံသားတဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဒီကနေ့ စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ယူကရိန်းနိုင်ငံအနေနဲ့ ဂရစ်ပင် Gripen တိုက်လေယာဉ်တွေ ဆွီဒင်နိုင်ငံဆီက ရရှိနိုင်ရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဆွီဒင်နိုင်ငံမှာရောက်ရှိနေတဲ့ ယူကရိန်းသမ္မတက ဒီကနေ့ စနေနေ့မှာဘဲ ပြောသွားပါတယ်။
တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ စနေနေ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဟာ ထိုင်ဝမ်ကို ပြင်းပြင်းထန်ထန် သတိပေးတာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသွားပါတယ်။
ယူကရိန်းနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်ဘက်ပိုင်းကို ဦးတည်ပြီး ရုရှားက မောင်းသူမဲ့ယာဉ်တွေကနေ ဒရုန်းယာဉ် ၁၇ ခုနဲ့ မနေ့ညက ပစ်ခတ်တိုက်ခိုက်တယ်လို့ ယူကရိန်းလေတပ်က ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ပြောပါတယ်။
မက္ကဆီကိုနိုင်ငံ Baja California ဒေသကို ဒီကနေ့ စနေနေ့မှာ ဝင်ရောက်တိုက်ခတ်နေတဲ့ အားပြင်း ဟာရီကိန်း Hilary ဟာ အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းကို ဦးတည်တိုက်ခတ်နေပါတယ်။
မလေးရှားနိုင်ငံ မြို့တော်အနီး လေးလမ်းသွား အဝေးပြေးလမ်း တနေရာမှာ ကြာသပတေးနေ့က လေယာဉ်ငယ်တစီး ပျက်ကျခဲ့တဲ့အတွက် လေယာဉ်ပေါ်ပါ လူရှစ်ဦးနဲ့ မြေပြင်ပေါ်က ကားမောင်းသူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲချုပ်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ Himachal Pradesh ပြည်နယ် Shimla မြို့မှာ မြေပြိုမှုကြောင့် အိမ်တလုံးအပါအဝင် တခြားအဆောက်အဦတွေ ကမ်းပါးထဲပြိုလဲကျသွားတာကို ဩဂုတ် ၁၅ ရက် အင်္ဂါနေ့က တွေ့လိုက်ရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ တိုးချဲ့ လုပ်ဆောင်ခွင့်ပေးရေးနဲ့ မြန်မာနိုင်ငံတဝှန်း အကူအညီ လိုအပ်နေသူ ၁၈ သန်းလောက်အတွက် ထောက်ပံ့မှုတွေ တိုးမြှင့်ပေးကြဖို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲ တောင်းဆိုလိုက်ပါတယ်။
လက်ရှိပြင်သစ်ကလပ် PSG မှာကစားနေတဲ့ ကမ္ဘာကျော်ဘရာဇီးဘောလုံးကစားသမား နေမာဟာ ဆော်ဒီအာရေးဗီးယားကလပ် Al-Hilal နဲ့ ပြောင်းရွှေ့ဖို့သဘောတူညီမှုရပြီး သြဂုတ်လ ၁၅ ရက်နေ့က တရားဝင်လက်မှတ်ထိုးခဲ့ပါတယ်။ PSG အသင်းက သူ့ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၉၀ နဲ့ ရောင်းချခဲ့တာပါ။
ဗွီအိုအေရဲ့ တမိနစ်တာ အင်္ဂလိပ်စာအစီအစဉ်မှာ “Stickershock” ဆိုတဲ့ အသုံးအနှုန်းကို ရှင်းပြထားပါတယ်။ အမေရိကန်အင်္ဂလိပ်စကားပြောမှာ သုံးနှုန်းတဲ့ ခံစားချက်ပြစကားလုံးတွေကို သင်ပြပေးနေတာဖြစ်ပါတယ်။ ဗွီအိုအေက ထုတ်လွှင့်တဲ့ အင်္ဂလိပ်စာ သင်ခန်းစာတွေကို “ဗွီအိုအေအင်္ဂလိပ်စာ” စာမျက်နှာမှာ လေ့လာနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ပဲ သွားရောက်ကြည့်ရှုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ၉ ဦးကတော့ ဘုရားကျောင်းပြိုကျတဲ့အထဲမှာ ပါသွားကြတာပါ။ နောက်ထပ် ဒါဇင်ပေါင်းများစွာဟာလည်း ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒီကနေ့ မြေစာပုံပြိုကျခဲ့ရာက လူအများအပြား ပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံးသူ အနည်းဆုံး ၂၀ ကနေ အများဆုံး ၄၀ လောက်အထိ ရှိနိုင်
တရုတ်နိုင်ငံ မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မြေပြိုပြီး သေဆုံးသူ အနည်းဆုံး ၂၁ ဦးထိရှိနေပြီး၊ ပျောက်ဆုံးသူပေါင်း ခြောက်ဦးရှိကြောင်း အာဏာပိုင်တွေက ဒီကနေ့ ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ဒုသမ္မတ William Lai ရဲ့ ပါရာဂွေးနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှာ ခရီးတထောက်အဖြစ် အမေရိကန်ပြည်ထောင်စုကိုဝင်ရောက်ခဲ့တာကို တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်