ဆူဒန်နဲ့ ယူကရိန်း နှစ်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ရောက်လာသူတွေကို (TPS) ခေါ် ယာယီအကာအကွယ်ပေး နေထိုင်ခွင့်အရ ဆက်လက်နေထိုင်ခွင့်ပြုဖို့ အမေရိကန် အစိုးရက သက်တမ်းတိုးလိုက်ပါတယ်။
ချစ်သူရည်းစားရမယ်ဆိုတဲ့ မက်လုံးနဲ့ တရုတ်နိုင်ငံက လူရာနဲ့ချီကို လိမ်လည်ခဲ့တဲ့ အွန်လိုင်းဂိုဏ်းတခုနဲ့ ပတ်သက်တယ်လို့ မသင်္ကာသူ တရုတ်နိုင်ငံသား ဒါဇင်နဲ့ချီကို အင်ဒိုနီးရှားနိုင်ငံမှာ ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီးရှားအရာရှိတွေက ဒီကနေ့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းက ဖလော်ရီဒါပြည်နယ်မှာ ဟာရီကိန်း Idalia ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဝင်မှာ ဖြစ်တာကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးများ ရေကြီးမှုနဲ့ မုန်တိုင်းဒဏ်အကြီးအကျယ်ခံရနိုင်ဖွယ်ရှိကြောင်း အမေရိကန် မိုးလေဝသနဲ့ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ပေါင်း ၄၀၀ ကျော်ရှိခဲ့ပြီး၊ အဲဒီဖြစ်ရပ်တွေ အတွင်း သေဆုံးသူ ၁,၀၀၀ ကျော် ရှိခဲ့တယ်လို့ လူအခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအခြေစိုက် အရှေ့တီမောသံရုံးက ယာယီတာဝန်ခံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက မြန်မာနိုင်ငံက နှင်ထုတ်လိုက်ပါတယ်။
ဆူနာမီရေလှိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဂျပန်နိုင်ငံက Fukushima နျူကလီးယားဓာတ်အားပေး စက်ရုံက စွန့်ပစ်ရေတွေကို ပင်လယ်ထဲ ဖောက်ချတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေ ပေါ်ပေါက်နေချိန်မှာပဲ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေအပေါ် တယ်လီဖုန်းကနေ ခြိမ်းခြောက်မှုတွေ ဆက်တိုက်ထွက်ပေါ်လာပါတယ်။
သြစတြေးလျနိုင်ငံမြောက်ပိုင်းက ကျွန်းပေါ်မှာ ဒီကနေ့ စစ်ရေးလေ့ကျင့်ရင်း လေယာဉ်ပျက်ကျရာက အမေရိကန် မရိန်းစစ်သည် ၃ ဦး သေဆုံးပြီး၊ ၂၀ ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာရှိနေတဲ့ အရှေ့တီမောနိုင်ငံ သံရုံးက ဝန်ထမ်းတွေ စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံက ထွက်ခွာသွားကြဖို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဩဂုတ်လ ၂၆ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပေါ်တူဂီအခြေစိုက် Lusa သတင်းဌာနမှာ ဖော်ပြထားတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းရဲ့ ပစိဖိတ် အရှေ့ဘက်ကမ်းခြေဒေသအပါအဝင် လေကြောင်းကာကွယ်ရေးဇုံထဲကို တရုတ်လေတပ်က လေယာဉ်တွေ အကြိမ် ၂၀ လောက် ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မနက်မှာ ပြောပါတယ်။
မြန်မာရဲတွေအနေနဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ထိန်းသိမ်းထားခဲ့တဲ့ အွန်လိုင်း လိမ်လည်မှု သံသယ ရှိသူတွေကို မကြာခင်ကဘဲ၊ တရုတ်ရဲတွေက ပြန်ခေါ်လာခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနက မနေ့ ဩဂုတ်လ ၂၅ ရက်နေ့ကပဲ ထုတ်ပြန်လိုက်တာပါ။
ရုရှား ကြေးစားတပ်ခေါင်းဆောင် သေဆုံးအပြီး၊ တပ်သားတွေအနေနဲ့ နိုင်ငံအပေါ် သစ္စာရှိကြောင်း ဝန်ခံချက်ထိုးဖို့ သမ္မတ Vladimir Putin က အမိန့်ထုတ်လိုက်ပါတယ်။
လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုန်မိုးသည်းထန်စွာ ရွာသွန်းနေချိန်မှာဘဲ သွေးလွန်တုပ်ကွေး ရောဂါကူးစက်သူ အရေအတွက် သိသိသာသာ တိုးလာနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေအကြား အခက်ကြုံနေရပါတယ်။
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့်နေ့မှာ အကြီးမားဆုံး နယ်စပ်ဆန္ဒပြပွဲအဖြစ် ရိုဟင်ဂျာဒုက္ခသည် တစ်သောင်းပါဝင်ခဲ့ကြပါတယ်။
ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ စပိန်အသင်း ဗိုလ်စွဲချိန်မှာ စပိန်အမျိုးသမီးအသင်းက ကစားသမားတဉီးရဲ့ နှုတ်ခမ်းကို အတင်းအကြပ် နမ်းခဲ့တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Luis Rubiales ကို ရာထူးက နုတ်ထွက်ပေးဖို့ ဖိအားပေးနေကြပေမဲ့ နုတ်ထွက်ပေးဖို့ ငြင်းဆန်နေပါတယ်။
ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားဖြစ်လာတာကြောင့် စီးပွားရေးထိခိုက်ပြီး ဆင်းရဲမှု မြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောနေပါတယ်။ ထိုင်းနိုင်ငံထဲ စံချိန်တင် အပူချိန်မြင့်တက်တာ၊ မိုးရေချိန်နည်းတာနဲ့ သဘာဝရာသီဥတုပြောင်းလာတာတွေကြောင့် အခုလိုထိခိုက်မှုရှိလာနိုင်တာလို့ ထောက်ပြလိုက်တာပါ။
တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီးတော့ အင်တာနက်အွန်လိုင်းကနေ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိရတဲ့သူ ၂ ဦးကို မြန်မာအာဏာပိုင်တွေက တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်တယ်လို့ မြန်မာအစိုးရပိုင်မီဒီယာက ဒီနေ့ထုတ်ပြန်ပါတယ်။
ဒီကနေ့ ဗုဒ္ဓဟူးနေ့ ရုရှားနိုင်ငံ မော်စကိုမြို့တော်ကနေ စိန့်ပီတာဘာ့ဂ်မြို့ကို ပျံသန်းလာတဲ့ ခရီးသည်လေယာဉ်ပျက်ကျပြီး ၁၀ ဦးသေဆုံးသွားတဲ့အထဲမှာ Wagner ကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin ပါဝင်ကြောင်း ရုရှားအရေးပေါ်တာဝန်ရှိသူတွေက ပြောပါတယ်
ရိုဟင်ဂျာတွေ နေရပ်ပြန်ရေ စမ်သပ်အစီအစဉ်ကို ဟန့်တားနှောက်ယှက်တာတွေ မလုပ်သင့်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိ တဦးက ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ရှေ့လထဲကျင်းပမယ့် စီးပွားရေးအင်အားကြီး နိုင်ငံပေါင်း ၂၀ G 20 အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တက်ရောက်မှာဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျင်းပမယ့် အာဆီယံ-အမေရိကန်နဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကိုတော့ ဒုသမ္မတ ကင်မလာဟဲရစ်စ်တက်မယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်အဖြစ် လွှတ်တော်မှာ ဒီကနေ့ မဲခွဲရာမှာ အိမ်ခြံမြေလုပ်ငန်းရှင်သူဋ္ဌေး Srettha Thavisin အနိုင်ရသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်