၂၀၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရမယ့် မြန်မာနိုင်ငံနေရာမှာ ဖိလစ်ပိုင်နိုင်ငံက အစားထိုး တာဝန်ယူဖို့ အသင့်ရှိကြောင်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. က စက်တင်ဘာ ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ကျမှ ကျင်းပဖြစ်လိမ့်မယ်လို့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီ အရာရှိတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဒီကနေ့ ရေးပါတယ်။
မြန်မာ့အရေး အာဆီယံချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ဆုပ်ကိုင်ထားမှာဖြစ်တယ်လို့ လက်ရှိအလှည့်ကျ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်ပါတယ်။
အမေရိကန်ဖက်ရှင်ဘွားအေကြီး Iris Apfel အိုင်းရစ် အက်ပ်ဖယ်လ် ဩဂုတ်လ ၂၈ ရက်နေ့က အသက် ၁၀၂ နှစ်ပြည့်သွားခဲ့ပါတယ်။ မွေးနာမည် အိုင်းရစ် ဘဲလ်ရယ်လ်ဖြစ်ပြီး နယူးယောက်မြို့၊ ကွင်းစ်အရပ်မှာ ၁၉၂၁ ခုနှစ်မှာ မွေးဖွားတာပါ။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဧရာမင်း အမျိုးအစား ဆန်တစ်တင်းခွဲ တစ်အိတ်ကို တစ်သိန်းကျော်အထိ ဈေးပေါက်နေပြီး တချို့နေရာတွေမှာ ဆန်ပြတ်နေလို့ ငွေရှိရင်တောင် ဝယ်လို့မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
နေပြည်တော် အကျဥ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေထဲက အမှု ၆ မှုနဲ့ ပတ်သတ်လို့ ကျူးလွန်ခဲ့ခြင်း မရှိတဲ့အတွက် အပြစ်မရှိကြောင်း အထူးအယူခံ လျှောက်လဲချက်ကို ဒီကနေ့ ရှေ့နေတွေက တင်သွင်းခဲ့ ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တရုတ်နိုင်ငံ ရွှေလီမြို့ထဲကို လည်ပတ်ခွင့်ရမဲ့ တခါသုံးကတ်တွေကို မြန်မာ လူဝင်မှုကြီးကြပ်ရေး ဌာနဘက်က ဒီနေ့ စက်တင်ဘာလ၄ရက်မှာ စတင်ထုတ်ပေးပါတယ်။ ၇ ရက်သက်တမ်းပေးထားတဲ့ ဒီအလည်အပတ်ကတ်ကို လာပြီးလျှောက်ထားတဲ့ မြန်မာနိုင်ငံသားတွေ အများအပြား ရှိခဲ့တာပါ။
တိုင်းပြည်တခုရဲ့ ဖွံ့ဖြိုးမှုဟာ စီးပွားရေးကြွယ်ဝချမ်းသာမှုတွေ၊ လက်နက်အင်အားကောင်းဖို့ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာ မူမတည်ဘဲ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး ထောက်ပံ့နိုင်စွမ်းအပေါ်မှာ မူတည်တဲ့အကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ခဲ့တာပါ။
အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်ဘဲ၊ ဆက်ပြီးတော့ မထီမဲ့မြင့်ပြုနေတဲ့ မြန်မာစစ်ကောင်စီကို ပိုပြီးတော့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များအဖွဲ့ (APHR) က တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson မနေ့ စနေနေ့ ကွယ်လွန်သွားတဲ့အပေါ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် အစိုးရထိပ်တန်းတာဝန်ရှိသူတွေနဲ့ နိုင်ငံရေးသမားတွေက အမှတ်တရဂုဏ်ပြုစကားတွေ ပြောခဲ့ကြပါတယ်။
နေပြည်တော် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ချို့ယွင်းနေကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဗွီအိုအေကိုပြောပါတယ်။
မြန်မာဆန်ဝယ်ဖို့ အင်ဒိုနီးရှား စဉ်းစားနေ ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့နေတဲ့ အိန္ဒိယက နိုင်ငံခြားတင်ပို့တဲ့ ဆန်အမျိုးအစားတချိုကို တင်ပို့မှု ပိတ်ပင်ခဲ့လို့ ဈေးကွက်မှာ ဆန်ရှားပါးလာနေချိန် အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံက ဆန်တွေ ဝယ်ယူဖို့ စဉ်းစားနေပါတယ်။
ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ကျင်းပမယ့် နိုဘဲလ်ဆုပေးပွဲတက်ဖို့ ရုရှားနဲ့ Belarus နိုင်ငံတွေက သံအမတ်တွေကို ဖိတ်ကြားထားတာကို ဖျက်သိမ်းလိုက်ကြောင်း နိုဘဲလ်ကော်မီတီက ဒီကနေ့ ပြောပါတယ်။
ထိုင်းအစိုးရ Cabinet ဝန်ကြီးအဖွဲ့သစ်ကို ထိုင်းဘုရင်က အတည်ပြုလိုက်တဲ့အတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ၃ လကျော်အကြာမှာ ဝန်ကြီးချုပ်သစ် Srettha Thavisin ဦးဆောင်တဲ့ အစိုးရအဖွဲ့ စတင်တာဝန်ထမ်းဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ လူပေါင်း ၁၈၀ လောက် သေဆုံးခဲ့ရတဲ့ လူမျိုးရေးပဋိပက္ခဟာ မကြုံစဖူးတဲ့ ကိစ္စမျိုးဖြစ်ကြောင်း အာသံရိုင်ဖယ်တပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Pradeep Chandran Nair က ပြောကြားခဲ့ပါတယ်။
နေကို လေ့လာမယ့် အာကာသယာဉ်ကို အိန္ဒိယနိုင်ငံက ဒီနေ့ စနေနေ့မှာ အာကာသပေါ် အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် လွှတ်တော်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အစွန်းရောက်အဖွဲ့ ခေါင်းဆောင်ဟောင်း ၂ ဦးကို ထောင်ဒဏ် နှစ်ရှည်ချလိုက်ပါတယ်။
အမေရိကန် ဒုသမ္မတ Kamala Harris ဟာ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ထိပ်သီး အစည်းအဝေးအပြင် အရှေ့အာရှ ထိပ်သီး ညီလာခံကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို ရှေ့သီတင်းပတ်အတွင်း သွားရောက်မှာ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် ၈ နှစ်ကနေ ၁ နှစ် အထိ ထိုင်းဘုရင်က လျှော့ပေါ့ပေးလိုက်ကြောင်း ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ တော်ဝင်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ နဝတ စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ Carlsberg လုပ်ငန်းကြီးက လူသိရှင်ကြား ထုတ်ပြန်ခဲ့ပေမဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ ရင်းနှီးမြှပ်နှံခဲ့မိတယ်လို့ Carlsberg Group က ဩဂုတ်လ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ပြောကြားလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်