Morocco နိုင်ငံမှာ သောကြာနေ့နှောင်းပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် အခုချိန်ထိ သေဆုံးသူ ၈၀၀ ထက်မနည်းရှိသွားပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီနယ်မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတာမို့ မိုးစပါး၊ မြေပဲ၊ ပြောင်းစတဲ့ သီးနှံတွေ စိုက်ပျိုးချိန်တန်နေပေမဲ့ ပုံမှန်လို စိုက်ပျိုးလို့မရ ဖြစ်နေကြပါတယ်။
တရုတ်နိုင်ငံက အစိုးရဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း iPhone တွေ အသုံးမပြုရလို့ တရုတ်အစိုးရက တားမြစ်တဲ့သတင်းတွေ ထွက်လာခဲ့ပြီးနောက် အခု ၂ ရက်အတွင်း Apple ကုမ္ပဏီရဲ့ အစုရှယ်ယာ ၆ ရာခိုင်နှုန်းကျော်အထိ ထိုးကျသွားခဲ့ပါတယ်။
မနက်ဖြန် အိန္ဒိယနိုင်ငံမှာ စတင်ကျင်းပမယ့် စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀၊ G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန်သမ္မတ Joe Biden နယူးဒေလီမြို့တော်မှာ ရောက်ရှိနေပါတယ်။
တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်သင်္ဘောတွေကို တရုတ်ကမ်းခြေစောင့်တပ်နဲ့ ရေကြောင်းပြည်သူ့စစ်အဖွဲ့တွေက ဥပဒေမဲ့ ရန်လိုတဲ့အပြုအမူနဲ့ တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရက ဒီနေ့ သောကြာနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံ အကျပ်အတည်းဟာ G-20 စီးပွားရေးအင်အားကြီး နိုင်ငံတွေရဲ့ ဦးတည်ချက်တွေ ပြည့်မီအောင် ကြိုးပမ်းမှုကို တိုက်ရိုက် ခြိမ်းခြောက်နေပြီး အိန္ဒိယ အပါအဝင် မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အားထုတ်မှုတွေကို ပျက်ပြားစေတဲ့အတွက် အရေးယူပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ NUG က တိုက်တွန်းလိုက်ပါတယ်။
ကုလကိုယ်စားလှယ်တွေနဲ့ မြန်မာအာဏာပိုင်တွေကြား တွေ့ဆုံမှုတွေ မကြာခန ရှိနေပေမဲ့လို မိုခါမုန်တိုင်းဒဏ် သင့်ခဲ့ပြီးတဲ့နောက် လူသားချင်း စာနာမှုတွေ အများအပြား လိုအပ်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ အကူအညီတွေ ပိတ်ပင်ခံနေရတုန်းပဲလို့ ကူညီပေးနေသူတွေက ပြောပါတယ်။
အာဆီယံလေတပ်ဦးစီးချုပ်များရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ မြန်မာနိုင်ငံမှာ ရှေ့သီတင်းပတ်ကျင်းပမယ့် အစည်းအဝေးကို အာဆီယံ လေတပ်ဦးစီးချုပ် ၃ ယောက်ထက် မနည်း တက်ရောက်မှာ မဟုတ်ဘူးလို့ အာဆီယံတာဝန်ရှိသူတွေ ပြောကြားခဲ့ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံကနေ လာအိုနိုင်ငံကို ဒီနေ့ ကြာသပတေးနေ့မှာ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ သူ့ရဲ့ ယူကရိန်းခရီးစဉ် ဒုတိယမြောက်နေ့ ဒီနေ့ကြာသပတေးနေ့မှာ Kyiv မြို့တော်ကို လှည့်ပတ်လေ့လာခဲ့သလို ယူကရိန်းစစ်တပ်တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး၊ စစ်လက်နက်ပစ္စည်းတွေကို ကြည့်ရှုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းရေးမှာ နိုင်ငံတကာက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Mohammad Shahabuddin က အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပြောဆိုသွားပါဝယ်။
မန္တလေး အိုးဘိုအကျဉ်းထောင်ကို ဩဂုတ်လ ၁၅ရက်နဲ့ ၁၆ရက်က ပြောင်းရွှေ့ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၁ ယောက်ကို ထောင်ဘူးဝ ဝင်ပေါက်မှာပဲ စစ်ကောင်စီခန့် အာဏာပိုင်တွေက စစ်ဖိနပ်တွေနဲ့ ကန်ကျောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ကိုသိုက်ထွန်းဦးက ဗွီအိုအေကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်ရေး မျှော်လင့်ချက်တွေဟာ စနစ်တကျဖိခံနေရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားလိုက်ပါတယ်။
အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံပိုင် ဘဏ်တွေနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေ မလုပ်ဖို့ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
Myanmar Now သတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီ တရားရုံးက ဒီကနေ့ စက်တင်ဘာ ၆ ရက်နေ့မှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာ့အရေး ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် စစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။
မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ ၂၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အင်္ဂါနေ့က ထုတ်ပြန်လိုက်တာကို South China Morning Post မှာဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံက ကာကွယ်ရေး ပစ္စည်းထုတ် ကုမ္ပဏီနှစ်ခုဟာ မြန်မာစစ်တပ်အတွက် ခေတ်မှီ အဆင့်မြင့် နည်းပညာတွေ ရောင်းချခဲ့တဲ့အကြောင်း အစ္စရေးနိုင်ငံထုတ် Haaretz သတင်းစာမှာ မနေ့က ရေးသားထားတာကို တူရကီနိုင်ငံထုတ် Anadolu Ajansı သတင်းက ပြန်လည်ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ့်အကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဆောင်ဖို့ အမေရိကန် ဒုသမ္မတ Kamala Harris က တိုက်တွန်းပြောဆိုသွားပါတယ်။
ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Taylor Swift တေလာဆွိဖ်ဟာ ဒေါ်လာသန်းထောင်ချီရခဲ့တဲ့ ဖျော်ဖြေရေး ခရီးစဉ်နဲ့ စံချိန်သစ်တွေ တင်ခဲ့ပြီးနောက်မှာတော့ ဒီတနွေလုံး ကမ္ဘာ့ဂီတမြင်ကွင်းမှာ နေရာယူခဲ့တဲ့ သူ့ဖျော်ဖြေရေး ခရီးစဉ် မှတ်တမ်းရုပ်ရှင်ကို ရုံတင်ပြီး မြင်ကွင်းကျယ် ငွေရောင်ပိတ်ကားမှာ ပြသမှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်