နယူးယောက်မြို့ကုလသမဂ္ဂရုံးချုပ်မှာ ရှေ့သီတင်းပတ်စတင်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ယူကရိန်းကို ရုရှားကျုးကျော် တိုက်ခိုက်တဲ့ အကြောင်းအရာက ကမ္ဘာ့ခေါင်းဆောင်တွေအကြား ဒုတိယမြောက် နှစ်အဖြစ် ထိပ်တန်းဦးစားပေး ဆက်လက် ဆွေးနွေးမယ့် အကြောင်းအရာတခု ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ညက အနောက်အာဖရိကတိုက် လစ်ဗျားနိုင်ငံ Derna မြို့မှာ အင်အားပြင်းမုန်တိုင်းတိုက်ခတ်ပြီး၊ ရေကာတာတွေကျိုးပေါက်ပြီး ရေလွှမ်းမိုးခဲ့တာကြောင့် သေဆုံး၊ ပျောက်ဆုံးနေသူ ထောင်နဲ့ချီကို ကယ်ဆယ်ရေးသမားတွေ ဆက်ပြီးရှာဖွေနေကြပါတယ်။
မြန်မာနဲ့ ရုရှားနိုင်ငံ စိန်ခေါ်မှုတွေ တူညီနေတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ အောင်မြင်နေတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။
မြန်မာစစ်ကောင်စီရဲ့ အဓိကဝင်ငွေရရှိနေတဲ့ မြန်မာရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် မြန်မာစစ်ကောင်စီတာဝန်ရှိသူ တွေကို ပိုပြီးတင်းကျပ်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာလ ၁၂ ရက် အင်္ဂါညကကျင်းပခဲ့တဲ့ MTV ဂီတဗွီဒီယိုဆုပေးပွဲ VMA ဆုပေးပွဲမှာ ပေါ့ပ်အဆိုတော် တေလာဆွိဖ်က ဆုတွေအများကြီး ရရှိခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလထဲမှာ ပိတ်ထားခဲ့ရတဲ့ ပြတိုက်ကနေခိုးခံခဲ့ရတဲ့ ကမ္ဘာကျော် ပန်းချီကားတကား ၃ နှစ်အကြာမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။
ရုရှားနိုင်ငံကိုရောက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) ဟာ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) နဲ့ တွေ့ဆုံဖို့ရှိပြီး အဲဒီ တွေ့ဆုံမှုအတွင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu လည်း ပါဝင်မယ်လို့ Interfex သတင်းမှာ ဖော်ပြထားပါတယ်။
ယူကရိန်းကို အနောက်နိုင်ငံတွေက F-16 တိုက်လေယာဉ်တွေ ပေးပို့တာဟာ ပဋိပက္ခကို ပိုမိုရှည်ကြာစေလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့လည်း ရုရှားက ကျင်းပတဲ့ နှစ်ပတ်လည် အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ပြောလိုက်တာပါ။
မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံလေတပ်ဦးစီးချုပ်တွေရဲ့ စည်းဝေးပွဲကို မြန်မာနိုင်ငံမှာ မပြုလုပ်ဘဲ တခြားတနေရာ ရွေ့လုပ်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှဒေသရေးရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ထောင်နဲ့ချီရှိနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ အဖွဲ့ချုပ် (IFRC) မှ တာဝန်ရှိသူ တဦးက သတင်းထောက်တွေကို အင်္ဂါနေ့က ပြောပါတယ်။
မော်ရိုကို နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က လူပေါင်း ၂၁၀၀ ကျော်သေဆုံးခဲ့တဲ့ အင်အာပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း အသက်ရှင် ကျန်နေသူတွေကို ကယ်ဆယ်နိုင်ဖို့အတွက် ကယ်ဆယ်ရေးသမားတွေက ဆက်လက် ရှာဖွေနေကြပါတယ်။
အော်စကာဆုရှင် မလေးရှားမင်းသမီး မီရှဲလ်ယိုးကို နိုင်ငံတကာအိုလံပစ်ကော်မတီ IOC မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ကမ်းလှမ်းခံရပါတယ်။ မီရှဲလ်ယိုးဟာ ဒီနှစ်မှာပဲ “Everything Everywhere All at Once” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု အကယ်ဒမီရခဲ့တာပါ။
ကုလသမဂ္ဂက တာဝန်အပ်နှင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ IIMM ရဲ့ လုပ်ငန်းတွေ ဆောင်ရွက် အတွက် စတာလင်ပေါင် ငါးသိန်း ဗြိတိန်နိုင်ငံက ပေးအပ်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလက လူပေါင်း ၃ ထောင်လောက် သေဆုံးခဲ့ရတဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်ခံရမှု ၂၂ နှစ်ပြည့် သမ္မတ Joe Biden က Alaska ပြည်နယ် Anchorage အခြေစိုက် စစ်စခန်းမှာ စစ်မှုထမ်းတွေ၊ အရေးပေါ် ဝန်ထမ်းတွေနဲ့ မိသားစုတွေကို ဒီကနေ့ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။
ထိုင်းနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပေးမယ်လို့ ဝန်ကြီးချုပ်သစ် Srettha Thavisin က ဒီကနေ့ လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ကတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ ဗီယက်နမ်နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ဖို့ သဘောတူညီတာကို နှစ်နိုင်ငံခေါင်းဆောင်တွေ ကြိုဆိုလိုက်ပြီး နည်းပညာတီထွင်မှုတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ခြေ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း သမ္မတ Joe Biden က ဒီနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့မှာ ပြောဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့တွေ့ဖို့ ထွက်ခွာသွားပုံရတယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဒီကနေ့ပဲ ဖော်ပြလိုက်ကြပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပနေတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ - G20 ထိပ်သီးအစည်းအဝေးကနေ အာဖရိကသမဂ္ဂ (AU) ကို အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု လက်ခံလိုက်ပြီဖြစ်ကြောင်း အိမ်ရှင်အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဘရာဇီး တိုက်စစ်မှူး နေမားဟာ ကမ္ဘာကျော်ဘောလုံးသမားကြီး ပီလီရဲ့ စံချိန်ကိုကျော်ပြီး ဘရာဇီးအသင်းအတွက် ဂိုးအများဆုံးသွင်းတဲ့သူ ဖြစ်သွားပါပြီ။
မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုံယမ်းမြိုတော်မှာ သောကြာနေ့ညက စစ်ရေးပြအခမ်းအနားကျင်းပခဲ့ပါတယ်။ Kim Il Song ရင်ပြင်မှာ ကျင်းပတဲ့အခမ်းအနားကို ခေါင်းဆောင် Kim Jong Un နဲ့ သမီးဖြစ်သူတို့ တက်ရောက်တာကို နိုင်ငံပိုင်သတင်းတွေမှာ ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်