အာရှတလွှား အွန်လိုင်းက လိမ်လည်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံမှာ ပိုမိုအခြေစိုက်လာနေကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက နာမည်ကျော် ဖျော်ဖြေရေးကုမ္ပဏီဖြစ်တဲ့ YG Entertainment ရဲ့ အစုရှယ်ယာဈေးတွေ ကျနေပါတယ်။ သူတို့ ကုမ္ပဏီက ထွက်တဲ့ Blackpink အဖွဲ့ထဲက တယောက်က သူ့ရဲ့ စာချုပ်ကို သက်တမ်းထပ်မတိုးတော့ဘူးလို့ သတင်းတွေထွက်ပြီးတဲ့နောက် စက်တင်ဘာ ၂၁ ရက်နေ့က အဆိုးဆုံး ဈေးကျပြီး ဈေးကွက်ပိတ်ချိန်မှာ ၁၃ % ထိုးကျဆင်းခဲ့တာပါ။
မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးရွားလာနေတာနဲ့ အရေးယူခြင်း မရှိတာတွေကြောင့် ဒီကိစ္စကို ICC - နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကိုင်တွယ် ဖြေရှင်းနိုင်ရေး လုံခြုံရေးကောင်စီက အဆိုပြုပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီးက ထပ်မံတောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ လူ့အခွင့်အရေး ရှေ့နေတဦးကို ဘုရင်အပေါ် စော်ကားမှုနဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာတွေကို စစ်တပ်က ရှင်းလင်းသုတ်သင်ရာမှာ Facebook ရဲ့ တာဝန်မကင်းခဲ့တာကြောင့် မိခင်ကုမ္ပဏီဖြစ်တဲ့ META က နစ်နာကြေး အမြန်ဆုံးပေးဖို့ နိုင်ငံတကာ လူ့အခွင့်ရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ကတောင်းဆိုလိုက်ပါတယ်။
အမေရိကန် အာကာသ အေဂျင်စီ NASA က ရယူခဲ့တဲ့ အာကာသထဲက ဥက္ကာခဲ၊ ဂြိုလ်သိမ် ဂြိုလ်မွှား နမူနာပါလာတဲ့ ယာဉ်ငယ်ဟာ ပင်မအာကာသယာဉ်ကနေ လေထီးနဲ့ ကမ္ဘာမြေကို ပြန်ဆင်းသက်လာပါတယ်။
ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို တိုးမြှင့်တဲ့အနေနဲ့ တရုတ်နိုင်ငံသား ခရီးသွားတွေကို ပြည်ဝင်ခွင့် မလိုဘဲ ဝင်ရောက်ခွင့်ပေးလိုက်သလို ပထမဆုံး ရောက်လာတဲ့ တရုတ်ခရီးသွားတွေကို ဒီနေ့(စက်တင်ဘာ ၂၅) ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကိုယ်တိုင် ကြိုဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့၊ ဥပဒေမဲ့ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ Quad ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံထဲမှာ အွန်လိုင်းရာဇဝတ်မှုကျုးလွန်တဲ့ အလုပ်တွေ လုပ်ခိုင်းဖို့ ပြန်ပေးဆွဲခံရမှာကို စိုးရိမ်ပြီး တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တွေ ထိုင်းနိုင်ငံကိုသွားဖို့ ဝန်လေးနေတာကို AFP သတင်းမှာ ရေးသားထားပါတယ်။
မက္ကဆီကိုနယ်စပ်ကို ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံမှာ အခြေချဖို့ ကြိုးစား ဝင်ရောက်လာသူ အခုစက်တင်ဘာ ပထမ လဝက်အတွင်းမှာတင် တသိန်းခွဲနီးပါး ရှိနေပြီလို့ အမေရိကန် နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံ Hangzhou မြို့မှာ စက်တင်ဘာ ၂၃ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် အိန္ဒိယနိုင်ငံ၊ Arunachal Pradesh ပြည်နယ်က အားကစားသမား ၃ ယောက်ကို တရုတ်အစိုးရက ပြည်ဝင်ခွင့် ဗီဇာမပေးတဲ့အတွက် ဖွင့်ပွဲအခမ်းအနားကိုတက်မယ့် အိန္ဒိယအားကစားဝန်ကြီးကလည်း သူ့ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။
ဆစ်ခ်နွယ်ဘွား ကနေဒါနိုင်ငံသား ခွဲထွက်ရေးခေါင်းဆောင်တဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကနေဒါနဲ့ အိန္ဒိယနိုင်ငံကြား ဆက်ဆံရေးတင်းမာနေချိန်မှာပဲ အိန္ဒိယအစိုးရက ကနေဒါနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာဝန်ဆောင်မှုကို ယာယီပိတ်ပင်လိုက်ပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ဖို့ အကူအညီတွေ လိုအပ်နေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်ကို လာရောက်ပြီး အမေရိကန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
အကျဉ်းသားလဲလှယ်ရေး အစီအစဉ်နဲ့ အီရန်နိုင်ငံက ပြန်လွတ်လာတဲ့ အမေရိကန် နိုင်ငံသား ၅ ဦး ဒီကနေ့ပဲ အမေရိကန်ကို ပြန်ရောက်လာကြပါပြီ။
မြန်မာရေတပ် လက်အောက်ခံဌာနမှာ အသုံးပြုတဲ့ ဆိုနာစနစ် ရောင်းချပေးခဲ့တဲ့ စင်္ကာပူကုမ္ပဏီနဲ့ ဝန်ထမ်း ၂ ဦးကို စင်္ကာပူတရားရုံးက ဒီကနေ့ပဲ ဒဏ်ငွေချမှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီနေ့ ကမ္ဘာ့ခေါင်းဆောင်တွေ စတင်မိန့်ခွန်းပြောမှာဖြစ်ပြီး အမေရိကန် သမ္မတဂျိုးဘိုင်ဒန်နဲ့ ယူကရိန်း သမ္မတဗလော်ဒီမီယာ ဇလန်းစကီးတို့လည်း မိန့်ခွန်းပြောမယ့်အထဲမှာ ပါဝင်ပါတယ်။
အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ အမေရိကန်နိုင်ငံသား ၅ ယောက်ကို အီရန်နိုင်ငံ ပြန်လွှတ်ပေးလိုက်ပြီး တီဟီရန်မြို့တော်က လေကြောင်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။
အခုနှစ် မေလအတွင်းကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရတဲ့ Move Forward (ရှေ့သို့ချီ) ပါတီခေါင်းဆောင် Pita Limjaroenrat ဟာ ပါတီခေါင်းဆောင်နေရာကနေ ဒီကနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ပေးနေတဲ့ အကူအညီတွေကို UK အစိုးရက ဖြတ်တောက်လိုက်တဲ့အတွက် အကူအညီတွေ ပြန်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာဌာနတို့ကို မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် မော်တော်ကားလုပ်ငန်းကြီး ၃ ခုက အလုပ်သမား ၁၃,၀၀၀ လောက်ဟာ ဒီကနေ့ သောကြာနေ့ကူးချိန်ကစပြီး သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်