ဖိလစ်ပိုင်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့နေရာတွေအပါအဝင် မနီလာမြို့တော်လေဆိပ်ကထွက်ခွာမယ့် လေယာဉ်တွေကနေ အချိန်မရွေး ဗုံးပေါက်ကွဲနိုင်တယ်လို့ အမည်မဖော်လိုတဲ့ သတိပေးချက်တခုကြောင့် ခရီးသည်တင် လေယာဉ်တွေ ထွက်ခွာတဲ့ လေဆိပ်အားလုံးမှာ လုံခြုံရေးတွေ တိုးမြင့်ချထား ပါတယ်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက မြို့လေးမှာ နေ့ကလေးထိန်းကျောင်း ပစ်ခတ် တိုက်ခံရပြီး ကလေးငယ် ၂၄ ယောက်အပါအဝင် လူ ၃၆ ယောက် သေဆုံးခဲ့တဲ့ တနှစ်ပြည့် အောက်မေ့ဘွယ်အခမ်းအနားကို ဒီနေ့ ကျင်းပပါတယ်။
အီရန်နိုင်ငံမှာ ထောင်ဒဏ် ၁၂ နှစ် အကျဉ်းချခံနေရတဲ့ ထင်ရှားတဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ Narges Mohammadi ကို ၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် နော်ဝေနိုင်ငံ နိုဘယ်ကော်မတီက ရွေးချယ်လိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အင်္ဂါနေ့က ပစ်ခတ်မှုအတွင်း တရုတ်ခရီးသွားတဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ တရုတ်သံအမတ်ကြီး ကို တောင်းပန်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin (ဆက်သာ သာဗီစင်)က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်ကို အင်ဒိုနီးရှားက လက်ရှိမှာ လက်နက်ရောင်းချ ပေးပို့ခြင်းမရှိဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးဌာနက ဗွီအိုအေကို ဒီကနေ့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆုကို သိပ္ပံပညာရှင် Moungi Bawendi (မွန်ဂီ ဘာ၀န်ဒီ) ၊ Louis Brus (လူး၀စ် ဘရူစ်) နဲ့ Alexei Ekimov (အဲလက်စီ အက်ကီမော့) တို့ ၃ ဦးက ပူးတွဲ ရရှိသွားကြောင်း နိုဘဲလ်ဆုရွေးချယ်ရေးကော်မတီ - တော်ဝင်ဆွီဒင် သိပ္ပံအကယ်ဒမီက ဒီကနေ့ (အောက်တိုဘာ ၄) ကြေညာပါတယ်။
တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ အာရှအားကစားပွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ကို အမျိုးသားပိုက်ကျော်ခြင်း အသင်းက ရရှိသွားပါတယ်။ အင်ဒိုနီးရှားနဲ့ ၃ ပွဲကစား ရမယ့်ပွဲစဉ်မှာ ၂၁ မှတ်၊ ၁၃ မှတ်၊ ၂၄ မှတ်၊ ၂၂ မှတ်၊ ၂ ပွဲပြတ်နဲ့ မြန်မာအသင်းက အနိုင်ရလိုက်တာပါ။
တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ အာရှအားကစားပွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ကို အမျိုးသားပိုက်ကျော်ခြင်း အသင်းက ရရှိသွားပါတယ်။ အမျိုးသမီး ပိုက်ကျော်ခြင်းပွဲစဉ်တွေမှာတော့ ဗီယက်နမ်က အင်ဒိုနီးရှားကို အနိုင်ရပြီး ရွှေတံဆိပ် ရရှိသွားပါတယ်။
ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ကနေ နိုဘဲလ်ဆုတွေကို ဆက်လက် ကြေညာနေတာမှာ ၂၀၂၂ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို ပြင်သစ်နိုင်ငံက Alain Aspect ၊ အမေရိကန်နိုင်ငံက John Clauser နဲ့ ဩစတီးယားနိုင်ငံက Anton Zeilinger တို့ ၃ ဦးက ပူးတွဲ ရရှိသွားကြောင်း ဒီကနေ့ (အောက်တိုဘာ ၃) ကြေညာလိုက်ပါတယ်။
ဥရောပသမဂ္ဂ (EU) နဲ့ အာဆီယံနိုင်ငံတွေကြား ဒီကနေ့ ကျင်းပတဲ့ လူ့အခွင့်အရေးဆွေးနွေးပွဲမှာ စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားထားတဲ့အတွက် ကန့်ကွက်မှုတွေ ထွက်ပေါ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၈ နှစ်မှာ ဆုံးပါးသွားသူတဦး အခုနောက်ဆုံးတော့ အပြီးတိုင်အနားယူနိုင်ပါတော့မယ်။ ထောင်ထဲမှာ ရောဂါနဲ့ ဆုံးပါးသွားတဲ့ ဘယ်သူဘယ်ဝါမှန်းမသိ Stoneman Willie လို့ နာမည်တွင်တဲ့ ရုပ်အလောင်း ဆေးစိမ်တဲ့နေရာမှာ အမှားအယွင်းဖြစ်ပြီး မံမီမပုပ်သိုးဆေးစိမ်ရုပ်အလောင်း ဖြစ်သွားခဲ့ပါတယ်။
EU ဥရောပသမဂ္ဂအနေနဲ့ လာမယ့် ၂၀၂၄ ခုနှစ်မှာ ယူကရိန်းအတွက် အသုံးစရိတ် ၅ ဘီလံယံကျော်သုံးစွဲဖို့ အဆိုပြုထားတယ်လို့ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell က တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံရေးလောကမှာ လူသိများပြီး လေးစားခံရတဲ့ Democratic ပါတီအထက်လွှတ်တော်အမတ် Dianne Feinstein အသက် ၉၀ မှာ ကွယ်လွန်သွားပါတယ်။
ရှေ့နှစ်ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းဝင်ပြိုင်ဖို့ ကြိုးစားနေတဲ့ Republican ပါတီဘက်က ထိပ်ဆုံးကပြေးနေသူ သမ္မတဟောင်း Trump ဟာ သူ့ကိုယ်ကျိုးသက်သက် အာဏာမက်မောသူဖြစ်ပြီး Trump နဲ့ အပေါင်းအပါတွေက ဒီမိုကရေစီစံတန်ဖိုးတွေကို ခြိမ်းခြောက်နေတယ် လို့ သမ္မတ Joe Biden က ပြောဆိုပါတယ်။
တရုတ်နိုင်ငံ Hangzhou မြို့မှာကျင်းပနေတဲ့ ၁၉ ကြိမ်မြောက်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပွဲတွေမှာတော့ မြန်မာအသင်းဟာ ဂျပန်အသင်းကို ၇ ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
ကလေးငယ်နဲ့ ဒေသခံပြည်သူအများအပြားသေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာတိုက်ခိုက်မှု၊ ကချင်ပြည်နယ် အနန့်ပါကျေးရွာတိုက်ခိုက်မှုအပါအဝင် အရပ်သားတွေပါ သေဆုံးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီက ပယ်ချတုံ့ပြန်ပါတယ်။
ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Unaisi Lutu Vuniwaqa ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ဒီကနေ့(စက်တင်ဘာ ၂၇) သွားရောက်ခဲ့ပါတယ်။
မြောက်ကိုရီးယားကို လွန်ခဲ့တဲ့ ၂ လက ဥပဒေမဲ့ ဝင်ရောက်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ အမေရိကန်စစ်သား Travis King မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံဘက်ကို မောင်းထုတ်ခံလိုက်ရပြီးတဲ့နောက် အခု အမေရိကန်အာဏာပိုင်တွေလက်ထဲကို ရောက်နေပြီလို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေကို တားဆီးနိုင်ဖို့ အတွက် တရုတ်-မြန်မာနယ်စပ်အနီးမှာ ကန့်သတ်နယ်မြေတခုထားဖို့ ဒေသခံအာဏာပိုင်တွေ ပြင်ဆင်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်