အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒေသတွင်းနိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ဒီနေ့ပဲ အစ္စရေးကို နောက်တခေါက် ပြန်ရောက်ပါတယ်။
ဂါဇာကမ်းမြှောင်နဲ့ အီဂျစ်နိုင်ငံကြား နယ်စပ်ဖြတ်ခွင့် ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပေမယ့် အချိန်အတိအကျ မသိရသေးကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။
အာဖဂနစ္စတန်နိုင်ငံ အနောက်ပိုင်းမှာ ဒီကနေ့ အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ငလျင်ဒဏ်ကနေ ပြန်လည် နာလန်ထူဖို့ ကြိုးပမ်းနေရတဲ့ Herat ပြည်နယ်မှာ ဓာတ်အားတွေ ခေတ္တပြတ်တောက် သွားပါတယ်။
စစ်ပွဲတွေအကြောင်းရေးသားနေတဲ့ သတင်းသမားတွေ၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးနေတဲ့ သတင်း ထောက်တွေအတွက် ပြင်သစ်နိုင်ငံက နှစ်စဥ်ရွေးချယ်ချီးမြှင့်နေတဲ့ Bayeux (ဘိုင်ယူ) စစ်သတင်း ထောက်များဆုရရှိသူတွေထဲမှာ မြန်မာ PDF တွေအကြောင်းရိုက်ထားတဲ့ ဓါတ်ပုံသတင်း ထောက်ပါ၀င်ခဲ့ပါတယ်။
ဂါဇာဒေသကို အစ္စရေးလ် တပ်ဖွဲ့တွေက မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဘေးလွတ်ရာ တိမ်းရှောင်မယ့် ဒေသခံအရပ်သားတွေကို ဟာမတ်စ် အဖွဲ့က တားဆီးနေတယ်လို့ အစ္စရေးလ်ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရက ပြောလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသကိုသွားရောက် ကြိုးပမ်းနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီနေ့မှာတော့ ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas, ဂျော်ဒန်ဘုရင် Abdullah တို့နဲ့ ဂျော်ဒန်နိုင်ငံ Amman မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်မှာ စီးပွားရေးကျဆင်းလို့ ကျောင်းကြွေးပိနေတဲ့ ကျောင်းသားတွေကို လစာနဲ့ အာမခံ မက်လုံးပေးပြီး အမေရိကန်နဲ့ ယူကရိန်းက အလုပ်ခေါ်နေတယ်ဆိုတဲ့ လူမှုကွန်ရက်ကြော်ငြာက အစစ်မဟုတ်ပါဘူး။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ဟာမက်စ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုခံထားရတဲ့ အစ္စရေးတို့နဲ့ စည်းလုံးမှုရှိတယ်ဆိုတာပြသတဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အစ္စရေးနိုင်ငံ Tel Aviv မြို့ကိုသွားရောက်ပြီး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဒီနေ့ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အမေရိကန်အစိုးရက ကတိပေးထားတဲ့အတိုင်း အစ္စရေးကို ကူညီပေးတဲ့ အဆင့်အမြင့်ဆုံး နောက်ဆုံးပေါ်လက်နက်တွေ ဒီကနေ့ အစ္စရေးကို ရောက်လာပြီလို့ အစ္စရေးကာကွယ်ရေးဌာနက ဒီကနေ့ ပြောပါတယ်။ အမျိုးအမည် အတိအကျမသိရတဲ့ အဲဒီ လက်နက်ကို လေယာဉ်ပေါ်ကနေ ချနေတဲ့ရုပ်ပုံကိုလည်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ရှေ့သီတင်းပတ်ထဲ ထိုင်းနိုင်ငံကို သွားရောက်ပြီး ရိုဟင်ဂျာအရေး ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ (၈)ရက်နေ့က အစ္စရေးကို ဟာမတ်စ်အဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်ပဋိပက္ခအရှိန်မြင့်လာတဲ့အပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မနေ့က (အောက်တိုဘာ ၁၀) အိမ်ဖြူတော် မိန့်ခွန်းပြောကြားခဲ့ပြီး အစ္စရေးနဲ့အတူ ရပ်တည်ကြောင်းပြသခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော်မှာ ဥက္ကဋ္ဌ Kevin McCarthy ကို မဲခွဲဖယ်ရှားခဲ့ပြီးနောက် သူ့နေရာမှာ အစားထိုးမယ့်သူကိုရွေးချယ်ဖို့ ဒီနေ့ ရီပတ်ဘလစ်ကန်အမတ်တွေ တံခါးပိတ်စတင် ဆွေးနွေးကြပါလိမ့်မယ်။
အစ္စရေးမှာ လူပေါင်း ၁၂၀၀ ထက်မနည်း သေဆုံးခဲ့တဲ့ ဟာမက်စ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်နေတဲ့ အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသက လမ်းတွေ၊ အဆောက်အဦးတွေကို ဒီကနေ့လည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
ဂီတသံတွေပျံ့လွင့်နေတဲ့ လူငယ်တွေရဲ့ စနေမနက်ခင်းဟာ သေနတ်သံတွေကြား သွေးစက်တွေ၊ အနိဌာရုံတွေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ လူငယ်ဂီတပွဲတော်ကို ဟာမတ်စ်စစ်သွေးကြွတွေ ဝင်ရောက်စီးနီးတိုက်ခိုက်လို့ အများအပြားသေဆုံး၊ အများအပြားဖမ်းဆီးခံခဲ့ရပါတယ်။
အရှေ့အလယ်ပိုင်း၊ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးတွေကို ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးဆုံးဖြစ်တဲ့ အခုတိုက်ခိုက်မှုပြုလုပ်ဖို့ အထူးတပ်ဖွဲ့တပ်ဖွဲ့တွေအပါအဝင် ဟာမတ်စ်တိုက်ခိုက်ရေးသမား ၁,၀၀၀ လောက် ဖြန့်ကျက်ချထားတာပါ။
ရုရှားနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီမှာ ပြန်ပါဝင်ခွင့်ပြုရေး မပြုရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ကြဖို့ရှိပါတယ်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်က လူ့အခွင့်အရေးကောင်စီကနေ ရုရှားကို ထုတ်ပယ်ထားခဲ့တာပါ။
ကမ္ဘာ့စီးပွားရေး တိုးတက်မှု အရှိန်အဟုန်တွေဟာ အတိုးနှုန်းမြင့်မားမှု၊ ယူကရိန်းအပေါ် ရုရှားကျုးကျော်မှု၊ ပထဝီဝင်နိုင်ငံရေး ပြဿနာတွေအပြင် အခုနောက်ဆုံး အစ္စရေးနဲ့ ဟာမက်စ်စစ်သွေးကြွတွေကြားက စစ်ပွဲကြောင့် မရေရာမှုအသစ်တွေ ကြုံနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်းတို့ရဲ့ ရုတ်တရက်တိုက်ခိုက်မှုကနေ အစပြုပြီး ဖြစ်ပွားနေတဲ့စစ်ပွဲ ပိုကျယ်ပြန့်လာမှာကို တားဆီးနိုင်အောင်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အမေရိကန် စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေကို အဲဒီဒေသကို လွှတ်ထားပါတယ်။
ဟားမတ်စ် စစ်သွေးကြွအဖွဲ့ရဲ့ ရုတ်တရက် တိုက်ခိုက်လာမှုကို လက်တုံ့ပြန်ဖို့အတွက် အစ္စရေးလ်က အရန်တပ်တွေ ဆင့်ခေါ်နေတဲ့ တချိန်တည်းမှာပဲ ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းကနေ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဒီနေ့ပဲပြောပါတယ်။
အစ္စရေးထောက်ခံသူတွေနဲ့ ပါလက်စတိုင်းထောက်ခံသူတွေ မနေ့တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မြို့လယ် Times Square ရင်ပြင်မှာ အပြိုင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ လတ်တလောဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် နှစ်ဘက် လူရာနဲ့ချီသေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်