တောင်တရုတ်ပင်လယ်ပြင်က ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ နယ်မြေမှာ ဖိလစ်ပိုင်ထောက်ပို့သင်္ဘောတစင်းကို တရုတ်ရေတပ်သင်္ဘောတွေ တားဆီးဖို့ ကြိုးပမ်းရာက သင်္ဘောတိုက်မှု ဖြစ်ပွားခဲ့တဲ့အပေါ် အပြန်အလှန် စွပ်စွဲပြစ်တင်နေကြပါတယ်။
မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၁၂၀ ကို ထိုင်းနိုင်ငံ ပြန်လည်လွှဲပြောင်းပေးဖို့ ၂ နိုင်ငံ တာဝန်ရှိသူတွေ စီစဉ်နေကြောင်း ထိုင်းသတင်းတွေက ဖော်ပြလိုက်ပါတယ်။
ဂါဇာဒေသကို အစ္စရေးတို့ပိတ်ဆို့ထားတာရပ်ဖို့နဲ့ အပစ်အခတ်ရပ်စဲဖို့ ပါလက်စတိုင်းကိုထောက်ခံသူ ရာနဲ့ချီ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က အစ္စရေးသံရုံးရှေ့မှာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ Hamas စစ်သွေးကြွတွေ ဓါးစားခံအဖြစ် ဖမ်းဆီးထားသူတွေထဲက ပထမ ဆုံးပြန်လာသူသမီးဖြစ်နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခွင့်ရခဲ့တာမှာ ကျန်းကျန်းမာမာ ရှိပုံရတယ်လို့ ပြန်လွတ်လာသူဆယ်ကျော်သက်ရဲ့ ဖခင်က ပြောပါတယ်။
အရှေ့အလယ်ပိုင်း၊ ဂါဇာဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်း Hamas စစ်သွေးကြွအဖွဲ့တို့ကြား စစ်ဖြစ်နေတာမို့ ပဋိပက္ခကျယ်ပြန့် မလာစေရေးအတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ထိပ်သီးစည်းဝေးပွဲ ဒီနေ့ကျင်းပပါတယ်
အစားအသောက်၊ ဆေးဝါးနဲ့ သောက်သုံးရေတွေပါတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တင်ဆောင်ထားတဲ့ ကုန်တင်ကားတွေ အီဂျစ်နိုင်ငံဘက်ကနေ Rafah နယ်စပ်ဂိတ်ကိုဖြတ်ပြီး ဂါဇာကမ်းမြောင်ဒေသထဲကို ဒီနေ့ဝင်ရောက်ပို့ဆောင်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter (အန်ဖ်ရီန် အန်တာ) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်အကဲခတ်ခဲ့ပြီး တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။
တရုတ်သမ္မတရှီကျင့်ပင်နဲ့ ရုရှားသမ္မတဗလာဒီမီယာပူတင်တို့ ဒီကနေ့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ တွေ့ဆုံကြစဉ် ၂ နိုင်ငံ ခိုင်မြဲတဲ့ ဆက်ဆံရေးကို အမွှန်းတင်ပြောကြားခဲ့ကြပါတယ်။
ဂါဇာဒေသက ဆေးရုံမှာ ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ခဲ့ပြီးနောက် တင်းမာမှုတွေ ကြီးထွားနေချိန်မှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အစ္စရေးနိုင်ငံကို ဒီကနေ့ (အောက်တိုဘာ ၁၈) ရောက်သွားပါတယ်။
မြန်မာစစ်တပ်ပိုင်ဆိုင်တာ၊ ဒါမှမဟုတ် သူတို့နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကို သပိတ်မှောက်ကြဖို့ ထုတ်ပြန်ထားတဲ့စာရင်းမှာ နောက်ထပ် ကုမ္ပဏီပေါင်း ၃၀ ရဲ့ အမည်တွေကို ထပ်ပြီး ထည့်သွင်းလိုက်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK က အောက်တိုဘာ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အွန်လိုင်းရာဇဝတ်မှုတွေနဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံက အလိုရှိနေတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) ထိပ်တန်း တာဝန်ရှိသူ ၂ ဦးကို တာဝန်ကရပ်ဆိုင်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ပေါင်ငွေ ၄ သန်းခွဲ (အမေရိကန်ဒေါ်လာ ၅ သန်းခွဲ) နောက်ထပ် ထောက်ပံ့မယ့်အကြောင်း ဗြိတိန်အစိုးရက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
ဂါဇာဒေသမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်းသားတွေအတွက် စာနာမှု အကူအညီတွေ ပေးနိုင်ဖို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဆွေးနွေးရာမှာ တိုးတက်မှုရမယ့် အလားအလာတွေ့ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရုဆဲလ်မြို့မှာ တနင်္လာနေ့က ကျင်းပတဲ့ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်နှစ်နိုင်ငံ ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ပွဲကြည့်ပရိတ်သတ်ထဲက ဆွီဒင်နိုင်ငံသား ၂ ဦးသေဆုံးသွားတာကြောင့် ပွဲတဝက်နဲ့ ရပ်နားလိုက်ရပါတယ်။
ဂါဇာကမ်းမြောင်ကို အစ္စရေးတပ်ဖွဲ့တွေ မြေပြင်က ထိုးစစ်ဆင်တိုက်ခိုက်မှု မစတင်ခင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးနိုင်ငံကို မနက်ဖြန် အောက်တိုဘာ ၁၈ ရက်နေ့ သွားရောက်မှာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး အရပ်သားတွေ သေဆုံးခဲ့တဲ့ မုန်လိုင်ခက် စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို အောက်တိုဘာလ ၉ ရက်နေ့က မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်တဲ့အကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ပြောဆိုပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဥထိုင်းမြို့နယ်ထဲက အလုပ်သမား ၁၀၀၀ကျော် အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အလုပ်အကိုင်ဦးစီးဌာနက သွားရောက်စစ်ဆေးရာမှာ မြန်မာ ၆၉ ဦး အပါအဝင် အထောက်အထားမဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားသုံးရာကျော် ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲက လွှမ်းမိုးနေပေမဲ့ တရုတ်နိုင်ငံကတော့ သူ့ရဲ့ ခါးပတ်လမ်း စီမံကိန်း (BRI) ၁၀ နှစ်ပြည့် အခမ်းအနားကို စီစဉ်ထားတဲ့အတိုင်း စတင်နေပါပြီ။
အစ္စရေးက ဗုံးကြဲတိုက်ခိုက်ထားတဲ့ ဂါဇာကမ်းမြောင် Jabalia မြို့မှာ အောက်တိုဘာ ၁၄ ရက်နေ့က ဆေးဘက်အကူနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ကူညီကယ်ဆယ်နေတုန်းမှာပဲ နောက်တကြိမ်လေယာဉ်ဗုံးကြဲတာနဲ့ ကြုံခဲ့ရလို့ ထွက်ပြေးခဲ့ကြရပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေးကိစ္စတွေမှာ ကြားဝင် ဆောင်ရွက်ခဲ့ဖူးတဲ့ ဖင်လန်နိုင်ငံ သမ္မတဟောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari (မာတီ အာတစ်ဆာရီ) ဒီနေ့ ကွယ်လွန်သွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်