ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို မဟုတ်မမှန်သတင်းတွေကို ရေးသားဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အခြေအနေတွေဟာ နာရီပိုင်းနဲ့အမျှ ဆိုးရွားနေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းက Maine ပြည်နယ် Lewiston မြို့မှာ လူ ၁၈ ယောက်သေဆုံးအောင်ပစ်ခတ်ခဲ့တယ်လို့ သံသယရှိရသူ Robert Card ကို သေဆုံးလျှက် တွေ့ရှိခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက တရုတ်-မြန်မာနယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေအပေါ် တရုတ်နိုင်ငံအနေနဲ့ အထူးစိုးရိမ်ကြောင်းနဲ့ အမြန်ဆုံးအပစ်ခတ်ရပ်စဲဖို့ တောင်းဆိုပါတယ်။
ဂါဇာဒေသမှာ အစ္စရေးစစ်တပ်ကမြေပြင်နဲ့ ဝေဟင်ထိုးစစ်တွေကို သောကြာနေ့ညက ပိုပြီးအရှိန်မြှင့် တိုက်ခိုက်ခဲ့ပါတယ်။
အီရန်နိုင်ငံမှာ ဘာသာရေးရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး သတိမေ့မျောနေခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် သေဆုံးသွားပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်၊ ပြည်သူ့ ကာကွယ်ရေး PDF တပ်စတဲ့ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေကြား ဒီနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာလဲ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီးဟာ လက်ရှိ ထိုင်းဝန်ကြီးချုပ်ပါတီရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။ သက်ဆင်ရဲ့ အငယ်ဆုံးသမီးဖြစ်သူ အသက် ၃၇ နှစ်အရွယ် Paetongtarn Shinawatra ကို Pheu Thai ပါတီ အမှုဆောင်အရာရှိတွေနဲ့ ပါတီဝင်တွေက ပါတီခေါင်းဆောင်အဖြစ် မဲပေး ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံထဲက အီရန်အထူးတပ်တွေရဲ့ စစ်စခန်း ၂ ခုကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဆီရီးယားနိုင်ငံအရှေ့ပိုင်းက အီရန်တော်လှန်ရေးတန်ပြန်အစောင့်တပ်တွေရဲ့ လက်နက်ခဲယမ်းသိုလှောင်တဲ့ နေရာ ၂ ခုကို အမေရိကန်က တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ကြေညာချက်ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့မှာ ဖြစ်ပွားနေတဲ့ ရှမ်းမြောက်ပိုင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ AFP သတင်းဌာနကတဆင့် ရရှိထားတဲ့ The Kokang ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာက ဗွီဒီယိုတွေကိုစုစည်းတင်ပြလိုက်ပါတယ်။ ဒီဗွီဒီယိုပါအကြောင်းအရာတွေနဲ့ပတ်သက်လို့တော့ ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
မြန်မာစစ်တပ် ဖိနှိပ်ရေးယန္တရားအတွက် အသုံးပြုနိုင်မယ့် စစ်သုံး ဆက်သွယ်ရေးပစ္စည်းတွေကို ဂျာမနီနိုင်ငံက ကုမ္ပဏီတခုဆီကမှာယူရာမှာ ဗီယက်နမ် ကုမ္ပဏီတခုက ကြားခံ ဆောင်ရွက်ပေးခဲ့တဲ့အကြောင်း မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Justic for Myanmar အဖွဲ့က VOA ကို ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ Lewiston မြို့က ဘိုးလင်းကစားတဲ့ အရက်ဘားဆိုင်တခုမှာ မနေ့တုန်းက လူအယောက် ၂၀ လောက် သေဆုံးစေတဲ့ သေနတ်ပစ်ခတ်မှု ကျူးလွန်သူကို ရာနဲ့ချီတဲ့ ရဲတွေ ရှာဖွေနေပါတယ်။
ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယာယီခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို နေရပ်ရင်းကို ပြန်ပို့ဖို့ လိုအပ်တယ်လို့လည်း ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။
ဂါဇာဒေသမြောက်ပိုင်းကို ကြာသပတေးနေ့ညက အစ္စရေး စစ်တပ်ဝင်ရောက်ပြီး ဟာမတ်စ်စစ်သွေးကြွပစ်မှတ်တော်တော်များများကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောကြားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆိုင်ကလုန်း ဟာမွန်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ၂ သိန်း ၇ သောင်းခွဲ နီးပါးဟာ ဒီနေ့ပဲ လုံခြုံတဲ့နေရာတွေကို ထွက်ပြေးခဲ့ရပြီး၊ အနည်းဆုံး လူ ၂ ဦးသေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂါဇာမြောက်ပိုင်းကနေ လူပေါင်းတသန်းကျော်ကို တောင်ပိုင်းကို အမြန်ဆုံးထွက်ခွာရှောင်ရှားဖို့ အမိန့်ပေးထားချိန်မှာ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ အောက်တိုဘာ ၂၁ ရက်က UNOCHA ထုတ်ပြန်ချက်အရ လူပေါင်း ၁.၄ သန်း၊ လူဦးရေရဲ့ ၆၀% ကျော် အိုးအိမ်မဲ့ ဖြစ်သွားရပြီလို့ ဆိုပါတယ်။
“စစ်ချဲ့လာနိုင်တဲ့အလားအလာရှိတာကို ကျနော်တို့ မျှော်လင့်ထားကြပါတယ်။ အီရန် ကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့တွေက ကျနော်တို့တပ်ဖွဲ့တွေ၊ တပ်သားတွေကို တိုက်ခိုက်လာနိုင်တာမျိုးပါ။ စစ်ရဲ့ဒုတိယ၊ တတိယ မျက်နှာစာဖြစ်ပေါ်လာတာကို ကျနော်တို့ မမြင်ချင်ကြပါဘူး။” (အန်တိုနီဘလင်ကန်-အမေရိကန်နိုင်ငံခြားရေးဝန်ကြီး)
ယူကရိန်း အရှေ့ပိုင်း Kharkiv မြို့က စာတိုက်တခုကို ရုရှားကပစ်တဲ့ မစ်ဇိုင်းဒုံးကျည် ထိမှန်ပေါက်ကွဲ မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ဒီကနေ့ပြောပါတယ်။
အစ္စရေးလ်နဲ့ ဟာမတ်စ်စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲအဖြစ် ကျယ်ပြန့်လာမှာကို စိုးရိမ်နေချိန် မှာပဲ စနေနေ့ညကနေ တနင်္ဂနွေနေ့ အစောပိုင်းအထိ အစ္စရေးလ်တပ်ဖွဲ့တွေက ဂါဇာမြှောင်ဒေသ၊ ဆီးရီးယားအပြင် လက်ဘနွန်နယ်စပ်မှာပါ တိုက်ခိုက်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်