ဟိမဝန္တာတောင်တန်းဒေသက Nepal နိုင်ငံအနောက်ပိုင်းမှာ သောကြာနေ့ည သန်းခေါင် မတိုင်ခင် ငလျင်လှုပ်ခတ်ခဲ့တာမှာ ၁၃၀ ထက်မနည်း သေဆုံးသွားပါတယ်
ရေပိုင်နက်နယ်နိမိတ်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲ တရုတ်ရဲ့ ချဲ့ထွင်မှုတိုးလာချိန်မှာ ဂျပန်နဲ့ ဖိလစ်ပိုင်ကြား ကာကွယ်ရေးဆိုင်ရာသဘောတူညီမှုသစ် ရရှိခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ကြေညာခဲ့ပါ တယ်။
ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအတွက် အင်ဒိုနီးရှားနိုင်ငံက ပထမအသုတ် အကူအညီတွေ ဒီနေ့ စနေနေ့မှာ ပေးပို့ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဓိက အတိုက်အခံ BNP အမျိုးသားရေးပါတီရဲ့ နောက်ထပ် ဝါရင့် ခေါင်းဆောင် ၃ ယောက်ကို အစိုးရက ဖမ်းဆီးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်နီးပါးလောက်က မြန်မာနိုင်ငံကနေလုပ်ငန်းတွေ ရုပ်သိမ်းထွက်ခွါတော့မယ်လို့ ကြေညာခဲ့တဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron က အခုထိ နိုင်ငံတွင်းမှာ လုပ်ငန်းပိုင်ဆိုင်မှုတွေရှိနေသေးတယ်လို့ ပြောပါတယ်။
တလအတွင်း ဒုတိယအကြိမ် အရှေ့အလယ်ပိုင်းဒေသမှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဂါဇာဒေသထဲက အရပ်သားတွေ မထိခိုက်အောင် ကာကွယ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ အောက်တိုဘာ ၂၆ ရက်နေ့ထဲက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန်ထွက်ပြေးရသူ ၂၅၀၀၀ ကျော် တိုးလာတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။
မကြာသေးခင်ကစ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်ခေါ်နိုင်ဖို့ ထိုင်းအစိုးရက ကြိုးပမ်းနေပါတယ်။
မြန်မာစစ်ကောင်စီအတွက် ဝင်ငွေရမယ့် အရင်းအမြစ်တွေကို ပစ်မှတ်ထားတဲ့ အမေရိကန်၊ ယူကေနဲ့ ကနေဒါ နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေဟာ အရေးကြီးတဲ့ ခြေလှမ်းတရပ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ကြိုဆိုလိုက်ပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲတွေ စတင်ချိန်ကတည်းက ဂါဇာဒေသမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေထဲက ပထမအသုတ် ဒီကနေ့ပဲ အီဂျစ်နိုင်ငံကို ထွက်ခွာနေပါပြီ။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာစစ်ကောင်စီကို ပစ်မှတ်ထားတဲ့ အနေနဲ့ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း ဒီနေ့ပဲ ကြေညာလိုက်ကြပါတယ်။
ရှမ်းပြည် မြောက်ပိုင်းမှာ စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၁၅၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေက ပြောပါတယ်။ စက်သုံးဆီ ဆေးဝါးဝယ်ယူမရတော့ဘဲ စားနပ်ရိက္ခာ အရေးပေါ် အကူအညီတွေလည်း လိုအပ်နေတာပါ။
အစ္စရေးနိုင်ငံ တောင်ပိုင်းမှာ အောက်တိုဘာလ ၇ ရက်နေ့က တိုက်ခိုက်မှုကို စီစဉ်ခဲ့တဲ့ ဟာမတ်စ်တပ်မှူးတွေထဲက တဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးက ပြောလိုက်ပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒေသခံအများအပြား နေအိမ်တွေကို စွန့်ခွာရပေမယ့် အသေခံဆက်နေဖို့ ဆုံးဖြတ်ထားသူတွေလည်း ရှိပါတယ်။ တချို့တွေက ဘယ်မှာပဲနေနေ သေနိုင်တာမို့ သူတို့ စွန့်ခွာလာတဲ့ မြို့ဘက်ကို ပြန်လာနေကြပါတယ်။
အစ္စရေးနိုင်ငံအတွက် သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာတာနိုင်ငံက တရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ အိန္ဒိယရေတပ်အရာရှိဟောင်းရှစ်ဦးကို ပြန်လွှတ်ပေးရေး အလုံးစုံကြိုးပမ်းသွားမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့ (အောက်တိုဘာ ၃၀) မှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ မြန်မာ၊ ရုရှား အပါအ၀င် နိုင်ငံပေါင်း (၉၀) က စစ်ဘက်ဆိုင်ရာ ထိပ်တန်းကိုယ်စားလှယ်တွေတက်ရောက်တဲ့ Xiangshan (ရှန်စန်း) နိုင်ငံတကာ ကာကွယ်ရေးညီလာခံကိုဒီကနေ့ (အောက်တိုဘာ ၃၀) စတင်လိုက်ပါတယ်။
တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှာ ကျင်းပနေတဲ့ ၁၀ ကြိမ်မြောက် ရှန်စန်း ဖိုရမ်လို့ခေါ်တဲ့ နိုင်ငံတကာကာကွယ်ရေးညီလာခံကို တက်ရောက်လာတဲ့ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့ တွေ့ဆုံချိန်မှာ တရုတ်ဗဟိုစစ်ကော်မရှင်ဒုဥက္ကဋ္ဌက ပြောဆိုလိုက်တာပါ။
လွန်ခဲ့တဲ့၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ ဟာမတ်စ်အခြေစိုက်နေရာပစ်မှတ် ၆၀၀ ကျော်ကို တိုက်ခိုက်ခဲ့သလို၊ ဆီးရီးယားနဲ့ လက်ဘနွန်မှာရှိတဲ့ ပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးလေတပ်က ပြောပါတယ်။
အရပ်သားတွေကို နေအိမ်တွေကနေ ထွက်ခွာပြီး တောင်ပိုင်းကို သွားကြဖို့ ပြောထားတဲ့ အစ္စရေးက ဂါဇာကို ကုန်းကြောင်း၊ လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်နေပါတယ်။ ဂါဇာစစ်ဘေးဒုက္ခသည်တွေ မိုးရေမလုံတဲ့ယာယီတဲစခန်းတွေမှာ စားရေရိက္ခာပြတ်နေပြီး အသက်သေတာမှ ပိုကောင်းမယ်လို့တောင် စိတ်ကူးမိတဲ့အနေအထားရောက်နေတယ်လို့ပြောပါတယ်။
ဂါဇာမှာ အစ္စရေး တပ်ဖွဲ့တွေ မြေပြင်ကနေစစ်ဆင်ရေး တိုးချဲ့လုပ်ဆောင်နေချိန်မှာပဲ လေကြောင်းကနေ လည်း ဟားမတ်စ်တွေရဲ့ အခြေစိုက်စခန်းဆိုတဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရာနဲ့ချီ ရှိနေ ကြောင်းအစ္စရေး စစ်တပ်ကဒီနေ့ပဲ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်