ဦးမြီရှောက်ချန်းအပါအဝင် မိသားစုဝင် ၄ ယောက် အနက်မှာ ၃ ယောက်ကို ဒီလ ၁၆ ရက်နေ့က ဖမ်းဆီးရမိပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်လိုက်ကြောင်းနဲ့ ဦးမြီရှောက်ချန်းဟာ ဖမ်းဆီးစဉ် သူကိုယ်သူ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆေးရုံမှာ သေဆုံးသွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ မဟာမိတ်လက်နက်ကိုင်တွေအနေနဲ့ တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိသူတွေကို လူသားချင်းစာနာထောက်ထားစွာ ဆက်ဆံဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက တိုက်တွန်းပါတယ်။
ကရင်နီ တပ်ပေါင်းစုတွေရဲ့ တစ်လေးလုံး စစ်ဆင်ရေးဟာ ၇ ရက် ရှိလာပြီဖြစ်ပြီး ရှမ်း-ကယားဒေသအတွင်း လွိုင်ကော်မြိုတဝိုက့်နဲ့ မိုးဗြဲမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်
ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ Online ငွေလိမ်ဂိုဏ်းတွေ လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား မြီရှောက်ချန်း (Ming Xuechang) ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးစဉ် သူ့ကိုသူ အဆုံးစီရင်သွားတယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသထဲက ဂါဇာမြို့မှာရှိတဲ့ Shifa ဆေးရုံထဲမှာ ဟာမတ်စ်စစ်သွေးကြွအဖွဲ့ရဲ့ မြေအောက်လှိုဏ်ဂူတွေနဲ့ လက်နက်တွေကို အစ္စရေးတပ်တွေ ဒီနေ့လည်း ဆက်လက်ရှာဖွေနေပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ပင်တို့ ဒီကနေ့ ဆန်ဖရန်စစ္စကို (San Francisco) မြို့က သမိုင်းဝင် Filoli စံအိမ်မှာ ၄ နာရီလောက် တွေ့ဆုံပြီး၊ ၂ နိုင်ငံကြား ကိစ္စတွေနဲ့ နိုင်ငံတကာရေးရာကိစ္စတွေကို ဆွေးနွေးမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရေယာဉ်တွေနဲ့ နောက်ထပ် ထိပ်တိုက်တွေ့ခဲ့မှုအပေါ် ဖိလစ်ပိုင် ကမ်းရိုးတမ်းစောင့် တာဝန်ရှိသူတွေ တရုတ်ကို အပြစ်တင်လိုက်ပါတယ်။
ဂါဇာမှာပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေ ချက်ခြင်းရပ်တန့်ဖို့ ဆော်ဒီအာရေးဗီးယားနဲ့ မွတ်ဆလင်နိုင်ငံတွေက ပူးတွဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပြီး ပါလက်စတိုင်းတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် အစ္စရေးမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ရန်ကုန်မြို့က စစ်သုံးဆီအရောင်းဆိုင်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းထဲကစလို့ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်နေပါတယ်။
၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အကြီးတန်းတပ်မှူး အများစုဟာ သူတို့ ကွပ်ကဲတဲ့ လက်အောက်ခံတပ်တွေ ကျူးလွန်တဲ့ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုတွေနဲ့ အဓမ္မ ဖမ်းဆီးမှုတွေ အပါအဝင် ရာဇ၀တ်မှုတွေအတွက် တာဝန်ရှိတယ်လို့ သုတေသနတခုက ပြောလိုက်ပါတယ်။
မြန်မာနဲ့ ရုရှား အင်္ဂါနေ့မှာ စတင်တဲ့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုတွေမတိုင်ခင် ရေတပ်ဗိုလ်ချုပ်ကြီး Nikolai Yevmenov က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်း Global New Light of Myanmar သတင်းမှာဖော်ပြပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသကို ပြန့်နှံ့လာမှာ တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဒီကနေ့ပဲ (နိုဝင်ဘာ ၆ ရက်) တူရကီနိုင်ငံကို သွားခဲ့ပါတယ်။
ဟာမတ်စ်တွေ ဖမ်းဆီးထားတဲ့ဓားစာခံ ၂၄၁ ယောက် လွတ်မြောက်ရေး အစ္စရေးမြို့ကြီးတွေမှာ တောင်းဆို ဆန္ဒပြခဲ့ကြသလို တချိန်တည်းမှာပဲ ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေရပ်ဖို့ ကမ္ဘာ့နိုင်ငံကြီးတချို့မှာ ဆန္ဒပြ ခဲ့ကြပါတယ်။
အစ္စရေးလ်နဲ့ Hamas စစ်ပွဲကြောင့် ဂါဇာဒေသမှာ အရပ်သားတွေ ဒုက္ခရောက်နေတာကို သက်သာရာ ရစေဖို့ ကြိုးပမ်းနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အနောက်ဖက်ကမ်း ဒေသကို ဒီကနေ့ ရုတ်တရက် သွားရောက်ခဲ့ပြီး ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံပါတယ်။
အာဖဂနစ္စတန်နိုင်ငံမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို တာလီဘန်တွေ တားမြစ်လိုက်တာကြောင့် ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကုလသမဂ္ဂက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
စစ်ပွဲပြင်းထန်နေတဲ့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေဘက်က ထောက်ခံပြီး အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုကို ကန့်ကွက်တဲ့ အနေနဲ့ အီရန်နိုင်ငံတဝန်းမှာ စနေနေ့က လူတွေ သောင်းနဲ့ချီ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရင်ကတည်းက စစ်ပြေးဒုက္ခသည် ၁ သောင်း ၅ ထောင်နီးပါး ရှိနေရာက အခု တပတ်ကျော်ကြာကာလအတွင်း နောက်ထပ် ၂ သောင်းကျော် တိုးလာတာကြောင့် အခုဆိုရင် ရှမ်းမြောက်ဒေသမှာ အိုးအိမ်စွန့်ခွာ ထွက်ပေးရသူပေါင်း ၃၇၄၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂ UNOCHA က ထုတ်ပြန်ပါတယ်။
အရှေ့အလယ်ပိုင်းကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်ထိုနီဘလင်ကန်က ဂျော်ဒန်နိုင်ငံ အာမန်မြို့မှာ အာရပ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စနေနေ့က တွေ့ဆုံပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ အမေရိကန်နဲ့ အာရပ် မိတ်ဆွေ နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့က ရှမ်းမြောက်ဒေသ စစ်ဆင်ရေးအတွင်း နောက်ထပ် စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲ ရပ်စဲရေး အာရပ်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တက်ရောက်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်