ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေသုံးစင်းထက်မနည်း ဒီသီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာလာနေပါတယ်။ အခုလတ်တလောမှာ အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်စွန်း အာချေးပြည်နယ်မှာ ရိုဟင်ဂျာ ဒုက္ခသည် ၁,၀၀၀ ကျော် လှေတွေနဲ့ ရောက်လာပြီးနောက်ပိုင်းမှာ နောက်ထပ် ရိုဟင်ဂျာလှေတွေ ထွက်လာတာပါ။
မြန်မာ့အရေး အဓိကပါဝင်ပတ်သက်သူတချို့ တက်ရောက်တဲ့ အစည်းအဝေးတခုကို အင်ဒိုနီးရှားက ကမကထလုပ်၊ လက်ခံကျင်းပခဲ့ပြီး အဲဒီမှာ မကြာမီ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အပြုသဘောဆောင်တဲ့ အလားအလာရှိနေတယ်လို့ အင်ဒိုနီးရှားက သောကြာနေ့မှာ ပြောပါတယ်။
ဟားမတ်စ်ဘက်က ဂါဇာမှာ ဓါးစားခံအဖြစ် ဖမ်းဆီးထားတဲ့ အမျိုးသမီးနဲ့ကလေး ဒါဇင်နဲ့ချီပြီး လွှတ်ပေးဖို့နဲ့ အပြန်အလှန်အားဖြင့် ၅ ရက်ကြား တိုက်ပွဲတွေရပ်ဖို့ အစ္စရေးလ်၊ ဟားမတ်စ်၊ အမေရိကန်ကြားမှာ အကြိုသဘောတူညီချက် ရရှိထား
သက်ဆိုင်ရာဘဏ်ခွဲတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အများပြည်သူ ထုတ်ယူနိုင်တယ်လို့ ပြည်တွင်းသတင်းဌာနတွေရဲ့ မေးခွန်းတွေကို တုံ့ပြန်ဖြေဆိုတဲ့ စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ တနင်္ဂနွေထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာအပါအဝင် ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကို လက်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဗာတီကန်က စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ အပတ်စဉ် ဝတ်ပြုဆုတောင်းပွဲအတွင်း တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံတဝန်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေနဲ့ ဒီနေ့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ တအာင်း TNLA တပ်တွေက နမ့်ခမ်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA သတင်းထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံရဲ့ မရိန်းတပ်ဖွဲ့ဝင်တွေဟာ ပစိဖိတ်သမုဒ္ဒရာတွင်း သူတို့ပိုင်ဆိုင်တဲ့ Tokunushima ကျွန်းမှာ ဒီနေ့ တနင်္ဂနွေနေ့မှာ ကမ်းတက်စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ကြပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော်နဲ့ ပြည့်နေတဲ့ စက်လှေသုံးစင်းဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ဆုံး ပြည်နယ်မှာ တနင်္ဂနွေနေ့ ဒီကနေ့မှာ ဆိုက်ရောက်လာခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။
မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ဒီလထဲ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေတာမှာ လူနေထူထပ်တဲ့ မြို့ပေါ်အရပ်ဒေသတွေ အထိ တိုက်ပွဲတွေ ပိုမို ကျယ်ပြန့်လာနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ သိန်းနဲ့ချီ တိုးလာနေတယ်လို့ ကုလသမဂ္ဂက သတိပေးပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံတဝန်း အရပ်ဒေသတွေမှာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ၊ လူနာတွေနဲ့ ဆေးဝန်ထမ်းတွေ ထိခိုက်မှု မရှိရအောင် အကာအကွယ်ပေးကြဖို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က တိုက်တွန်း ပန်ကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ တောင်ယာမီးရှို့မှုတွေ မလုပ်ကြဖို့ တရားရုံးက အမိန့်ထုတ်ထားတဲ့ကြားကဘဲ အနားကပြည်နယ်တွေမှာ ဆက်ပြီးမီးရှို့နေကြတာကြောင့် နယူးဒေလီမြို့တော်မှာ ထူထပ်တဲ့ မီးခိုးတွေ ဖုံးလွှမ်းနေပါတယ်
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းတချို့က ပါလက်စတိုင်းတွေကို ဘေးလွတ်ရာသွားကြဖို့ အစ္စရေးစစ်တပ်က သတိပေးထားတဲ့အတွက် ဒီနေ့စနေနေ့မှာ တောင်ဘက်ကို အများအပြားသွားနေကြပါတယ်။
ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံပြီး ရေနယ်နိမိတ်ပိုင်နက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ လျော့ချနိုင်ရေး၊ ငါးပေါတဲ့နေရာတွေကို ဖိလစ်ပိုင်တံငါသည်တွေ သွားရောက် ငါးဖမ်းနိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ရန်ကင်းမြို့နယ်တဝိုက်မှာ ရဲနဲ့ စစ်သား လုံခြုံရေးတွေက လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို တားဆီးစစ်ဆေးမှုတွေ လုပ်တယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက VOA ကိုပြောပါတယ်။
ရခိုင်ပြည်နယ်ဘက်မှာ စစ်တပ်နဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲ့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးကြရတဲ့ ပြည်တွင်းဒုက္ခသည်အသစ် ၂ သောင်း ၆ ထောင်ကျော် တိုးလာတယ်လို့ ကုလသမဂ္ဂက ပြောကြားပါတယ်။
ချင်းပြည်နယ်က စာသင်ကျောင်း တကျောင်းကို စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး (၈) ဦးအပါအဝင် လူ (၁၁) ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေ၊ ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သောကြာနေ့မှာ ပြောပါတယ်။
ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ စတင်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ ဟာ (၂၂) ရက်မြောက် ဖြစ်လာနေပြီး ညီနောင် (၃) ဖွဲ့ရဲ့ နိုဝင်ဘာလ (၁၇) ရက်နေ့၊ ညပိုင်း ထုတ်ပြန်ချက်ထဲမှာ တနိုင်ငံလုံးအနှံ့ စစ်ဆင်ရေးတွေရဲ့ ပထမဆုံးအဆင့် အဖြစ် ကြေညာပါတယ်။
အမေရိကန်မှာ လုပ်နေတဲ့ APEC ထိပ်သီးဆွေးနွေးပွဲအပြင်မှာ အာရှစီးပွားအင်အားအကြီးဆုံး ၂ နိုင်ငံဖြစ်တဲ့ တရုတ်သမ္မတ Xi Jinping နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ မနေ့ကပဲ သီးသန့်ဆွေးနွေးခဲ့တာပါ။
ဂါဇာဒေသထဲမှာရှိတဲ့ အရပ်သားတွေဟာ အငတ်ဘေးကြုံမယ့် အခြေအနေရင်ဆိုင်နေရပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အမှုဆောင်ဒါရိုက်တာ Cindy McCain က ပြောကြားလိုက်ပါတယ်။
မနေ့က ရခိုင်လက်နက်ကိုင် AA အဖွဲ့က သိမ်းပိုက်ခဲ့တဲ့ ပေါက်တောမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်
နောက်ထပ်ကြည့်ရှုရန်