ယူကရိန်းမြို့တော် ကိဗ်ကို ရုရှားက စနေနေ့ညမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်း ရုရှားနယ်စပ်မြို့ Belgorod ကို ယူကရိန်းက စနေနေ့ အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာကြောင့် ရုရှားက လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ပြောဆိုထားအပြီးမှာ ဒရုန်းနဲ့ အခုလို တိုက်ခိုက်တာပါ။
ချင်းပြည်နယ် ပလက်ဝ စစ်တပ်စခန်းတခုက စစ်သား ၁၅၀ ကျော် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလာကြတယ်လို့ အိန္ဒိယနယ်ခြားစောင့် အာသံရိုင်ဖယ်တပ်က ပြောပါတယ်
အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ဗြိတိန်နိုင်ငံနဲ့ ဥရောပနိုင်ငံတချို့ကို တိုက်ရိုက်ပြေးဆွဲနေတဲ့ Eurostar ရေအောက်ရထားလှိုဏ်ဂူ တချို့နေရာတွေမှာ ရေကြီးနေတဲ့အတွက် ဗြိတိန်ရထားခရီးစဉ် ၁၄ ခုထက် မနည်းဖျက်ခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း California ပြည်နယ်ကမ်းရိုးတမ်းကို ကြီးမားတဲ့လှိုင်းလုံးကြီးတွေ သောကြာနေ့ ရိုက်ခတ်ခဲ့ပြီး ဒီထက်ကြီးတဲ့လှိုင်းကြီးတွေ လာဦးမယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
အာဖရိကတိုက်မှာ အခြေစိုက်တဲ့ al Shabaab အကြမ်းဖက်အဖွဲ့ထဲဝင်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်မဟာမိတ်တွေကို တိုက်ခိုက်ဖို့ ကြိုးစားသူ အမေရိကန်နိုင်ငံသားတယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းက နီကယ်သတ္တုထုတ်လုပ်တဲ့စက်ရုံမှာ ဒီနေ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် စက်ရုံအလုပ်သမား ၁၃ ယောက် သေဆုံးပြီး၊ ၃၈ ယောက် ဒဏ်ရာရသွားတယ်လို့ အဲဒီစက်ရုံပိုင်ရှင်က ပြောလိုက်ပါတယ်။
ဒီနေ့ဟာ ယေရှုခရစ်တော်ဖွားမြင်တဲ့ အထိမ်းအမှတ် Christmas နေ့အကြို ဖြစ်တာကြောင့် ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေ ကောင်းချီးမင်္ဂလာတွေ မျှဝေနေကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အခုလို Christmas နဲ့ နှစ်သစ်ကူးအချိန်မှာ နေအိမ်တွေကို မီးရောင်တွေနဲ့ အလှဆင်ကြတာက Christmas အစဉ်အလာတခု ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းတခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အစ္စရေးစစ်တပ်ဟာ ဒီနေ့ တနင်္ဂနွေနေ့ အစောပိုင်းက Jabalia မြို့အပေါ် ဆက်လက်တိုက်ခိုက်နေပါတယ်။ စနေနေ့က ဂါဇာဒေသထဲက ပစ်မှတ်ပေါင်း ၂၀၀ လောက်ကို တိုက်ခိုက်ခဲ့ပြီး မြောက်ပိုင်းဒေသတခုလုံး နီးပါးကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အားဖြည့်ကိုဗစ်ကာကွယ်ဆေးသစ် မထိုးရသေးသူတွေများနေတာကြောင့် လာမယ့်သီတင်းပတ်တွေအတွင်း ကိုဗစ်ရောဂါ ကူးစက်သူ များလာနိုင်တယ်လို့ အမေရိကန် ရောဂါကူးစက်မှု ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန CDC က သတိပေးလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ကို အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ပုံစံက စာနာမှုအကူအညီတွေပေးရေးအတွက် ကြီးမားတဲ့အဟန့်အတားတွေ ဖြစ်စေတဲ့ တကယ့်ပြဿနာ အစစ်အမှန်ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားလိုက်ပါတယ်။
အင်္ဂလိပ်ပရီမီယာလိဂ်ပွဲတွေမှာ ပထမဆုံး အမျိုးသမီးကွင်းလယ်ဒိုင်အဖြစ် Rebecca Welch က ဖူလ်ဟမ် နဲ့ ဘန်လေပွဲကို ကြီးကြပ်သွားမှာဖြစ်တယ်လို့ ဒိုင်အဖွဲ့က ပြီးခဲ့တဲ့သီတင်းပတ်ထဲက ကြေညာထားပါတယ်။
ယူကရိန်းအတွက် စစ်ရေးအကူအညီပေးတဲ့နေရာမှာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ပေးပို့မယ့်ကိစ္စက အရေးအပါဆုံးဖြတ်တယ်လို့ ယာယီဝန်ကြီးချုပ် Mark Rutte က X လူမှုကွန်ရက်ပေါ်မှာ ရေးသားအသိပေးခဲ့တာဖြစ်ပါတယ်။
Christmas ပွဲတော်အချိန်မှာ အမေရိကန်သမ္မတကတော်တွေ လုပ်နေကျအစဉ်အလာတခုအတိုင်း သမ္မတကတော် Dr. Jill Biden ဟာ သမ္မတ Joe Biden နဲ့အတူ ဝါရှင်တန်မြို့တော်မှာရှိတဲ့ ကလေးဆေးရုံကို သောကြာနေ့ညက သွားရောက်အားပေးခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ၂ နှစ် နီးပါးကြာကာလအတွင်း ရုရှားဘက်က တပ်ဖွဲ့ဝင် ၃ သိန်းခွဲလောက် သေဆုံးခဲ့တယ်လို့ The Kyiv Independent သတင်းစာက ဒီနေ့မှာ ပြောလိုက်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းနဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ ပူးတွဲပြီး ဂါဇာကမ်းမြောင်ဒေသမှာ “ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေး” တောင်းဆိုလိုက်ပါတယ်
ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ ဂျပန်နဲ့ အာဆီယံနိုင်ငံခေါင်းဆောင်တွေ ဒီနေ့မှာ သဘောတူလိုက်ကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ တရုတ်အကူအညီနဲ့ ညီနောင်မဟာမိတ် အဖွဲ့နဲ့ ဆွေးနွေးခဲ့ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းမှာ ပဋိပက္ခတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
နိုင်ငံခြားကြွေးမြှီတွေပိပြီး အကြွေးပြန်မဆပ်နိုင်တဲ့ အခြေအနေ မနှစ်က ရင်ဆိုင်ခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံမှာ ဒီနှစ် တတိယလေးလပတ်မှာ ပထမဆုံးအကြိမ် စီးပွားရေး တိုးတက်ခဲ့တယ်လို့ သီရိလင်္ကာ ဗဟိုဘဏ်က ဒီကနေ့ ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ Joe Biden နိုင်ငံအောင် မဲ မသမာလုပ်ခဲ့တယ်လို့ Donald Trump ရဲ့ ရှေ့နေဟောင်း Rudy Guiliani စွပ်စွဲပြောခဲ့လို့ ထိခိုက်ခဲ့သူ ၂ ဦးကို ဒေါ်လာ ၁၄၈ သန်းလျော်ကြေးပေးရမယ်လို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်