အာဆီယံနဲ့ ဂျပန် ဆက်ဆံရေးအနှစ် ၅၀ ပြည့်အထိမ်းအမှတ် ထိပ်သီးစည်းဝေးပွဲကို ဂျပန်နိုင်ငံ Tokyo မြို့တော်မှာ ဒီနေ့ ကျင်းပနေပါတယ်။ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ထိပ်သီးစည်းဝေးပွဲမှာ မြန်မာကိုဖိတ်ကြားခြင်း မရှိပါဘူး။
ယီမင် အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေက ပင်လယ်နီထဲက Bab el-Mandab ရေလက်ကြားမှာ ကုန်တင်သင်္ဘောနှစ်စင်းကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတဦးက သောကြာနေ့မှာ ပြောပါတယ်။ သူပုန်တွေဟာ အဲဒီမှာ နှစ်ရက်ဆက် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ နီးစပ်သူလို့ သတင်းထွက်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမင်းလတ် အပေါ် ထိုင်းအာဏာပိုင်တွေက စွဲချက်တင်ထားတဲ့ အမှုတွေနဲ့ ဆက်စပ်ပြီး ထိုင်းဆီးနိတ် လွှတ်တော်အမတ်တဦးကိုလည်း စွဲချက်တင်လိုက်ကြောင်း ထိုင်းရှေ့နေချုပ်ရုံးက သောကြာနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဂါဇာမှာ အစ္စရေးတပ်ဖွဲ့က မှားယွင်းပစ်ခတ်လို့ ဓားစာခံ (၃) ဦးသေဆုံးသွားကြောင်း အစ္စရေး ပြောဆိုခွင့်ရှိသူက သောကြာနေ့မှာ အတည်ပြုပြီး ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုမှာလည်း “ပွင့်လင်းမြင်သာမှု အပြည့်ရှိမယ်” လို့ ပြောကာ မိသားစုတွေအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူတွေထဲက မွေးဖွားလာတဲ့ တပ်မတော်သားတွေအနေနဲ့ စစ်ကောင်စီလက်အောက်ကနေ ထွက်ခွာပြီး ပြည်သူတွေကို အကာအကွယ်ပေးရင်း သမိုင်းသစ်စိုက်ထူကြဖို့ တီမောလက်စတေးနိုင်ငံသမ္မတ ဟိုဆေးရာမို့ဟောတာက သူ့ရဲ့ ဗွီဒီယိုမိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။
ဂါဇာဒေသမှာ အစ္စရေးရဲ့ အပြင်းအထန် တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးအများစု အပါအဝင် သေဆုံးသူ ၁၈,၀၀၀ နီးပါး ရှိနေပြီလို့ ဟာမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ရိုဟင်ဂျာ ၃၀၀ ကျော် လိုက်ပါလာတဲ့ စက်လှေ ၂ စင်းဟာ ပင်လယ်ထဲမှာ သီတင်းပတ်နဲ့ချီ မျောပါနေခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း အာချေ့ဒေသ ကမ်းခြေကို ဒီကနေ့ အစောပိုင်းမှာပဲ ရောက်လာကြပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပျက်ကွက်မှုကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ ပြဿနာတွေကို မဖြေရှင်းနိုင်ပဲ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးလိုက်ပါတယ်။
UAE အာရပ်စော်ဘွားများပြည်ထောင်စုမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ညီလာခံ COP28 မှာ ရေနံလို ရုပ်ကြွင်းလောင်စာ Fossil fuel အသုံးပြုမှု လုံးဝမရှိတော့အောင် ဆောင်ရွက်မယ့်ကိစ္စ အခြေအတင် ဖြစ်နေကြပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့တို့ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့အဆိုပြုတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းကို အမြဲတမ်းအဖွဲ့ဝင် အမေရိကန်ပြည်ထောင်စုက ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။
တရုတ်တို့ပိုင်ဆိုင်တယ်လို့ဆိုပြီး ထိန်းချုပ်ထားတဲ့ ကျွန်းလေးနားမှာ ဖိလစ်ပိုင် တံငါသည်တွေအတွက် ဒီနေ့ ရိက္ခာသွားပို့တဲ့ ဖိလစ်ပိုင် အစိုးရသင်္ဘောတွေကို တရုတ် ကမ်းရိုးတမ်းစောင့်တပ်တွေက မီးသတ်ပိတ်တွေနဲ့ထိုးပြီး နှောင့်ယှက်ခဲ့တယ်လို့ ဒီနေ့ စနေနေ့မှာ ဖိလစ်ပိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ဟာ သတင်းအလုပ်လုပ်ရင်း သေဆုံးခဲ့ရတဲ့ မီဒီယာသမား အရေအတွက် မကြုံစဖူး မြင့်တက် လာတဲ့နှစ် ဖြစ်နေပြီး အများစုက ဂါဇာမှာဖြစ်တယ်လို့ ပြင်သစ်အခြေစိုက် နိုင်ငံတကာ သတင်းထောက် များ အဖွဲ့ချုပ် (IFJ) က ပြောပါတယ်။
ရှမ်းမြောက်စစ်ဘေးရှောင်တွေအတွက် အကူအညီမလုံလောက် (UNOCHA)
ဂါဇာကမ်းမြောင်မှာ လက်နက်တွေ သိုလှောင်ထားပြီး ဟာမတ်စ် အခြေစိုက်တဲ့ ဥမင်လိုဏ်ခေါင်း အသစ်တခုကို တွေ့ရှိခဲ့ကြောင်း အစ္စရေးက သောကြာနေ့မှာပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲ BNP ပါတီ သပိတ်မှောက်ဖို့ ဆုံးဖြတ်
လူသတ်မှုနဲ့တခြားရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုအရေအတွက်ဟာ ကမ္ဘာတဝန်းမှာ ၂၀၂၁ ခုနှစ်ထဲ စံချိန်တင် မြင့်မားလာခဲ့ပြီး လူသတ်မှုအများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်နေကြောင်း ကုလသမဂ္ဂရဲ့အစီရင်ခံစာ အသစ်တစောင်က သောကြာနေ့မှာ ဖော်ပြပါတယ်။
အစ္စရေးစစ်တပ်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကနေ ရှောင်ရှားနိုင်အောင် တောင်ပိုင်းဒေသက ထွက်ခွာဖို့ တိုက်တွန်းထားတဲ့ ထောင်သောင်းချီတဲ့ ပါလက်စတိုင်းတွေအတွက် လတ်တလော သက်သာရာရမယ့် အခြေအနေမျိုးလည်း မတွေ့ရပါဘူး။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ဂျာမန်ခရီးသွားတယောက် ဓားဒဏ်ရာနဲ့ သေဆုံးပြီး နောက်ထပ်လူ ၂ ယောက် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုအတွက် မသင်္ကာသူ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အင်အားပြင်း ငလျင်လှုပ်ခဲ့ရာက အနည်းဆုံး ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ အင်အား ၇.၆ ရှိတဲ့ ငလျင်ကြောင့် ဆူနာမီရေလှိုင်း အန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်ရုပ်သိမ်းခဲ့တာပါ။
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ လူ ၄ ဦး သေဆုံးခဲ့တဲ့ ဒီကနေ့၊ တနင်္ဂနွေနေ့ အစောပိုင်းက ပေါက်ကွဲမှုဟာ “ပြည်ပအကြမ်းဖက်သမားတွေ” ရဲ့ လက်ချက်အဖြစ် ဖိလစ်ပိုင်သမ္မတက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်