အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် ဇန်နဝါရီလရဲ့တတိယ တနင်္လာနေ့ကို ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ အထိမ်းအမှတ်နေ့အဖြစ် ဂုဏ်ပြုကျင်းပကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ရပ်တန့်နေတဲ့ ရေကာတာစီမံကိန်းကြီး ၂ ခုကို ပြန်စနိုင်ဖို့ ခွင့်ပြုချက်ရရေး နာမည်ကြီး ကမ္ဘောဒီးယား သူဋ္ဌေးကြီးတယောက်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေတဲ့ ကုမ္ပဏီတွေက တိတ်တဆိတ် ကြိုးပမ်းနေကြောင်း ဗွီအိုအေက ရရှိထားတဲ့ အထောက်အထားမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
မြောက်ကိုရီးယားက တလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီနေ့မှာပဲ ပင်လယ်ထဲမှာ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း အိမ်နီးချင်းနိုင်ငံတွေက ပြောပါတယ်။
ထိုင်ဝမ်အာဏာရပါတီ Democratic Progressive Party (DPP) ကို ထောက်ခံကြတဲ့ နိုင်ငံတွေကို တရုတ်နိုင်ငံခြားရေး ဌာနနဲ့ နိုင်ငံတကာမှာရှိတဲ့ သံရုံးတွေက သတိပေးလိုက်သလို ထိုင်ဝမ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် အနိုင်ရသွားတဲ့ Lai Ching-te ကို ချီးကျုးစကားပြောကြားကြတဲ့ အစိုးရတွေကိုလည်း ရှုတ်ချလိုက်ပါတယ်။
ဟာမတ်စ်အဖွဲ့အပေါ် အောင်ပွဲရတဲ့အထိ ဆက်လက်စစ်ဆင်သွားမယ့်အကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ထပ်မံ အလေးထားပြောလိုက်ပါတယ်။
ယူကရိန်းက လေကြောင်းကာကွယ်ရေးအတွက် အကူအညီတွေ တောင်းခံနေချိန်မှာဘဲ ရုရှားက မနေ့ သောကြာနေ့ညမှာ ယူကရိန်းကို ဒါဇင်နဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ဒီကနေ့ စနေနေ့မှာ ပြောပါတယ်။
ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီအကြား ယာယီအပစ်ရပ်ဖို့ ဇန်နဝါရီ ၁၁ ရက်နေ့ညက သဘောတူခဲ့ကြပေမဲ့ ကျောက်မဲမြို့နယ်ထဲက TNLA တအာင်း တပ်မဟာ (၂) တည်ရှိရာကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA ပြောပါတယ်။
ထိုင်ဝမ်ကျွန်းမှာ ဒီနေ့ကျင်းပတဲ့ သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ DPP ပါတီက သမ္မတဝင်ရွေးသူ William Lai Ching-te က တရုတ်ရဲ့ ခြိမ်းခြောက် နှောင့်ယှက်မှုတွေကနေ ကာကွယ်သွားမှာဖြစ်တယ်လို့ ကတိပြုလိုက်ပါတယ်။
လောက်ကိုင်မြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့တွေ ဇန်နဝါရီလ ၄ ရက်နေ့က အပြီးပိုင်မသိမ်းပိုက်ခင်အထိ အဲဒီမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၅၄၉ ဦး လုံးကို အချိန်မှီ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီကနေ့ ဇန်နဝါရီလ (၇) ရက်နေ့ ပြုလုပ်တဲ့ရွေးကောက်ပွဲက မဲတွေကို မဲရုံးအသီးသီးမှာ စတင်ရေတွက်နေပါပြီ။ အကြိုစစ်တမ်းတွေအရ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ ပဉ္စမမြောက် ရာထူးသက်တမ်း ယူနိုင်မယ့်အလားအလာ ရှိနေတယ်လို့ ဆိုပါတယ်။
ဂါဇာဒေသမြောက်ပိုင်းက ဟာမတ်စ်အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဖြိုခွင်းလိုက်ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုလိုက်ပါတယ်။ ထိုးစစ်တွေကို ပိတ်ဆို့ဝန်းရံထားတဲ့ ဂါဇာဒေသ တောင်ပိုင်းဘက်ကို အပြည့်အဝ ပြောင်းရွှေ့မယ်လို့လည်း အစ္စရေး၊ ဟာမတ်စ် စစ်ပွဲ ၄ လပြည့်တဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ကြေညာလိုက်တာပါ
အရှေ့အလယ်ပိုင်းဒေသအရေး ဆွေးနွေးဖို့ ခရီးထွက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဂျော်ဒန်နိုင်ငံကို ရောက်ရှိနေပြီး ဂျော်ဒန်ဘုရင် ဒုတိယမြောက် Abdullah နိုင်ငံခြားရေးဝန်ကြီး Ayman Safadi တို့နဲ့ တွေ့ဆုံပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Cox's Bazar ခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ယာယီခိုလှုံရာ အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့ပြီး၊ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဒေသခံမီးသတ်ဌာနနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဗျူဟာတပ်ဟာ ညီနောင်မဟာမိတ်တပ်တွေထံမှာ လက်နက်ချတယ်လို့ ရှမ်းပြည်ဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ ရဟတ်ယာဉ်ကွင်းရှိတဲ့ ကွတ်ခိုင်စစ်ဗျူဟာတပ်ကို တိုင်းရင်းသားညီနောင် ၃ ဖွဲ့က နှစ်ကုန်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ၁ ရက်အလိုမှာ အတိုက်အခံ BNP ပါတီဝင် ၇ ဦးကို ရဲကဖမ်းဆီးခဲ့ပါတယ်။ သောကြာနေ့ညက ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တဲ့ မြို့ပတ်ရထားမီးလောင်မှုနဲ့ပတ်သက်လို့ အတိုက်အခံပါတီဝင်တွေကို ဖမ်းဆီးတာလို့ ရဲကပြောပါတယ်။
ဘရာဇီးနိုင်ငံက ဂန္ထဝင်ဘောလုံးအကျော်အမော်ကြီး Mario Zagallo ဟာ အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ သူဟာ ဘရာဇီးအသင်းအတွက် ကမ္ဘာ့ဖလားကို ကစားသမားအနေနဲ့ရော နည်းပြအနေနဲ့ပါ စုစုပေါင်း ၄ ကြိမ် ဗိုလ်စွဲအောင်လုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ကြိုးစားနေတဲ့ Donald Trump ဟာ အမေရိကန် ဒီမိုကရေစီအတွက် အန္တရာယ်ဖြစ်တယ်လို့ သမ္မတ Joe Biden က ပြောကြားလိုက်ပါတယ်။
အစ္စရေးက ဂါဇာဒေသအတွင်း နေရာတချို့ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ဆက်လက်ထိုးစစ်ဆင်နေပါတယ်။ ဂါဇာက ဟာမတ်စ်တွေကို လအတော်ကြာ ဆက်လက်ချေမှုန်းသွားဖို့လိုမယ်လို့လည်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က စနေနေ့တုန်းက ပြောထားတာပါ။
၂၀၂၄ နှစ်သစ်ကို နယူးဇီလန်နိုင်ငံက စတင်ကြိုဆိုလိုက်ပါပြီ။ နယူဇီလန် မြို့တော် Auckland က အမြင့်ဆုံး Sky Tower ကနေ မီးပန်းတွေဖေါက်ပြီး ကြိုဆိုခဲ့ပါတယ်
မြောက်ကိုရီးယားအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း ထောက်လှမ်းရေး ဂြိုလ်တု ၃ စင်း ထပ်မံလွှတ်တင်မှာ ဖြစ်သလို၊ စစ်ဖက်သုံး ဒရုန်းယာဉ်တွေနဲ့ နျူကလီးယားလက်နက် ပိုပြီးပိုင်ဆိုင်လာအောင် လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်