ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လာမယ့် တနင်္လာနေ့၊ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မြန်မာ့အရေး သီးသန့်ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဂျော်ဒန်နိုင်ငံက အမေရိကန် စစ်တပ်အခြေစိုက်စခန်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နဲ့ ဆီရီးယားနိုင်ငံတွေထဲက အီရန်ပံ့ပိုးထားတဲ့အဖွဲ့တွေရဲ့ ပစ်မှတ်တွေကို အမေရိကန်က လေကြောင်းနဲ့ သောကြာနေ့က တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးကို အကြမ်းဖက် တိုက်ခိုက်မှုမှာ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည်ရေးရာအေဂျင်စီ (UNRWA) ဝန်ထမ်း ၁၂ ယောက် ပါဝင်ခဲ့ကြောင်း စွပ်စွဲချက်အတွက် ဌာနတွင်း စစ်ဆေး အရေးယူမှုတွေ ချက်ခြင်းလုပ်ခဲ့
Luang Prabang မှာ ဒီကနေ့ တနင်္ဂနွေနေ့ စတင်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတဦး စေလွှတ်ဖို့ရှိနေကြောင်း သံတမန်သတင်းရင်းမြစ်ကိုးကားပြီး ဒီကနေ့ထုတ် ကျိုဒိုသတင်းမှာ ဖော်ပြခဲ့တာပါ။
ရုရှားနဲ့ တိုက်နေတဲ့ စစ်ပွဲမှာသုံးမယ့် မော်တာအမြောက်ကျည်တွေအတွက် လျာထားတဲ့ ဒေါ်လာသန်း ၄၀ နီးပါးကို ယူကရိန်းလက်နက်ကုမ္ပဏီက ဝန်ထမ်းတွေဟာ အာဏာပိုင်တွေနဲ့ပေါင်းပြီး အလွဲသုံးစား လုပ်ခဲ့ကြကြောင်း ယူကရိန်းလုံခြုံရေးဌာန SBU က ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ကန် အမျိုးသားလုံခြုံရေးအကြံပေး၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံရာမှာ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်းက အဓိကကျတဲ့ကိစ္စတွေကို ဆွေးနွေးရာမှာ မြန်မာ့အရေးလည်း ပါဝင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့တာပါ။
၂၀၂၃ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံအတွင်း ဟာမတ်စ်အဖွဲ့က အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေ စွပ်စွဲထားတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတချို့ကို အလုပ်ဖြုတ်ပစ်လိုက်ကြောင်း ကုလသမဂ္ဂက မနေ့ သောကြာနေ့မှာ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှာ ဖမ်းဆီးမိထားတဲ့ တရုတ်လူမျိုး ၁၀၀၀ ကျော်ကို နမ့်စန်ကနေ ဒီနေ့ စနေနေ့ မနက်က ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်းပေးမယ့်ပုံရှိနေပါတယ်။
တိုင်းရင်းသားလက်နက် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်တမြို့လုံးနီးပါးကို PNLO/PNLA တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်
အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ တန်ဖိုးရှိတဲ့ F-16 တိုက်လေယာဉ်တွေ တူရကီကို ရောင်းချဖို့ အမေရိကန်အစိုးရက မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ခွင့်ပြုပေးလိုက်ပါပြီ။ ဒါဟာ ဆွီဒင်နိုင်ငံ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် တူရကီက သဘောတူလိုက်ပြီးတဲ့နောက် အမေရိကန်က အခုလို ရောင်းခွင့်ပြုလိုက်တာပါ။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာနေကြောင်း အမေရိကန် ပါတီကြီး ၂ ရပ်စလုံးက အထက်လွှတ်တော် အမတ်တွေက သောကြာနေ့မှာ ပြောပါတယ်။ ဒါဟာ ယူကရိန်းကို အမေရိကန်က ဆက်လက်ပံ့ပိုးပေးဖို့ လိုအပ်နေတယ် ဆိုတာကို ပြသနေတယ် လို့လည်း ပြောပါတယ်။
NATO မဟာမိတ်တပ်ဖွဲ့တွေဟာ စစ်အေးခေတ်ပြီးချိန်က စပြီး အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှု တခုကို ဥရောပ တလွှားက တပ်သား သောင်းနဲ့ချီ ပါဝင်ပြီး ဒီသီတင်းပတ်ထဲမှာ ကျင်းပနေပါတယ်။ ဒါဟာ ယူကရိန်းကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ရုရှားကို သတိပေး တဲ့ အနေနဲ့ အင်အားပြတာလည်း ဖြစ်ပါတယ်။
ယူကရိန်းအပေါ် ကျုးကျော်စစ် စတင်ချိန်ကနေ အခုအထိ ရုရှားတပ်ဖွဲ့ဝင် ၃၇၆,၀၃၀ သေဆုံးခဲ့ကြောင်း ယူကရိန်း စစ်တပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဒီအထဲမှာ ပြီးခဲ့တဲ့ရက်က သေဆုံးသူ ၇၆၀ လည်း ပါဝင်ပါတယ်။
အာဖဂန်နစ္စတန် ကျေးလက်ဒေသ ဝေးလံခေါင်သီတဲ့ဒေသမှာ လူခြောက်ဦးကို တင်ဆောင်လာတဲ့ ရုရှားကိုယ်ပိုင် ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်လို့ အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ် ၃ လကျော်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ပါလက်စတိုင်းသား သေဆုံးသူ အရေအတွက်ဟာ ၂ သောင်းခွဲ ကျော်သွားပြီလို့ ဟာမတ်စ် ထိန်းချုပ်ထားတဲ့ ဂါဇာဒေသ ကျန်းမာရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
ရုရှားနဲ့ မဟာဗျုဟာ၊ နည်းဗျုဟာ ပူးပေါင်းဆောင်ရွက်မှုတွေ ထပ်မံတိုးမြှင့်ရေး သဘောတူညီချက် ရရှိခဲ့ကြောင်း မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ ကန်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးလာနေတဲ့ ၂ နိုင်ငံကြား ညီညွှတ်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ရုရှားသမ္မတ အလည်အပတ်လာနိုင်ခြေ ရှိတယ်လို့လည်း မြောက်ကိုရီးယားက ပြောပါတယ်
မြန်မာနဲ့ နယ်စပ်တလျှောက်မှာ ခြံစည်းရိုးခတ်သွားမယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က ဇန်နဝါရှိ ၁၉ ရက်၊ မနေ့က ပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ် မန်စီမြို့နယ် မန့်ဝိန်းကြီးကျေးရွာနားက စစ်ကောင်စီ စစ်စခန်းတခုကို KIA ကချင်တပ်က သိမ်းလိုက်ပြီလို့ တာဝန်ခံက ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဇန်နဝါရီ ၁၉ ရက်၊ မနေ့က တယ်လီဖုန်းနဲ့ စကားပြောကြားခဲ့ပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဒေသတော်တော်များများမှာ အေးခဲတဲ့နှင်းမုန်တိုင်းဒဏ်ခံနေရပြီး ဆိုးဝါးတဲ့ရာသီဥတုကြောင့် သေဆုံးသူ ၅၅ ယောက် ထက်မနည်း ရှိနေပါပြီ။
နောက်ထပ်ကြည့်ရှုရန်