မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး၊ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အကျဉ်းထောင်တွေကို တိုးချဲ့နေကြောင်း ကောင်းကင်ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေကို အခြေခံပြီး လေ့လာဆန်းစစ်ချက်တခုမှာ ဖော်ပြထားပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲ မဲရေတွက်မှုတွေ ဒီကနေ့ ပြီးစီးခဲ့ပြီး အကျဉ်းကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan ရဲ့ မဟာမိတ်တွေက လွှတ်တော်ကိုယ်စားလှယ်နေရာ အများအပြား အနိုင်ရခဲ့ပေမဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ အများစုတော့ မရခဲ့ပါဘူး။
ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းအတွက် ဒေါ်လာဘီလီယံ ၆၀ အပါအဝင် ၉၅.၃ ဘီလီယံ စစ်ရေးအကူအညီပေးမယ့် ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်က ဒီသီတင်းပတ်ကုန် အပြီးသတ်ထုတ်ပြန်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီ (UNRWA) ရဲ့ ဂါဇာဒေသက ရုံးချုပ်မြေအောက် အပါအဝင် မီတာရာနဲ့ချီ ရှည်လျားတဲ့ ဥမင်လမ်းကြောင်းတခုကို အစ္စရေးတပ်ဖွဲ့တွေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ အရွယ်ရောက်တဲ့ အမျိုးသား အမျိုးသမီးတွေ စစ်မှုထမ်းရမယ့် ပြည်သူစစ်မှုထမ်းဥပဒေ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အသက်ဝင်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါတယ်။
ကောလင်းဆေးရုံကို ဖေဖော်ဝါရီလ ၉ ရက်၊ သောကြာနေ့က စစ်ကောင်စီတပ်တွေ လာရောက်ဗုံးကြဲခဲ့တယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဗွီအိုအေကို ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးလဲဖြစ် ဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ Parnpree Bahindra-Nukara နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတလောင်းဝင်ပြိုင်မယ့်သူတွေ နောက်ဆုံး မဲဆွယ်စည်းရုံးပွဲတွေကို အကြီးအကျယ် လုပ်ခဲ့ကြပါတယ်။
ဒီနေ့ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းက တရုတ်နွယ်ဖွားတွေ ဆင်နွှဲနေကြပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် နဂါးနှစ်ထဲဝင်တဲ့ နှစ်သစ် အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲတွေနဲ့ ခြိမ့်ခြိမ့်သည်း ကျင်းပနေကြပါတယ်။
မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ တနင်္ဂနွေနေ့ က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက် ကို ကျည်ကျသလို မြန်မာစစ်သားတွေလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဘက် ကို ခိုဝင်လာခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။
မြန်မာနိုင်ငံအကျပ်အတည်းကို ကိုင်တွယ်ရာမှာ ထောက်ခံဖို့ ဥရောပသမဂ္ဂ (အီးယူ) ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပန်ကြားလိုက်တယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို နယ်မြေခံလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက ဝင်ရောက်စီးနင်းခဲ့ရာမှာ မြန်မာအလုပ်သမား၅၀နီးပါးဖမ်းဆီးခံရပါတယ်။
အီရန် ကျော်ထောက်နောက်ခံပေးထားတဲ့ အရှေ့အလယ်ပိုင်း က စစ်သွေးကြွတွေ ကို ဒါ့ထက်ပို အရေးယူမယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် က တနင်္ဂနွေနေ့ က ပြောလိုက်ပါတယ်။
အစ္စရေးအတွက် စစ်ရေးအကူအညီနဲ့ အမေရိကန် စစ်လက်နက်တွေ ပြန်လည်ဖြည့်တင်းရေး ဒေါ်လာ ၁၇.၆ ဘီလီယံ သုံးစွဲမယ့် ဥပဒေမူကြမ်းတရပ်ကို အောက်လွှတ်တော်မှာ အများစု ထိန်းချုပ်ထားတဲ့ ရီပတ်ဘလစ်ကန်တွေ တင်သွင်းဖို့ စီစဉ်နေပါတယ်။
ချီလီနိုင်ငံ အလယ်ပိုင်းက လူဦးရေထူထပ်တဲ့နေရာမှာ တောမီးအပြင်းအထန် လောင်ကျွမ်းမှုကြောင့် အနည်းဆုံး ၄၆ ယောက် သေဆုံးပြီး၊ အိမ်ခြေ ၁,၁၀၀ ကျော်ထက်မနည်း ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်
အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ စနေနေ့က ကျင်းပတဲ့ ဒီမိုကရက်တစ် ပါတီတွင်း ပဏာမ ရွေးကောက်ပွဲမှာ သမ္မတ ဂျိုးဘိုင်ဒန် အပြတ်အသတ် အနိုင်ရသွားပါတယ်။
အိန္ဒိယနိုင်ငံက Facebook လူမှုကွန်ရက်မှာ ရိုဟင်ဂျာတွေအပေါ် မုန်းတီးရေး ဖော်ပြနေတာတွေကို ဟန့်တားဖို့ ရိုဟင်ဂျာ ဒုက္ခသည် ၂ ယောက်က အိန္ဒိယနိုင်ငံက တရားရုံးမှာ တောင်းခံလိုက်ပါတယ်။
ပင်လယ်နီထဲက သင်္ဘောတွေကို ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ ဟူသီသူပုန်တွေရဲ့ သင်္ဘောဖျက် မစ်ဇိုင်းဒုံးတခုကို ဒီကနေ့ အစောပိုင်းမှာပဲ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာနက ပြောလိုက်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet ထိုင်းနိုင်ငံကို ရောက်မလာခင် ရက်ပိုင်းအလိုမှာဘဲ ထိုင်းမှာရှိနေတဲ့ ကမ္ဘောဒီးယား အတိုက်အခံ ၃ ဦးကို ထိုင်းအာဏာပိုင်က ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်