နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံတွေကို ရောင်းချမှုနဲ့ ပတ်သက်ခဲ့ကြောင်း သတင်းတွေဟာ မှန်ကန်မှုမရှိကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ငြင်းဆန်လိုက်ပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်ကြား အပစ်အခတ် ရပ်စဲရေး စေ့စပ်ညှိနှိုင်းသူတွေ ကာတာနိုင်ငံကို စေလွှတ်ဖို့ အစ္စရေးအစိုးရဲ့ အရေးပေါ် စစ်ဘက်ဆိုင်ရာ ဝန်ကြီးအဖွဲ့က မနေ့ကပဲ လက်ခံလိုက်ကြောင်း တာဝန်ရှိသူတွေနဲ့ ဒေသခံ သတင်းတွေက ဖော်ပြနေပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးလင်းသန့် ကို အိုင်ယာလန်နိုင်ငံ အခြေစိုက် သံတမန်ရေးရာအဖွဲ့က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။
ရွေးကောက်ပွဲ ရလဒ်နဲ့အတူ ဆယ်စုနှစ်တွေနဲ့ချီ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီးနောက် အတိုက်အခံမရှိဘဲ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲအပြီး မနှစ်ကပဲ Hun Manet ကို အာဏာလွှဲပေးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Hun Sen ဟာလည်း နိုင်ငံရေးမှာ တကျော့ပြန်ဝင်လာမယ့် အလားအလာ ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကျင်းပခဲ့တဲ့ ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ သမ္မတဟောင်း Donald Trump က ပြိုင်ဖက်ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဟောင်း Nikki Haley ကို အနိုင်ရလိုက်ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေကို သင်တန်းပို့ချပေးနေတဲ့ အမေရိကန်စစ်တပ်ဟာ ကုန်ကျစရိတ်တွေအတွက် အိတ်စိုက်လုပ်နေရတယ်လို့ ဥရောပဆိုင်ရာ အမေရိကန်စစ်တပ် တာဝန်ရှိသူက ပြောပါတယ်။ သူတို့ လုပ်ငန်းလည်ပတ်ရမယ့် အသုံးစရိတ်ထဲက ယူကရိန်းအတွက်ပါ စိုက်ထုတ်သုံးစွဲနေရတာပါ။
ပါလက်စတိုင်း စစ်သွေးကြွတွေ ဆက်လက်ထိန်းသိမ်းထားတဲ့ လက်ကျန်ဓားစာခံတွေ ပြန်လွတ်ပေးရေး ဆွေးနွေးဖို့ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ မော့ဆက် အကြီးအကဲ David Barnea ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ရောက်ရှိနေပါတယ်။
ထိုင်းနိုင်ငံက မြန်မာ့အရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး လောလောဆယ်မှာတော့ ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုး မရှိသေးဘူးလို့ ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang ကပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားတို့ ကျူးကျော်တိုက်ခိုက်တာ ၂ နှစ်ပြည့်တဲ့နေ့မှာ ယူကရိန်းဘက်က ဆက်လက်ရပ်တည် ထောက်ခံနေကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ပြသခဲ့ပါတယ်။
ထိုင်ဝမ်ပိုင် ကင်မင်ကျွန်းစု ကမ်းလွန်ပင်လယ်ပြင်မှာ ပိုင်နက်ကျူးကျော်လာတယ်ဆိုတဲ့ တရုတ်သင်္ဘောကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်တွေက လိုက်ဖမ်းရာမှာ တရုတ်ငါးဖမ်းသမားနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး နှစ်ရက်အကြာ အဲဒီပင်လယ်ပြင်တဝိုက်မှာ တရုတ်ရေတပ်က တိုးမြှင့်ကင်းလှည့်သွားမယ်လို့ ပြောလိုက်ပါတယ်။
၁၉၆၇ ခုနှစ်ကတည်းက ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးသိမ်းပိုက်ခဲ့တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ထိပ်တန်းတရားရုံးဖြစ်တဲ့ ICJ မှာ တနင်္လာနေ့ကျရင် ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။
ဂါဇာဒေသမှာ မနေ့ညဖက်ကနေ ဒီကနေ့ တနင်္ဂနွေနေ့အထိ အစ္စရေးစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးကြောင်း ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ တရားရေးဝန်ကြီးက ခံဝန်နဲ့ ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ အတည်ပြုခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ဒီကနေ့ တနင်္ဂနွေနေ့ မနက်မှာပဲ ပြန်လွတ်လာပါတယ်။
အကျဉ်းထောင်တွင်း သေဆုံးခဲ့တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပခဲ့ကြသူ လူပေါင်း ၄၀၀ ကျော် ရုရှားမှာ ဖမ်းဆီးခံခဲ့ရကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုက ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နက်ဖြန် တနင်္ဂနွေနေ့ ပြန်လွတ်လာမယ်လို့ ဝန်ကြီးချုပ် Srettha Thavisin က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ကွယ်လွန်သူ ရုရှားအတိုက်အခံ ခေါင်းဆောင် Alexei Navalny ရဲ့ ရုပ်အလောင်းဟာ ထောင်အာဏာပိုင်တွေက ရှိနေတယ်လို့ပြောတဲ့ ရင်ခွဲရုံမှာ ရှိမနေဘူးလို့ သူ့ရှေ့နေက ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆူခွန်ဗစ် ၄ လမ်းက အထပ်မြင့်တိုက်ခန်းတခုမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အသတ်ခံခဲ့ရသူဟာ စစ်တက္ကသိုလ် DSA အပတ်စဉ် ၃၆ ဆင်း ရေတပ်အရာရှိ ဦးကျော်ဇေယျာဆိုသူဖြစ်ပြီး ဒုရဲမှူးကြီးဟောင်းလို့ နီးစပ်သူတွေဆီက စုံစမ်းသိရပါတယ်။
ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ လုံခြုံရေးဆိုင်ရာညီလာခံ တက်ရောက်ကြတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ ဒီနေ့ သီးခြားတွေ့ဆုံခဲ့ကြပါတယ်။
ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာ၊ ပါလက်စတိုင်း၊ အစ္စရေး၊ ယူကရိန်းနိုင်ငံတွေအပါအဝင် ကမ္ဘာပေါ်မှာ ဆေးဝါးကုသမှု ခံယူခွင့်မရသူတွေအတွက် ဆုတောင်းမေတ္တာပို့သကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီကနေ့ စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ တနင်္ဂနွေဆုတောင်းပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ရေလက်ကြားမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်ထောက်လှမ်းရေး မိုးပျံပူးဖောင်း ၈ လုံး ဖြတ်ကျော်လာခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်