မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ ဥပဒေမဲ့ ရောင်းချလဲလှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူတချို့ကို အရေးယူ လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးကောက်ခံသမ္မတ Donald Trump က ရွေးချယ်ထားတဲ့ Pete Hegseth က အမေရိကန်စစ်တပ်အတွင်း သူရဲကောင်းစိတ်ဓာတ် ပြန်လည်ရှင်သန်ကြီးထွားလာအောင် လုပ်မယ် လို့ သူ့ကိုရာထူးခန့်ရေးအတွက် အထက်လွှတ်တော်မှာ မနေ့ ဇန်နဝါရီ ၁၄ ရက်နေ့ကျင်းပတဲ့ ကြားနာပွဲအတွင်း ထွက်ဆိုခဲ့ပါတယ်။
တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင် ကိုရီးယားသမ္မတ Yoon Suk Yeol ကို အာဏာပိုင်တွေက ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထိန်းသိမ်းလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တခု တနင်္လာနေ့က နွံကန်ပြိုကျတာကြောင့် အိမ်ခြေ ၅၀ ကျော် နစ်မြုပ်ခဲ့ပြီး လူအများပျောက်ဆုံးနေရာမှာ ဒီကနေ့မနက် အထိ ရုပ်အလောင်း ၂၀ ကျော်ကို ထပ်မံတွေ့ရှိထားပါတယ်။ ဒေသခံတွေကတော့ ပျောက်ဆုံးနေတဲ့သူ ၁၅၀ လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၀ မှာ သမ္မတတာဝန် လွှဲပြောင်းယူတဲ့အခါ အစိုးရအသုံးစရိတ်တွေ လျှော့ချသွားမယ်လို့ ကတိပြုထားပါတယ်။ ဒီလို အစိုးရရဲ့ အခန်းကဏ္ဍ လျှော့ချဖို့ စိတ်ကူးက အခုမှမဟုတ်ပဲ အရင်ကလည်း အမေရိကန်ခေါင်းဆောင်တွေ လုပ်ဆောင်ချင်တဲ့ ကိစ္စဖြစ်ပါတယ်။ ကိုစည်သူ တင်ပြထားပါတယ်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က သူရာထူးက မထွက်ခွာခင် တပတ်အလို တနင်္လာနေ့က သူ့နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ရှင်းလင်းမိန့်ခွန်း ပြောခဲ့ပါတယ်။ Anita Powell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေကြေး လိမ်လည်တဲ့ဂိုဏ်းတွေကို နှိမ်နှင်းဖို့ နယ်ခြားကို လုံခြုံအောင် တင်းကြပ်ပြီး စောင့်ကြည့်ရေးနယ်မြေတွေ သတ်မှတ်ဖို့ ထိုင်း အတိုက်အခံ ပြည်သူ့ပါတီ အမတ် Rangsiman Rome က ထိုင်းအစိုးရကို တိုက်တွန်းလိုက်တာကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ရေးသားထားပါတယ်။
အစိုးရ အဖွဲ့ဝင်အဖြစ် ခန့်ထားတဲ့အခါ အထက် လွှတ်တော် သဘောတူညီချက် လိုအပ်တဲ့အတွက် လက်နက်ကိုင် တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီဝင် အမတ်တွေက မေးမြန်းသမျှကို မစ္စတာ ပိ ဟဂ်ဆက် က သွားရောက် ဖြေကြားရာမှာ အခုလို ပြောလိုက်တာပါ။
ဝင်ခဲ့သမျှ ရွေးကောက်ပွဲတိုင်း အပြတ်အသတ်နိုင်တဲ့ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုစုပေါင်း အကျဥ်းကျနှစ် ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ၁၉ နှစ် ပြည့်သွားပြီလို့ ဘားမားကမ်ပိန်း ယူကေက ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေး နဲ့ ဟာမတ်စ် အပစ်ရပ်ရေး ဆွေးနွေးပွဲဟာ နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီး နှစ်ဘက်လုံးဟာ သဘောတူညီချက် မရသေးပေမဲ့ အနီးစပ်ဆုံး ဖြစ်နေကြပြီလို့ ကာတာနိုင်ငံက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၁၅ လမှာ ရရှိခဲ့တဲ့ မဟာဗျူဟာ အကျိုးအမြတ်တွေ ဆက်လက် တည်တံ့စေပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် အခြေခံ အုတ်မြစ်ကို ချဖို့ တာဝန်ရှိပါတယ် လို့လည်း ဝန်ကြီး အန်ထော်နီ ဘလင်ကန် က ဝါရှင်တန် ဒီစီက မူဝါဒ လေ့လာရေး အဖွဲ့ Atlantic Council မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်နှစ်သစ်ကူးရက်ကို အများပြည်သူ အလုပ်ပိတ်ရက်အနေနဲ့ ပြည်တွင်းထုတ် ပြက္ခဒိန်တွေမှာ ပထမဆုံးအနေနဲ့ ထည့်သွင်းလိုက်ပေမဲ့ အာဏာသိမ်းပြီး နောက်ပိုင်း တရုတ်နှစ်သစ်ကူးကာလမှာ ပြည်တွင်း၊ ပြည်ပ တရုတ်ခရီးသွားတွေ အတော်လေးနည်းသွားပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာရှိတဲ့ တပိုရွာနဲ့ စက်တော်ရာရွာကြားက ဒေသခံနေအိမ်တွေ မီးရှို့ခံရပြီး ၄ ရက်ကြာမှ မီးငြိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၅လုံးနဲ့ ရာဘာခြံဧက ၇၀ ဝန်းကျင် ဆုံးရှုံးသွားတယ်လို့ ဒေသတွင်းတော်လှန်ရေးဘက်က ပြောပါတယ်။
ရုရှားတို့ရဲ့ ၃ နှစ်နီးပါးကြာ ကျူးကျော်စစ်မှာ ယူကရိန်းဘက်က ရပ်တည်ကြောင်းပြသတဲ့အနေနဲ့ ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius ဟာ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ယူကရိန်းကို သွားရောက်ခဲ့ပါတယ်။
ဘုရင့်မင်္ဂလာဆောင်၊ နန်းတက်ပွဲ၊ ဂူသွင်းပွဲတွေ ပြုလုပ်လေ့ရှိပြီး ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိတဲ့ လန်ဒန်မြို့က ဝက်စ်မင်စတာဘုရားကျောင်းထဲကို တနင်္လာနေ့မနက်က ရာသီဥတုအရေးလှုပ်ရှားသူနှစ်ဦး ဝင်ရောက်လာပြီး ဒါဝင်ရဲ့ဂူပေါ်မှာ မှုတ်ဆေးဖြန်းခဲ့တယ်လို့ လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ကိုးကန့် အဖွဲ့ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထပ်မံ တွေ့ဆုံဖို့ သဘောတူ ထားပြီး တွေ့ဆုံပွဲကို ကိုးကန့်အဖွဲ့ဘက်က တက်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ MNDAA နဲ့ နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ လေပြင်းတိုက်ခတ်ပြီး ခြောက်သွေ့မှုတွေကြောင့် တောမီးလောင်ကျွမ်းမှုတွေ ပိုဆိုးလာနိုင်တာကြောင့် မီးသတ်သမားတွေ လူအင်အားနဲ့ စက်ပစ္စည်းအကူအညီတွေတိုးပြီး ဒီကနေ့ ပြင်ဆင်နေကြပါတယ်။
အစ္စရေးနဲ့ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲနိုင်ဖို့ သဘောတူညီချက်တွေကို နောက်ဆုံးအချောသတ်ညှိ နှိုင်းနိုင်ဖို့ ကြားခံညှိနှိုင်းပေးသူတွေဟာ ဒီကနေ့ကာတာနိုင်ငံမှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုနဲ့ နီးစပ်သူတွေကတော့ ဂါဇာဒေသအပစ်ရပ်ရေးကြိုးပမ်းမှုတွေဟာ ဒီရက်သတ္တပတ်အတွင်း အကောင်အထည် ပေါ်လာနိုင်တယ်လို့ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ရလဒ်ကိုပြောင်းလဲပစ်ဖို့ ကြိုးပမ်းခဲ့တာနဲ့ပတ်သက်ပြီး လက်ရှိ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ကို အရေးယူနိုင်တဲ့အထောက်အထားတွေ အလုံအလောက် ရရှိထားတယ်လို့ တရားရေးဌာနအထူးစုံစမ်းစစ်ရေးမှူး Jack Smith ရဲ့ လွှတ်တော်ကိုတင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က သူ့အပေါ် တရားစွဲထားတဲ့ အမှုအတွက် ဒီနေ့ပြုလုပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ကြားနာစစ်ဆေးမှု ပထမနေ့ကို တက်မလာတဲ့အတွက် ကြားနာမှုစတင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရပ်ဆိုင်းလိုက်ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်