"၂၀၁၇ လောက်မှာ ဘင်္ဂလားဒေရှ့်ဘက်ထွက်သွားကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေဟာ အတင်းအဓ္ဓမ ARSA အဖွဲ့ တွေထဲကို သိမ်းသွင်းခံရတာတွေ ရှိသလို တချို့ကျတော့လည်း နဂိုကတည်းက စိတ်ဓာတ်အခံနဲ့ ဒီအဖွဲ့အစည်းတွေထဲကို ရောက်သွားတာမျိုးတွေ ရှိကြတယ်။..တဖြည်းဖြည်းနဲ့ အင်အားကောင်းလာတယ်လို့ယူဆလို့ရတယ်။" (ရခိုင်စစ်ရေးစောင့်ကြည့်သူ)
ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ DPLA ဓနုအမျိုးသား လွတ်မြောက်ရေးတပ်မတော်အကြား နိုဝင်ဘာလကုန်တည်းက တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေခဲ့ပြီး ဒီလ ဒုတိယပတ်မှာ ထပ်မံ ပြင်းထန်လာပါတယ်။
မွန်ပြည်နယ် မုဒုံမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းက ကားသုံးစီး မနေ့ကကြားဖြတ်တိုက်ခိုက်ခံရတဲ့အပြင် ဒီရက်ပိုင်း ကျိုက်မရောမြို့နယ် ရဲစခန်းနှစ်ခုကို ဒရုန်းဗုံးနဲ့တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က (၆) ယောက်သေဆုံး (၅) ယောက်ဒဏ်ရာရခဲ့ကြောင်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ က VOA ကိုပြောပါတယ်။
ထိုင်းနိုင်ငံကို လာလည်ရင်း ပြီးခဲ့တဲ့ သီတင်းပတ်က ပျောက်ဆုံးသွားတဲ့ တရုတ်အမျိုးသမီး နှစ်ယောက်ကို ထိုင်းရဲက ရှာဖွေတွေ့ရှိပြီး တရုတ်နိုင်ငံကို ပြန်ပို့လိုက်တဲ့အကြောင်း ထိုင်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Thatchai Peetaneelabut က ဒီနေ့ ပြောဆိုပါတယ်။
နယ်စပ် အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ကျားဖြန့် ဂိုဏ်းတွေ ဖြားယောင်းခေါ်ယူတဲ့ရန်ကို စိုးရိမ်ပြီး တရုတ်ခရီးသည်တော်တော်များများ ထိုင်းနိုင်ငံကို လာရောက်မယ့် ခရီးစဉ်တွေ ပယ်ဖျက်နေတာကြောင့် ထိုင်းနိုင်ငံ ဟော်တယ်ခရီးသွားနဲ့ လေကြောင်းလိုင်းဆိုင်ရာ အစုရှယ်ယာဈေးတွေ တနင်္လာနေ့က ကျဆင်းခဲ့ပါတယ်။
ခေတ်မီ တိုးတက်တဲ့ ဥာဏ်ရည်တု ချစ်ပ်တွေ တင်ပို့မှု အပေါ် သမ္မတ ဘိုင်ဒန် အစိုးရ က ကန့်သတ်ချက်အသစ်တွေ ချမှတ်ကြောင်း တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ ဒါ့အပြင် AI အေအိုင်စနစ်တွေကို အသုံးပြုရာမှာ အေအိုင်စနစ် ပိုင်ရှင်တွေက လိုက်နာကျင့်သုံးရမယ့် သတ်မှတ်ချက်ဘောင်တွေကိုလည်း ချမှတ်လိုက်ပါတယ်။
မန္တလေးတိုင်း မြင်းခြံနဲ့ တောင်သာမြို့ကြားမှာ စစ်ကောင်စီ တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က သေဆုံးတာတွေရှိသလို လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့ကို အာရက္ခတပ်တော် AA သိမ်းပြီးတဲ့နောက် ရေကြောင်းတဆက်တည်းရှိနေတဲ့ ဧရာဝတီတိုင်းထဲက ရွာတချို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်သံတွေ ကြားရတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေတာပါ။
ရွေးကောက်ခံ သမ္မတ Donald Trump ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်သမ္မတတာဝန် စတင်ထမ်းဆောင်မှာပါ။ ၄၇ ယောက်မြောက် အမေရိကန်သမ္မတအနေနဲ့ လူထုအတွက် ဘာတွေလုပ်ပေးဖို့ မျှော်လင့်နေကြလဲဆိုတာနဲ့ ပတ်သက်ပြီး Scott Stearns ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားစစ်သား ၃၀၀ လောက် ကျဆုံးပြီး ၂,၇၀၀ လောက် ဒဏ်ရာရခဲ့ ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ဒီကနေ့လွှတ်တော်မှာ တံခါးပိတ်အစီရင်ခံ တင်ပြရာမှာပြောလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖေါ်ရေးလုပ်ကွက်တွေမှာ နွံကန်ပြိုကျလို့ လူနေအိမ်ခြေတွေနစ်မြုပ်သွားပြီး လူတချို့ သေဆုံးသလို တချို့ပျောက်ဆုံးနေပါတယ်။ လောလောဆယ် အလောင်း ၈ လောင်း ရှာတွေ့ထာပြီး ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်းအစိုးရဝန်ကြီးအဖွဲ့က ထိုင်းနိုင်ငံ ခရီးသွားလာရေးကဏ္ဍအတွက် ဆွဲဆောင်တဲ့အနေနဲ့ရော အလုပ်အကိုင်အခွင့်အလမ်းပိုတိုးလာစေဖို့ပါရည်ရွယ်ပြီး သတ်မှတ်ထားတဲ့ နေရာဒေသတချို့မှာ တရားဝင်လောင်းကစား လုပ်ငန်းလုပ်ပိုင်ခွင့်ပေးမယ့် ဥပဒေကြမ်းကို ဇန်နဝါရီ ၁၃ ရက်နေ့မှာ အဆိုပြုလိုက်ပါတယ်။
တရုတ်နိုင်ငံက မြေရှားသတ္တု ပြည်ပတင်ပို့မှုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ၆ ရာခိုင်နှုန်း တိုးလာ ကြောင်း အကောက်ခွန်ဌာနရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ စေ့စပ် ညှိနှိုင်းရေးမှူးတွေ မနေ့ညက အပစ်အခတ်ရပ်စဲရေးကိုဦးတည်တဲ့ သဘောတူညီချက်ရခဲ့ကြတယ်လို့ ဒီ ဆွေးနွေးမှုနဲ့ နီးစပ်တဲ့သူတွေက ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပြောပါတယ်။
လေတိုက်နှုန်းမြင့်လာနိုင်ခြေရှိတယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားတဲ့အတွက် အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ် တောင်ပိုင်း Los Angeles မြို့အနီးဝန်းကျင်မှာ လောင်ကျွမ်းနေတဲ့တောမီးတွေကို ထိန်းချုပ်နိုင်ဖို့ မီးသတ်သမားတွေဟာ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက် နေ့မှာ ကြိုးပမ်းနေကြပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ တရားမဝင် လုပ်ငန်းတွေလုပ်ကိုင်ရင်း နေရပ်ပြန်မရောက်တဲ့ ဟောင်ကောင်ဒေသခံတွေကို ရှာဖွေဖို့ ဟောင်ကောင် လုံခြုံရေးဗျူရိုက ထိုင်းနိုင်ငံကို အထူးအဖွဲ့တဖွဲ့ စေလွှတ်ထားကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။
“ဖားကန့် လုံးခင်အုပ်စု၊ ဆန်ခါနဲ့ မဇွပ်ယန်ရွာနှစ်ရွာကို စစ်ကောင်စီက ဒီမနက် ၁၀ နာရီ ၄၀ မှာ ဗုံး လာကြဲသွားတယ်။ ဗုံးသုံးလုံးချသွားလို့ ပြည်သူ အနည်းဆုံး ဆယ်ယောက်သေတယ်ပေါ့။ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်။ ပြီးရင် ဒီမနက် ၂ နာရီ ၃၅ မှာလည်း ဖားကန့်ဘက် ဗုံးလာကြဲသွားသေးတယ်။" (ဖားကန့်ဒေသခံ)
မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပေးချိန်ကို လျှော့ချလိုက်သလို စက်မှုလုပ်ငန်းရှင်တွေအတွက် စက်သုံးဆီကို ဆိုင်တွေမှာ မရောင်းပေးတော့တဲ့အတွက် လုပ်ငန်းတွေပြန်လည်ပတ်ဖို့ အခက်အခဲ အများကြီးရှိနေတယ်လို့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တချို့က VOA ကိုပြောပါတယ်။
ပဲခူးတိုင်း၊ ဒိုက်ဦး အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အသက် ၂၆ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား တဦး လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာကြောင့် ဇန်နဝါရီလ ၁၀ ရက်နေ့က သေဆုံးခဲ့တယ်လို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က VOA ကို ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းက အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်လောက် ထိန်းသိမ်းခံနေရပြီး အဓမ္မခိုင်းစေခံနေရတဲ့အကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထိုင်း လူ့အခွင့်အရေးကော်မရှင်ကို တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်