“သမ္မတတာဝန်ယူထားချိန် ရာဇဝတ်မှုကျူးလွန်တဲ့ ဘယ်သမ္မတကိုမဆို ပြစ်ဒဏ်ကင်းလွတ်ခွင့် မပြုဘူးဆိုတာ ရှင်းရှင်းလင်လင်းဖြစ်အောင် ဖွဲ့စည်းပုံကို ပြင်ဆင်သင့်ပါတယ်။ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ အကြွင်းမဲ့ ချုပ်ကိုင်ထားနိုင်တဲ့အာဏာမျိုး မဟုတ်ပါဘူး။ အဲဒီလိုလည်း မဖြစ်သင့်ပါဘူး” ( သမ္မတ Biden )
"မထင်ရင်မထင်သလို လှမ်းလှမ်းပစ်တာပဲ။ ပထမဦးဆုံးပစ်တုန်းကဆိုရင် သားမိသားဖ သုံးယောက်ပေါ် ကျတာ။ မိသားစုဝင်သုံးယောက်လုံးသေတယ်။ အဲဒီနောက်ပိုင်းမှာမှ စကျင်ရွာကိုပဲ ဦးတည်ပြီးပစ်တာ။ အခုလည်းပဲ ပစ်နေလို့ အဲဒီဘက်က ပြည်သူတွေကို စစ်ဘေးရှောင်ခိုင်းတယ်။ ပြည်သူ တွေက မရှောင်ကြဘူး။" (ဒေသတွင်းလက်နက်ကိုင်ရဲဘော်တဦး)
အစ္စရေးနဲ့ ဟားမက်စ်အကြား အဆင့် ၃ ဆင့်ပါဝင်တဲ့ အပစ်ရပ်ရေးသဘောတူညီချက်ရသွားပြီး စစ်သွေးကြွအဖွဲ့က တနှစ်ကျော်ကြာ ဖမ်းဆီးထားတဲ့ ဓားစာခံတချို့ကို ပြန်လွှတ်ပေးမှာပါ။ အမေရိကန်သမ္မတဘိုင်ဒန်က ဒီသဘောတူညီချက်ကို ချီးကျူးလိုက်ပြီး သူ့နေရာကိုဆက်ခံမယ့် ဒေါ်နယ်ထရမ့်ကိုလည်း အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျမှုမှာ အလောင်း ၃၂ လောင်းကို တွေ့ရှိခဲ့ပြီး ရှာဖွေရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။ နွံကန်ပြိုကျရာမှာ လူ ရာနဲ့ချီသေဆုံးနိုင်ကြောင်း ဒေသခံတွေကခန့်မှန်းကြပေမဲ့ စာရင်းအတိအကျရဖို့ ခက်ခဲကြောင်းလည်း ပြောပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်း စစ်ရှောင်စခန်းတခုမှာ ဇန်နဝါရီလ ၁၅ ရက်နေ့ မနေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တ့အကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့က ဗွီအိုအေကို ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ကိုးကန့်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေတွေ့ ဒီနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံပြီး တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့အကြောင်း ဆွေးနွေးပွဲနဲ့ နီးစပ်သူတွေက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။
ဆီးရီးယားမှာ အာဆတ်အစိုးရ ပြုတ်ကျသွားတာဟာ ဒေသတွင်း လွှမ်းမိုးမှုအတွက် အီရန်နဲ့ယှဉ်ပြိုင်ရာမှာ တူရကီရဲ့ နောက်ဆုံးအောင်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် အီရန်မှာလည်း အန်ကာရာနဲ့ ပြိုင်ဆိုင်ဖို့ အခွင့်အလမ်းတွေ ကျန်နေသေးတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
အီတလီနိုင်ငံ အခြေစိုက် နည်းပညာနဲ့ ကာကွယ်ရေး ခေတ်မှီထုတ်ကုန် ရောင်းချတဲ့ Leonardo ကုမ္ပဏီက မြန်မာရေတပ်အတွက် လက်နက်တွေ ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒီနေ့ ငြင်းဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် Greater Los Angeles ဧရိယာမှာ လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမားတွေ ဆက်လက် ငြိမ်းသတ်နေကြချိန်မှာဘဲ ဗုဒ္ဓဟူးနေ့မှာ လေပြင်းကြောင့် တောမီး ဆက်လက် ပျံ့နှံ့မယ့် အခြေအနေနဲ့ ကယ်လီဖိုးနီးယား တောင်ပိုင်းက သိန်းချီတဲ့ ပြည်သူတွေ ရင်ဆိုင်နေကြရပါတယ်။
အမေရိကန် သမ္မတ Joe Biden က သူ့ရဲ့ သမ္မတ သက်တမ်းကုန်ဆုံးဖို့ ၅ ရက်အလိုနဲ့ ရွေးကောက်ခံ သမ္မတ Donald Trump ကျမ်းသစ္စာကျိန်ဆိုဖို့ ၅ ရက်အလို ဗုဒ္ဓဟူးနေ့မှာ အမေရိကန် သမ္မတ အိမ်ဖြူတော် သမ္မတ ရုံးခန်းမှာ နှုတ်ဆက် မိန့်ခွန်း ပြောကြားပါတယ်။
လော့စ်အိန်ဂျယ်လိစ် တောမီးကြီးတောက်လောင်နေတာကို ဝိုင်းဝန်းငြိမ်းသတ်ပေးတဲ့ သူတွေထဲမှာ အကျဉ်းထောင်သားတွေလည်း ပါဝင်တာပါ။ တောမီးကူးဆက်တာကို တားဆီးဖို့ မီးတားတွေဖော်တာမှာ ပါဝင်တာရှိသလို မီးသတ်သမားတွေကို ပံ့ပိုးပေးတဲ့ တာဝန် ယူနေကြတာလည်း ရှိပါတယ်။
ဟားမတ်နဲ့ အစ္စရေးလ်ကြား အပစ်ရပ်ရေး သဘောတူညီချက် ရရှိသွားပြီး ဒီသဘောတူညီချက် အရ စစ်သွေးကြွ အဖွဲ့က တနှစ်ကျော်ကြာ ဖမ်းထားတဲ့ ဓားစာခံ တချို့ ပြန်လွတ်လာစေမှာ ဖြစ်ကြောင်း ကြားဝင် ညှိနှိုင်းသူတွေနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က စစ်ကိုင်းတိုင်းမှာ ရုံးဖွင့်တော့မယ်လို့ ကြေညာထားပြီး ဒီလို ရုံးဖွင့်လိုက်တဲ့အတွက် လက်တွေ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေက မျှော်လင့်နေကြပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့်နေရပ်စွန့်လာကြတဲ့ လူငယ်တော်တော်များကို ပြီးခဲ့တဲ့ လတွေကစပြီး ရန်ကုန်နဲ့ တခြားမြို့တွေမှာ စစ်ကောင်စီဘက်က တိုးပြီးစစ်ဆေးဖမ်းဆီးလာနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။ ဖမ်းဆီးစစ်ဆေးမှုတွေ တိုးလာတာနဲ့အမျှ ရခိုင်တိုင်းရင်းသားလူငယ်တွေ လုံခြုံရေးအတွက် စိုးရိမ်နေကြတာပါ။
အစ္စရေးနဲ့ဟာမတ်စ်အကြား ဂါဇာမှာဖြစ်နေတဲ့စစ်ပွဲအဆုံးသတ်စေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရနိုင်ဖို့ စေ့စပ်ညှိနှိုင်းရေးမှူးတွေ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကြိုးစားနေကြ ပါတယ်။ တချိန်တည်းမှာပဲ ဂါဇာအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို လေကြောင်းက ဒီကနေ့ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသမှာတောမီးကြောင့် ဒီနေ့အထိ သေဆုံးသူ ၂၅ ဦးရှိသွားပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာလည်း ခြောက်သွေ့ပြီး လေပြင်း တိုက်ခတ်နိုင်တာကြောင့် မီးကူးစက်နိုင်တဲ့အန္တရာယ်ကိုသတိထားဖို့ အမျိုးသားမိုးလေဝသဌာန အပါအဝင် ဒေသဆိုင်ရာအာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန် ထားပါတယ်။
မြန်မာနိုင်ငံအရှေ့ခြမ်း ထိုင်းနယ်စပ်အနီးက အဓိကကျားဖြန့်အွန်လိုင်းလိမ်လည်လုပ်ငန်းတွေရှိတဲ့နေရာမှာ ဂျပန် ၆ ဦးအပါအဝင် အများအပြား ဖမ်းဆီးခိုင်းစေခံထားရတယ်လို့ လူကုန်ကူးခံရသူတွေအရေး ဆောင်ရွက်တဲ့ ထိုင်းအရပ်ဖက်အဖွဲ့တခုက ထုတ်ပြန်ကြောင်း ဂျပန်သတင်းစာ The Asia Simbun က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာရေးသားဖေါ်ပြပါတယ်။
အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေကို နှိမ်နှင်းဖို့ ကရင်တိုင်းရင်းသား လက်နက်ကိုင် DKBA နဲ့ BGF နယ်ခြားစောင့်တပ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဒီနေ့ မြဝတီမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွါးမှု တိုးလာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် နောက်ထပ် ကပ်ရောဂါတမျိုးကြုံလာမှာကို နိုင်ငံတကာက စိုးရိမ်နေပါတယ်။ ဒါပေမယ့် ဒီရောဂါပိုးဟာ ကိုဗစ်နဲ့ မတူဘူးလို့ ဆေးပညာရှင်တွေကပြောတဲ့ အကြောင်း VOA သတင်းထောက် Dora Mekouar ရဲ့သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားဈေးကွက်နဲ့ မော်တော်ယာဉ်ထုတ်လုပ်မှု အခြေအနေတွေနဲ့ပတ်သက်လို့ တနင်္လာနေ့က စက်မှုလုပ်ငန်းအစီရင်ခံစာသစ်တစ်စောင် ထွက်ပေါ်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်