မလေးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေး လူသားချင်းစာနာမှု အကြပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် အလေးပေးဆောင်ရွက်သွားမယ့်အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူးချုပ် Datuk Seri Amran Mohamed Zin က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဇန်နဝါရီလ ၂၀ ရက်၊ လာမယ့်တနင်္လာနေ့မှာကျင်းပမယ့် Donald Trump ရဲ့ သမ္မတ ကျမ်းသစ္စာ ကျိန် ဆိုပွဲကို နှစ်နိုင်ငံကြား အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး၊ ဆက်ဆံရေးမှာ နှစ်ဦး နှစ်ဘက် အကျိုးဖြစ်ထွန်းရေးတို့ကိုရှေ့ရှုပြီး ဒုသမ္မတကို စေလွှတ်မှာဖြစ်ကြောင်း တရုတ်အစိုးရက ပြောပါတယ်။
Los Angeles ခရိုင်ထဲမှာ မီးဘေးဒဏ်ခံထားရချိန်မှာ လောဘကြီးတဲ့ စီးပွားရေးသမားတွေ၊ အိမ်ရှင်တွေ၊ မြေရှင်တွေ၊ မီးလောင်ထားတဲ့အိမ်တွေကို ဈေးနှိမ်ပြီးဝယ်ဖို့ကြိုးစားနေသူတွေ၊ လူလိမ်တွေဟာ မီးဘေးဒုက္ခသည်တွေဆီက အမြတ်ထုတ်ဖို့ ကြိုးစားနေကြသူတွေကို အရေးယူသွားမှာဖြစ်ကြောင်း ပြည်နယ်ရှေ့နေချုပ်က ပြောခဲ့ပါတယ်။
“ဒီနေ့ ၁၇ ဆိုတော့ ၁၅ ရက်နေ့ လောက်ကစပြီးတော့ တောက်လျှောက်ပစ်ခတ်မှုတွေ ရှိတယ်၊ ပစ်တယ်ဆိုတာကလည်း အရင်တုန်းကလို လက်နက်ကြီး တချက်နှစ်ချက်ပစ်တာမျိုးမဟုတ်ဘူး။ အတွဲလိုက်ပစ်တဲ့လက်နက်ပစ္စည်းတွေ ရောက်နေတာလားမသိဘူး၊ တခါပစ်ရင် ၆ ချက်၊ ၈ ချက်၊ ၁၀ ချက်၊ အဲလိုမျိုး တရစပ်ပစ်သံတွေ ကြားရတယ်။" (စစ်တွေဒေသခံ)
"ခမ်းပတ် အမှတ် (၁) အရှေ့ဘက်ရပ်ကွက်မှာ (၁) နေရာ အနောက်ဖက်ရပ်ကွက်မှာ (၁) နေရာ၊ ကနန်ကျေးရွာ ဘုန်းကြီးကျောင်းကော ပါတယ်။ ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့) ရဲဘော် တယောက်ရယ်၊ ၃ နှစ်အရွယ် အရပ်သားကလေးငယ်တယောက်၊ ဒဏ်ရာရတာက လက်ရှိ ၃ ယောက် ကျောင်းထိုင် ဘုန်းကြီးလည်းပါတယ်။" (ခမ်းပတ်ပြည်သူ့အုပ်ချုပ်ရေး)
စစ်ကိုင်းတိုင်းထဲက တရုတ်ကြေးနီထုတ်လုပ်ရေး စီမံကိန်းနေရာတဝိုက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ကြား နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေပါတယ်။ တိုက်ပွဲတွေဟာ ရှေ့ဆက်ပြင်းထန်လာနိုင်တဲ့အခြေအနေကို ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
မြန်မာစစ်ကောင်စီ ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အာရုံလွှဲအောင် ကြိုးစားတဲ့ လုပ်ရပ်သာဖြစ်ပြီး လုံးဝ ယုံကြည်စိတ်ချနိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့အကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရှေ့တပတ် တနင်္လာနေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် သမ္မတ အဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာပါ။ ကွဲလွဲမှုတွေ ပိုများလာတဲ့ တိုင်းပြည်မှာ ပြီးခဲ့တဲ့ ၉ နှစ်တာကာလ တလျှောက် ရီပတ်ဘလစ်ကန်ပါတီတွင်း အပြောင်းအလဲတွေ ဖြစ်စေခဲ့သူတဦး သမိုင်းဝင် အာဏာပြန်ရတာလည်း ဖြစ်ပါတယ်။
အမေရိကန် အနောက်ပိုင်း ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေထဲက ကြီးမားတဲ့ နေရာ ၂ နေရာကို မီးသတ်သမားတွေ ထိန်းချုပ်နိုင်ပြီဖြစ်သလို လေကလည်း နဲနဲ ငြိမ်သွားပြီ ဖြစ်တဲ့ အတွက် အန္တရာယ် အကြီးဆုံးနေရာ အဖြစ်သတ်မှတ်ထားတဲ့ နေရာ အတော်များများမှာ သတိပေးချက်တွေ ရုတ်သိမ်းလိုက်ပါတယ်။
ဂါဇာ အပစ်ရပ်ရေးနဲ့ အဖမ်းခံနေရတဲ့ ဓါးစာခံတွေ ပြန်လွတ်မြာက်ရေး သဘောတူညီချက် တည်မြဲရေး အတွက် အငြင်းပွါးမှုတွေ ရှိနေတဲ့ ကြားကပဲ အခု တနင်္ဂနွေနေ့ ဇန်နဝါရီ ၁၉ မှာ ဒီသဘောတူညီမှု စတင်တော့မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြာသပတေးနေ့မှာ ပြောပါတယ်။
အာရှဒေသတွင်း လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး ၂၀၂၄ မှာ တိုးတက်မှု တချို့တွေ့ရပေမယ့် စစ်တပ်အာဏာသိမ်းထားတာ ၄ နှစ်နီးပါးရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းဆန့်ကျင်သူတွေကို ဖမ်းဆီး ထောင်ချတာ ဗုံးကြဲတာတွေ လုပ်နေဆဲပဲလို့ HRW ၂၀၂၅ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အွန်လိုင်း လောင်းကစားမှုတွေနဲ့ ဖုံးဆက်လိမ်လည်မှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ နဲ့ တာဝန်ယူ ဖြေရှင်းဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။
ကမ္ဘာတလွှား အကျဉ်းချ ခံနေရတဲ့ သတင်းသမား အများဆုံးရှိတဲ့ နိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ပြီး မြန်မာကတော့ အစ္စရေးပြီးရင် တတိယမြောက် အများဆုံး နိုင်ငံ ဖြစ်ကြောင်း CPJ သတင်းသမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဂါဇာမှာဖြစ်နေတဲ့စစ်ပွဲက ကမ္ဘာတဝန်းမှာရှိတဲ့ ဂျူးလူမျိုးတွေ အစ္စရေးနဲ့ဆက်နွယ်မှုကို ပိုမို အားကောင်းလာစေပြီး ဂျူးလူမျိုးတွေရဲ့နိုင်ငံကို ရွှေ့ပြောင်း အခြေချနေထိုင်မှုလည်း တိုးများလာစေပါတယ်။ တချိန်တည်းမှာဘဲ တိုင်းပြည်ကနေ ထွက်ခွာသွားကြတဲ့ အစ္စရေးနိုင်ငံသား အရေအတွက်လည်း ယာယီအားဖြင့် တိုးလာနေပါတယ်။
အမေရိကန်သမ္မတ Joe Biden က ချမ်းသာတဲ့ လူနည်းစုကသာ အာဏာကို ချုပ်ကိုင်လာနိုင်တဲ့ အန္တရယ်နဲ့ ပတ်သက်လို့ နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း သတိပေး ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ VOA သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ဗြိတိန်နဲ့ယူကရိန်းနိုင်ငံကြားမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ သိပ္ပံနဲ့ နည်းပညာကဏ္ဍ အကျိုးတူ ဆောင်ရွက်မှုနဲ့ ခိုးယူခံလိုက်ရတဲ့ ယူကရိန်းကောက်ပဲသီးနှံတွေကိုခြေရာခံဖို့အပါအဝင် နှစ်နိုင်ငံ သဘောတူစာချုပ်တရပ် ချုပ်ဆိုသွားမယ်လို့ ဗြိတိန်က ဒီနေ့ ကြေညာလိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson က အောက်လွှတ်တော်မှာ သြဇာကြီးမားတဲ့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ Mike Turner ကို ကော်မတီဥက္ကဋ္ဌတာဝန်ကနေ မနေ့ ဗုဒ္ဓဟူးနေ့က ဖယ်ရှားလိုက်ပါတယ်။
Hamas အဖွဲ့က နောက်ဆုံးထိ လျှော့ပေါ့မှုတွေရဖို့ လုပ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ်က စွပ်စွဲပြီး သဘောတူထားတဲ့ အချက်အားလုံးကို စစ်သွေးကြွအဖွဲ့ဘက်က လက်မခံသရွေ့ ဒီသဘောတူညီချက်ကို တရားဝင်လက်ခံဖို့ အစ္စရေးအစိုးအဖွဲ့ အစည်းအဝေးလုပ်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Benjamin Netanyahu ကပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ အထူးဒီဇိုင်းဖော် စိုက်ပျိုးထားတဲ့ စပါးခင်းက ရပ်နီး၊ ရပ်ဝေးမှာ နာမည်ကျော်ပြီး ဒီဇင်ဘာလက စတင်ဖွင့်လှစ်ပြသကတည်းက ကျောင်းသားတွေ၊ မိသားစုတွေနဲ့ ဒေသခံတွေ ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုကြတာပါ။
မြန်မာနိုင်ငံ၊ မြဝတီမြို့နားက ရွှေကုက္ကိုအပြင် နောက်ထပ် ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်နေတဲ့ နေရာအသစ်တွေ ထပ်မံပေါ်ပေါက်နေပြီး မြဝတီမြို့အနီးမှာ နောက်ထပ်ပေါ်လာနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းနိုင်ဖို့ အဓိကအာရုံစိုက် ဆက်လက်ဖိအားပေး ဆောင်ရွက်နေတယ်လို့ တရုတ်အစိုးရက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်