မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးဘဲ ဆက်လက် တားမြစ်ဖို့ အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်လိုက်တဲ့အကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံက ဒီနေ့ ပြောဆိုတာကို ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။
လူသုံးများတဲ့ ဗွီဒီယို လူမှုကွန်ရက် တခုဖြစ်တဲ့ TikTok ကို အမေရိကန်ပြည်ထောင်စုမှာ ပိတ်ပင်ခံရမှုက ရှောင်ရှားနိုင်ဖို့ အတွက် ရောင်းချမှု သဘောတူညီချက် ရယူနိုင်ရေး ရက်ပေါင်း ၉၀ အချိန်ထပ်တိုးဖို့က “ဖြစ်နိုင်တယ်” လို့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က စနေနေ့မှာ ပြောလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ စွပ်စွဲပြစ်တင်ခံနေရတဲ့ သမ္မတ ယွန်းဆွပ်ယိုး Yoon Suk Yeol ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုးလ်မြို့တော်က သမ္မတအိမ်တော်မှာ ထိန်းသိမ်းခံရပြီးနောက်မှာ ဒီနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာတော့ တရားဝင် ဖမ်းဆီး ခံခဲ့ရပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုအတွက် ထောင်ချခံရမယ့်အရေး ရင်ဆိုင်နေရတာပါ။
လာမယ့် ရိုဟင်ဂျာအရေး နိုင်ငံတကာ ညီလာခံအတွက် ပြင်ဆင်တဲ့နေရာမှာ အားလုံး ညီညွတ်တဲ့ အသံတခု ထွက်အောင် ကြိုးစားဖို့ တိုက်တွန်းတာပါ။ အူးခီးယား ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ကိုယ်တိုင် သွားရောက် တွေ့ဆုံချိန်မှာ အခုလို ပြောကြားခဲ့တာပါ။
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan နဲ့ သူ့ရဲ့ ဇနီးတို့ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပါကစ္စတန် တရားရုံးတခုက သောကြာနေ့မှာ ပြင်းထန်တဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ကို ထောင်ဒဏ် ၁၄ နှစ်၊ သူ့ဇနီးကိုတော့ ထောင်ဒဏ် ၇ နှစ် အသီးသီး ချမှတ်လိုက်တာပါ။
ရုရှားသမ္မတ Vladimir Putin နဲ့ အီရန်သမ္မတ မာဆွတ် ပက်ဇက်ရှ်ကီယံ တို့ သောကြာနေ့က မော်စကိုမြို့တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Taylor Swift က တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရှန်ဟိုင်းမြို့မှာ ဖျော်ဖြေပွဲလုပ်ဖို့ ဖြစ်နိုင်မဖြစ်နိုင် အလားအလာနဲ့ပတ်သက်ပြီး တေလာဆွိဖ်ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ "ကနဦး ဆွေးနွေးမှုတွေ" ပြုလုပ်ခဲ့တယ်လို့ တရုတ်သတင်းဌာန The Paper ကရေးသားဖော်ပြပါတယ်။
TikTok ကို သူ့ရဲ့ တရုတ်အခြေစိုက် မိခင်ကုမ္ပဏီ ByteDance က အမေရိကန်ကို မရောင်းဘူးဆိုရင် မနက်ဖြန် တနင်္ဂနွေနေ့ကစလို့ TikTok အသုံးပြုခွင့် ပိတ်ပင်တားမြစ်နိုင်တဲ့ ဖက်ဒရယ်ဥပဒေ တရပ်ကို အမေရိကန် တရားရုံးချုပ်က သောကြာနေ့မှာ တညီတညွတ်တည်း ထောက်ခံလိုက်ပါတယ်။
အသက် ၃၀ အရွယ်ရှိ အဆိုတော် J-Hope က ဖျော်ဖြေပွဲရက်တွေပါတဲ့ ပိုစတာပုံကို အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာမှာ တင်ပြီး "နောက်ဆုံးတော့!!! ဂျေဟုပ် က 'HOPE ON THE STAGE'" ဖျော်ဖြေရေးခရီး ထွက်နိုင်ပြီလို့ ရေးထားပါတယ်။
အမေရိကန်ဟောလီးဝုဒ်ရဲ့ နာမည်ကျော် မင်းသားလည်းဖြစ်၊ ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်တဲ့ Kevin Costner ကယ်ဗင် ကော့စ်နာ စနေနေ့၊ ဇန်နဝါရီ ၁၈ ရက်နေ့မှာပဲ အသက် ၇၀ ပြည့်ပါပြီ။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကနေ မြဝတီမြို့ကို ချီတက်လာတဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းရဲ့ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLA/PDF နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၁၇ ရက်နေ့မှာ VOA ကို ပြောပါတယ်။
MNDAA ကိုးကန့် အဖွဲ့ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံနေတဲ့ ဆွေးနွေးပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေကို အသုတ်လိုက် ခွဲပြီး ပြန်လွှတ်ပေးဖို့ MNDAA ဘက်က သဘောတူလိုက်တယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။
လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ရာသီဥတု အခြေအနေကြောင့် လွှတ်တော် အဆောက်အအုံ အတွင်းပိုင်းမှာ ပြောင်းလဲ ကျင်းပတော့မှာဖြစ်ပါတယ်။
အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ရွှေဝါရောင်ဆရာတော် နတ်ဇောလို့လူသိများတဲ့ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို အပတ်စဉ် တနင်္လာနေ့တိုင်း အင်းစိန်ထောင်ထဲက အထူးတရားရုံးမှာ အမှုချိန်း သတ်မှတ်ထားတဲ့အကြောင်းနဲ့ ထောင်ထဲမှာ ကျန်းကျန်းမာမာ ရှိတဲ့အကြောင်း နီးစပ်တဲ့သူတဦးက VOA ကို ပြောပါတယ်။
ဒေါ်ဆောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အတိုက်အခံတွေကို အကျဉ်းချဖမ်းဆီးထားပြီး အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေချိန်မှာ စစ်ကောင်စီအနေနဲ့ တရားမျှတပြီး အများလက်ခံယုံကြည်တဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ ကျင်းပနိုင်မှာ မဟုတ်တဲ့အကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အဖွဲ့ကြီးက ပြောဆိုပါတယ်။
မိခင်ကုမ္ပဏီ ByteDance နဲ့ Tiktok တစ်တော့ဟာ သမ္မတဘိုင်ဒင်လက်မှတ်ထိုးထားတဲ့ ဥပဒေကို စိန်ခေါ်မှုတွေရှိနေနိုင်တယ်လို့ အမေရိကန်တရားလွှတ်တော်ချုပ် တရားသူကြီးတွေဟာ သံသယရှိနေကြပါတယ်။ အဲဒီဥပဒေအရ လူကြိုက်များတဲ့ App အက်ပ်ကို အမေရိကန်မှာ ဇန်နဝါရီ ၁၉ ရက်နေ့မတိုင်မီ ရောင်းချဖို့ သို့မဟုတ် ပိတ်ပင်ဖို့ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကားတွေခိုးပြီး အာဖရိကကို အကြီးအကျယ် တင်ပို့နေတာနဲ့ ပတ်သက်လို့ Baltimore ဆိပ်ကမ်းကနေ ဗွီအိုအေကြီးတန်းသတင်းထောက် Steve Herman သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ညဏ်ရည်တု နည်းပညာနဲ့ crypto ငွေကြေးမှာ အမေရိကန်က ကမ္ဘာ့ဦးဆောင်နိုင်ငံ ဖြစ်လိုတယ်လို့ ရွေးကောက်ခံသမ္မတ Donald Trump က ပြောပါတယ်။ ဒီကဏ္ဍမှာ ဦးဆောင်ဖို့ ဆီလီကွန်ဗယ်လီက ရင်းနှီးမြှုပ်နှံသူနဲ့ စွန့်ဦးလုပ်ငန်းရှင်တဦးကို ရွေးချယ်လိုက်ပါတယ်။ Michelle Quinn ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြမှာပါ။
ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓားစာခံတွေပြန်လွတ်လာရေးအပါအဝင် အပစ်ရပ်ရေးသဘောတူညီချက်တွေကို လက်ခံသင့်တယ်လို့ လုံခြုံရေးဆိုင်ရာဝန်ကြီးအဖွဲ့က အစ္စရေး အစိုးရကို အကြံပြုလိုက်ပြီလို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ တရားမဝင်အလုပ်လုပ်ဖို့ အဖမ်းခံထားရတဲ့ ဟောင်ကောင်ကျွန်း ဒေသခံတွေ ပြန်လွတ်လာရေးအတွက် ဟောင်ကောင်ဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ကို ဟောင်ကောင်လုံခြုံရေးဗျူရိုအကြီးအကဲ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်