ရှမ်းပြည်နယ်မြောက်ပိုင်းက တအောင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဒီနေ့မွန်းလွဲပိုင်းမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး အရပ်သားတဦးသေဆုံးပြီး ၂ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီ သမ္မတ အမိန့်ကြေညာချက်တွေထဲက လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ အမိန့်တွေကတော့ အမေရိကန်-မက္ကဆီနယ်စပ်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာတာ၊ ခိုလှုံခွင့်လျှောက်ထားခွင့်နဲ့ အမေရိကန်မှာ မွေးဖွားတဲ့ ကလေးငယ်တွေ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ရှိတာတွေကို ရပ်ဆိုင်းတာတွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံအတွင်းက ပြည်တွင်းနေရပ်စွန့်ခွာနေရသူတွေ အချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ စိတ်ဖိစီးမှု၊ လူအခွင့်အရေးချိုးဖေါက်မှုနဲ့ ဥပဒေရေးရာ အကူအညီမရတဲ့ ကန့်သတ်ချက် အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့အကြောင်း UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံး က လူမှုကွန်ယက်တွေမှာ ဒီနေ့ ရေးသားထားပါတယ်။
အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ရွှေဝါရောင် ဆရာတော် နတ်ဇောလို့လူသိများတဲ့ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက အမှု ၂ မှုနဲ့ ထပ်မံတရားစွဲဆိုလိုက်တယ်လို့ တရားရေးနဲ့ နီးစပ်သူတွေက VOA ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အခုနှစ် အစပိုင်းကတည်းက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခံရသူတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်မှုထမ်းအတွက် စစ်ကောင်စီဘက်က လူစုဆောင်းနေတာ ဇန်နဝါရီလထဲမှာ အယောက် ၂၀၀ ဝန်းကျင် အထိရှိလာပြီး၊ စုဆောင်းခံရသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
စစ်ကောင်စီနဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ နယ်မြေအများအပြားကို ထိန်းချုပ်ထားပြီး တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတယ်လို့ အာရက္ခတပ်တော် AA အဖွဲ့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ပေးထားတဲ့ USRAP ခေါ် ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်တဲ့အကြောင်း သမ္မတ Donald Trump က မနေ့က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့အချိန်က စတင်ပိတ်ပင်ခဲ့တဲ့ ဝဒေသဟိုပန်ကနေ ကိုးကန့်နယ်မြေကိုကုန်စည်ကူးသန်းတာကို ဒီကနေ့ကစတင်ပြီး ပြန်လည်ခွင့် ပြုလိုက်ပါတယ်။ ဒီလို လွတ်လပ်စွာ ကုန်သွယ်ခွင့်တွေ စတင်နိုင်တာကြောင့် နှစ်ဘက်ပြည်သူတွေ အဆင်ပြေချောမွေ့စေတယ်လို့ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကပြောပါတယ်။
နိုးကြားတယ်ဆိုတာ ဖိနှိပ်မှုကို သိမြင်ပြီး တရားမျှတမှုအတွက် ကတိကဝတ်ပြုထားတာ ဖြစ်တယ်လို့ မာတင်လူသားကင်း ရဲ့ အငယ်ဆုံးသမီး Bernice King က ပြောပါတယ်။ သူတို့ရဲ့ လွတ်လပ်ခွင့်တွေကို ထိပါးနိုင်တာကို ပြောလိုက်တဲ့ အခါမှာ ပရိသတ်က မတ်တပ်ရပ်ကြပြီး၊ ငါတို့ နောက်ပြန်မသွားဘူးလို့ သံပြိုင် ကြွေးကြော်လိုက်ကြပါတယ်။
အမေရိကန်နိုင်ငံရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီး၊ သာမာန်အသိဥာဏ်တော်လှန်ရေးဆင်နွှဲဖို့ ခေါ်သံပေးလိုက်ပါတယ်။ နိုင်ငံတွင်း ဥပဒေမဲ့ နေထိုင်နေကြသူတွေကို နှင်ထုတ်ဖို့အပါဝင် မူဝါဒအပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန် လုပ်မယ်လို့လည်း ကတိပေးပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းငွေကြေး လိမ်လည်တဲ့ဂိုဏ်းတွေမှာ လှည့်ဖျားခိုင်းစေခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂ ယောက်ကို နေရပ် ပြန်ပို့လိုက်တဲ့ အကြောင်း ဒီနေ့ထုတ် ဂျာကာတာပို့စ် သတင်းစာမှာ ဖေါ်ပြပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဒီကနေ့ တနင်္လာနေ့မှာ ဆက်လက် တည်တံ့နေပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စခဲ့တဲ့စစ်ပွဲ အဆုံးသတ်နိုင်ရေး ပထမအဆင့်အဖြစ် သီတင်း ၆ ပတ်ကြာ အပစ်အခတ် ရပ်စဲဖို့ ၂ ဖက် သဘောတူထားကြတာပါ။
၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ သမ္မတထရမ့် ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို လက်မခံပဲ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က လွှတ်တော်ကို စီးနင်းဝင်ရောက်ခဲ့တဲ့ လုပ်ရပ်ကို စုံစမ်းစစ်ဆေးခဲ့ကြတဲ့ အောက်လွှတ်တော် ကော်မတီဝင်တွေကို သမ္မတဘိုင်ဒင် ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ကြေညာလိုက်တာပါ။
အမေရိကန် နိုင်ငံရေးအစဉ်အလာမှာ ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှု လုပ်ငန်းစဉ်အဖြစ် ထင်ရှားတဲ့ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ပထမဆုံးအကြိမ် ပြည်ပခေါင်းဆောင်တွေကို ရွေးကောက်ခံသမ္မတ Donald Trump က ဖိတ်ကြားလိုက်ပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ထိန်းချုပ်ဖို့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံ နယ်စပ်မှာ လုံခြုံရေး ပိုမိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံ နယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေကြတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဒေသတွင်းနိုင်ငံတွေက ပူးပေါင်းနှိမ်နင်းမှုတွေ တိုးမြှင့်လာတာနဲ့အမျှ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ရိုက်ခတ်လာမှာကိုလည်း အလုပ်သမားရေး လှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။
အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ခံသမ္မတ Donald Trump ဟာ ဒီကနေ့ ဝါရှင်တန် ဒီစီမြို့တော်မှာ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။ ဒါဟာဆိုရင် အမေရိကန်မှာ ၁၈၉၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း သက်တမ်း ၂ ကြိမ် ဆက်တိုက် မဟုတ်ဘဲ နောက်တကြိမ် သမ္မတတာဝန် ထမ်းဆောင်မယ့် ပထမဆုံး သမ္မတ အဖြစ်နဲ့လည်း သမိုင်းဝင်မှာပါ။
ထိုင်းနိုင်ငံမှာ သဘက်ခါ ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့က စပြီး လိင်တူချင်း တရားဝင် ထိမ်းမြားလက်ထပ်ခွင့် ရတော့မှာဖြစ်တဲ့အတွက် ပထမဆုံးခွင့်ပြုတဲ့နေ့မှာ ဘန်ကောက်မြို့က ရာနဲ့ချီတဲ့ လိင်တူစုံမက်သူ စုံတွဲတွေ လက်မှတ်ထိုး လက်ထပ်ကြဖို့ စီစဉ်နေပါတယ်။
MNDAA နဲ့ စစ်ကောင်စီတို့ အပစ်ရပ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီး ဇန်နဝါရီလ ၁၈ ရက်၊ စနေနေ့မှာ စတင်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ဒီနေ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။
ဒီနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ ဘဝကို မြှုပ်နှံခဲ့တဲ့ မာတင်လူသားကင်းအတွက် အောက်မေ့ဂုဏ်ပြုတဲ့နေ့ ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေက အမေရိကန် သံရုံးတွေ တော်တော်များများ ပိတ်ထားကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်