တရုတ်၊ အစ္စရေးနဲ့ မြန်မာတို့ဟာ သတင်းစာဆရာတွေကို အကျဥ်းချရာမှာ အဆိုးဆုံး တိုင်းပြည်တွေ ဖြစ်ကြပါတယ်။ တကမ္ဘာလုံးမှာ သတင်းထောက် အနည်းဆုံး ၃၆၁ ယောက်ဟာ အကျဥ်းကျနေကြတာကို သတင်းစာဆရာများ ကာကွယ်ရေး ကော်မတီ CPJ က စာရင်းတင်ထားပါတယ်။ Cristina Caicedo Smit ရဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာတီတိုင်းအတွင်း ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ် စတဲ့မြို့တွေကို ဖြစ်နိုင်ရင် ခရီးမသွားကြဖို့ မြန်မာနိုင်ငံမှာ ရှိတဲ့ UK သံရုံးက သူနိုင်ငံသားတွေကို မနေ့က သတိပေးချက် ထုတ်ပြန်ပါတယ်။
TikTok အသုံးပြုမှု ပိတ်ပင်ရေး ဥပဒေကို ရက်ပေါင်း ၇၅ ရက် ဆိုင်းငံ့ပေးပြီး အမေရိကန်ဝယ်သူရှာဖို့အတွက် တကျော့ပြန် သမ္မတဖြစ်လာတဲ့ Donald Trump က သမ္မတ အမိန့်လက်မှတ်ရေးထိုးလိုက်တာကို အမေရိကန်ပြည်ထောင်စုမှာ TikTok အသုံးပြုသူ သန်းပေါင်းများစွာက စောင့်ကြည့်နေကြပါတယ်။ ဒီအကြောင်း မခင်လေးက တင်ပြမှာပါ။
မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံ အတွင်းရေးမှူးချုပ် Dr. Kao Kim Hourn နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop တို့ မနေ့က တွေ့ဆုံဆွေးနွေးကြတဲ့အကြောင်း အာဆီယံက သတင်းထုတ်ပြန်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အမေရိကန် စစ်မှုထမ်းဟောင်း Manus McCaffery ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းစစ်တပ်ထဲကို သွားရောက်ပြီး ကိုယ့်ဆန္ဒအလျောက် စစ်မှုထမ်းခဲ့သူပါ။
အမေရိကန် ပြည်ထောင်စု တောင်ပိုင်း နယ်စပ် လုံခြုံရေးကို ထောက်ကူဖို့ အတွက် အမေရိကန် စစ်ဌာနချုပ် ပန်တဂွန်က တပ်ဖွဲ့ဝင် ၁,၅၀၀ ကို လာမယ့် ရက်ပိုင်း အတွင်း တပ်ချမယ့် အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန် သမ္မတ Doanld Trump က သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းကို စတင် တာဝန်ယူလာတာနဲ့ အတူပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် Marco Rubio က အမေရိကန် သံတမန်ရေးမှာ အမေရိကန် အမျိုးသား အကျိုးစီးပွားကို ဗဟိုပြုမှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။
ရုရှား သမ္မတ Vladimri Putin အနေနဲ့ ယူကရိန်းကို တိုက်ခိုက်နေတဲ့ အဓိပ္ပါယ်မဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဒါမှမဟုတ်ရင်တော့ အနောက်နိုင်ငံတွေထံ တင်ပို့နေတဲ့ ရုရှားရဲ့ ပို့ကုန်တွေ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ကြုံရမယ်လို့ အမေရိကန် သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေရဲ့ ဖမ်းဆီး ခိုင်းစေခြင်း ခံထားရတယ်ဆိုတဲ့ သူတို့မိသားစုဝင်တွေ ပြန်လွတ်ပေးရေး တရုတ်မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေ ပပျောက်အောင် နှိမ်နှင်းရေး တရုတ်၊ မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီလိုက်တဲ့အကြောင်း အကြောင်း တရုတ်သတင်းဌာနက ထုတ်လွှင့်ပါတယ်။
တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို စစ်ကောင်စီက ဒီနေ့မွန်းလွဲပိုင်းမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၈ ဦးထက်မနည်း သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သမ္မတထရန့်အစိုးရအနေနဲ့ ယူကရိန်းသမ္မတဗလိုဒီမာဇာလင်းစကီးနဲ့ဆက်သွယ်စကားပြောနေပြီး၊ မကြာမီမှဘဲရုရှား သမ္မတ ဗလာဒီမာပူတင်နဲ့လည်းဆက်သွယ်စကားပြောဖို့ရှိတယ်လို့ သမ္မထရန့်က ပြောဆိုလိုက်တဲ့အပြင်၊ ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့ရေးယူမှုတွေနဲ့ပတ်သက်လို့ ဖြစ်နိုင်လာနိုင်ခြေရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်မြေပေါ်မှာမွေးဖွားတဲ့ကလေးတွေကို နိုင်ငံသားပေးရမယ်ဆိုတဲ့ပြဌာန်းချက်ကို ပိတ်ပင်လိုက်တဲ့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့အမိန့်ကို ဒီမိုကရက်ပါတီအားကောင်းတဲ့ ပြည်နယ် ၂၂ ခုက အင်္ဂါနေ့တုန်းက တရားစွဲဆိုကန့်ကွက်လိုက်ကြပါတယ်။
အမေရိကန်သမ္မတ Donald Trump က ဥရောပသမဂ္ဂ နိုင်ငံတွေက သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ဖို့ ပြောဆိုလိုက်ပြီး၊ အစောဆုံး ဖေဖော်ဝါရီ ၁ ရက်ကစ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ်မှာလည်း အခွန် ၁၀% တိုး ကောက်ခံသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြားတိုက်ပွဲတွေ ဧရာဝတီတိုင်းအတွင်းထိ ကျယ်ပြန့်လာတာကြောင့် ချောင်းသာကမ်းခြေမှာရှိတဲ့ ပြည်သူတွေ စိုးရိမ်ပြီး နေရပ်စွန့်ခွာတိမ်းရှောင်နေသလို ဟိုတယ်တချို့လည်း ပိတ်ပြီး ပစ္စည်းတွေ ပြောင်းရွှေ့နေပါတယ်။
မြန်မာနိုင်ငံ နယ်စပ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေကို တိုက်ဖျက်ရေး ထိုင်းနဲ့မြန်မာ တာဝန်ရှိသူတွေဒီရက်ပိုင်းမှာ ခပ်စိပ်စိပ် တွေ့ဆုံဆွေးနွေးနေပါတယ်။
ကရင်ပြည်နယ် မြဝတီ ရွှေကုက္ကိုလ် နဲ့ KK Park နယ်မြေတွေမှာ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေလည်ပတ်ဖို့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက်လိုင်းအဆက်အသွယ်ကို မြန်မာနိုင်ငံအတွင်းမှ ရရှိတာ မဟုတ်ဘဲ၊ တဖက်နိုင်ငံကတဆင့် ရယူနေတာ ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတ အိမ်ဖြူတော်ကို တနင်္လာနေ့က ပြန်ရောက်တာနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စကနေ စွမ်းအင်ဖွံ့ဖြိုးမှု ကိစ္စအထိ သမ္မတ အမိန့်တွေ အမြောက်အမြားထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ ကျမ်းကျိန် မိန့်ခွန်းမှာလည်း အမေရိကန် နယ်မြေတွေကို အင်္ဂါဂြိုလ်အထိ ချဲ့ထွင်မယ်လို့ ကတိပေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း ဒေသတွေမှာ ခြောက်သွေ့ပြီး လေပြင်းတိုက်ခတ်မယ်လို့ မိုးလေဝသ ကျွမ်းကျင်သူတွေ ခန့်မှန်းထားပြီး တောမီးလောင်မှု ပိုဆိုးလာနိုင်တာကြောင့် မီးသတ်သမားတွေက ဒီကနေ့ အင်္ဂါနေ့မှာ ပစ္စည်းကိရိယာတွေ အဆင်သင့် ပြင်ဆင်နေကြပါတယ်။
မြန်မာစစ်ကောင်စီက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရာမှာ အိမ်နီးချင်းနိုင်ငံတွေကလည်း ဝိုင်းဝန်း ကူညီကြဖို့ တောင်းဆိုလိုက်တဲ့ တချိန်တည်းမှာပဲ ၂၀၂၃ ခုနှစ်ကစလို့ အဲဒီ ရာဇဝတ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်သူ စုစုပေါင်း ၅၀,၀၀၀ လောက်ကို တရုတ်ပြည်ကို ပြန်ပို့ခဲ့ပြီးဖြစ်တယ်လို့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်