ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးကြတဲ့ ပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်မှာ ပစ္စည်းတွေ ထုတ်ရင် ထုတ်၊ မထုတ်ရင် သွင်းကုန်ခွန် ပေးရမယ်ဆိုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အပေါ် ထားရှိတဲ့သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း Anita Powell ရဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အိန္ဒိယသမုဒ္ဒရာတွင်းက နိုင်ငံတွေမှာ တရုတ်နိုင်ငံက တိုးချဲ့ပြီး ခြေကုပ်ယူလာနေတာတွေကို အရှိန်အဟုန်မြှင့်ပြီး တန်ပြန်သွားဖို့အတွက် အိန္ဒိယနိုင်ငံက စစ်သင်္ဘော အသစ် ၃ စင်းကို မကြာသေးခင်ကပဲ တရားဝင် ကြေညာလိုက်ပါတယ်။ Anjana Pasricha နယူးဒေလီမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
အွန်လိုင်းရုပ်သံလိုင်း Netflix နက်ဖလစ်ရဲ့ နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲ Squid Game "စကွစ်ဂိမ်း" ဒုတိယရာသီမှာ ဇာတ်လမ်းအသစ်တွေ ပါလာပေမယ့် ကံခေတဲ့ ပြိုင်ပွဲဝင်တွေ ငွေဆုကြီးရဖို့ ကလေးကစားနည်းတွေကို အသက်စွန့်ပြီး ကစားရတဲ့ အဓိကဇာတ်အိမ်ကတော့ ပြောင်းမသွားပါဘူး။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုကြောင့် ကျောင်းပေါင်း ၃၅၀ ထက်မနည်းကို ဒီနေ့ သောကြာနေ့မှာ ပိတ်ထားရပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ကျောင်းတွေပိတ်ထားရတဲ့အထဲမှာ ၅ နှစ်အတွင်း အများဆုံးဖြစ်တယ်လို့ ဘန်ကောက်မြို့တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ဆွေးနွေးဖို့ ရုရှား သမ္မတ Vladimir Putin ဘက်ကအသင့်ပဲလို့ ရုရှားသမ္မတရုံးက ဒီနေ့ ပြောကြားလိုက်ပါတယ်။ အမေရိကန်ဘက်က ဆွေးနွေးမယ်လို့ အချက်ပြတာကို စောင့်နေတယ်လို့ ရုရှားသမ္မတရုံးပြောခွင့်ရ Dimitry Peskov က ပြောကြားခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုတဝန်း တရားမဝင်နေထိုင်နေသူ ၅၀၀ ကျော်ကို ကြာသပတေးနေ့က ဖမ်းဆီးခဲ့သလို အများအပြားကို စစ်လေယာဉ်တွေနဲ့ နိုင်ငံထဲကနေ နှင်ထုတ်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောကြားပါတယ်။
နယ်စပ် အွန်လိုင်းငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ ထိုင်းအစိုးရမှာ တာဝန်မကင်းဘူးဆိုတဲ့ မြန်မာစစ်ကောင်စီရဲ့ အပြစ်တင်ပြောဆိုချက်ကို ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ် ဒုဝန်ကြီးချုပ်လည်း ဖြစ်တဲ့ Phumtham Wechayachai က ငြင်းဆိုလိုက်ပါတယ်။
Netflix နက်ဖလစ် အွန်လိုင်းရုပ်သံလိုင်းက ထုတ်လုပ်ပြီး စပိန်ဘာသာနဲ့ရိုက်ကူးထားတဲ့ တေးသရုပ်ဖော်ရုပ်ရှင် "Emilia Perez" "အယ်မီလီယာ ပီရက်ဇ်" က အော်စကာဆုအတွက် တစ်ကြိုအမည်စာရင်းတင်သွင်းခံရတဲ့ ရုပ်ရှင်တွေထဲမှာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီကနေ့ မနက် KIA ကချင်လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲတွေ ပြန်ပြင်းထန်နေပါတယ်။ စစ်တပ်အခြေစိုက်စခန်းကြီးတွေရှိတဲ့နေရာတွေမှာ အဓိက တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေပြီး ပြန်လည်တည်ဆောက်ရေးအတွက် ကြိုးပမ်းနေတယ်လို့ မတူပီမြို့ကို သိမ်းထားတဲ့ ဒေသခံ ချင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက VOA ပြောပါတယ်။
အမေရိကတိုက် မြောက်ပိုင်းက ဆောင်းခိုငှက်တွေဟာ ကမ္ဘာ့ပူနွေးတဲ့ဒေသတွေထဲက တခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အနောက်တောင်ဖက်ကို အစုလိုက် ရွှေ့ပြောင်းလာနေကြပါတယ်။ ဒီအကြောင်း နယူးမက္ကဆီကိုပြည်နယ်က ဗွီအိုအေ သတင်းထောက် Gustavo Martínez Contreras သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
အာရက္ခတပ်တော် AA ဘက်က အောက်ခြေတပ်သားတချို့ စစ်စည်းကမ်းချိုးဖောက်တာတွေရှိခဲ့သလို ပြစ်မှု ကျူးလွန်သူတွေကိုလည်း အပြစ်ပေးအရေးယူတာတွေ လုပ်ဆောင်ထားပြီးသား ဖြစ်တယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုတောင်ပိုင်းမှာ ခြံစည်းရိုးကာတာကို လေကြောင်းကနေလည်း လုံခြုံရေးယူဆောင်ရွက်နေပြီလို့ ကာကွယ်ရေး ယာယီဝန်ကြီးက ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနောက်ဘက်ခြမ်းက Los Angeles ခရိုင်မြောက်ပိုင်းမှာ ဗုဒ္ဓဟူးနေ့က နောက်ထပ် လောင်ကျွမ်းနေတဲ့အတွက် ဒေသခံ ၃ သောင်းကျော်ကို ဘေးလွတ်ရာသွားဖို့ အမိန့်ထုတ်ထားပါတယ်။
မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီကို လက်နက်ကိုင် တိုက်နေတဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တဖွဲ့မှာ အသက်မပြည့်တဲ့ ကလေးငယ်တွေကို တပ်သားသစ်အဖြစ် လက်ခံထားတယ်ဆိုပြီး ကလေးမိဘတယောက်နဲ့ ဒေသခံတချို့က VOA ကို ပြောပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လစ်လျူရှုထားလို့မရတဲ့အတွက် အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို တွန်းအားပေးနေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်ထမ်းဆောင်မှုအပေါ် အပြုသဘောဆောင်စွာ မြင်မိတဲ့အကြောင်းနဲ့ သူ့လက်ထက်မှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာဖို့ မျှော်လင့်တဲ့အကြောင်း စစ်ကောင်စီ ပြောခွင့်ရက VOA ကို ပြောပါတယ်။
လာအိုနိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကိုင်ဆောင်ထားတဲ့ နေထိုင်ခွင့်စာအုပ် နေရာမှာ စမတ်ကတ်တွေနဲ့ ရွှေတြိဂံအုပ်ချုပ်ရေးဌာနက မကြာခင်မှာ အစားထိုးပေးသွားဖို့ ရှိနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က VOA အမေရိကန်အသံအပါအဝင် အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ နိုင်ငံတကာသတင်းမီဒီယာ ၅ ခု ရဲ့ မိခင် အဖွဲ့အစည်းဖြစ်တဲ့ USAGM - အမေရိကန် ကမ္ဘာ့မီဒီယာဌာနကို ဦးဆောင်ဖို့ Conservative သတင်းမီဒီယာ စောင့်ကြည့်ရေးအဖွဲ့ကို တည်ထောင်ထားသူ L Brent Bozell III ကို အဆိုပြုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာကနေ ဒီကနေ့အထိ ရခိုင်ပြည်တွင်း တရားဝင်ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေဆဲဖြစ်ပြီး ကုန်ပစ္စည်းရှားပါး တာတွေနဲ့ ဈေး နှုန်းအဆမတန်မြင့်တက်တာတွေကို ဒေသခံတွေအနေနဲ့ လပေါင်းများစွာ ရင်ဆိုင်နေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်