အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့်ဥပဒေကို စစ်ကောင်စီက စတင်အကောင်အထည်ဖော်နေရာမှာ အမျိုးသမီးတွေအပါအဝင် လူငယ်တွေကို စာရင်းကောက်ယူနေတာကြောင့် ပြည်သူတွေကြားမှာ စိုးရိမ်နေကြပါတယ်။
သိုးနဲ့ဆိတ် ကျောက်ရောဂါ၊ ခွာနာလျှာနာတို့လို မွေးမြူရေးတိရစ္ဆာန်တွေမှာ ရောဂါကူးစက်မှု အန္တရာယ်စိုးရိမ်တာကြောင့် အာရှ၊ အာဖရိကနဲ့ ဥရောပနိုင်ငံတွေက သိုး၊ ဆိတ်၊ ကြက်၊ ဘဲနဲ့ တခြားတိရစ္ဆာန်အသားတွေတင်သွင်းခွင့် တရုတ်နိုင်ငံက တားမြစ်လိုက်ပါတယ်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဟာမတ်စ်တွေနဲ့ စစ်ပွဲစတင်ချိန်ကပိတ်ထားခဲ့တဲ့ ဂါဇာဒေသမြောက်ပိုင်းကို အစ္စရေးတပ်ဖွဲ့တွေက ဝင်ခွင့်ပေးလိုက်တာကြောင့် ဒီနေ့အစောပိုင်းကစ ပါလက်စတိုင်းတွေ ဂါဇာမြို့ထဲ ပြန်လာနေကြတာမှာ အများစုက ခြေလျင်လျှောက်ပြီး ပြန်နေကြတာဖြစ်ပါတယ်။
တရုတ်နိုင်ငံသား ၇ ယောက်ကို ပြန်ပေးဆွဲ ငွေတောင်းဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းရဲ ၄ ယောက်၊ ရိန်ဂျာလက်နက်ကိုင် လုံခြုံရေးအဖွဲ့ဝင်တယောက်နဲ့ မြန်မာနိုင်ငံသာ တယောက်အပါ စုစုပေါင်း လူ ၈ ယောက်ကို အရေးယူထားကြောင်း မနေ့က ဇန်နဝါရီလ ၂၆ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။
အမေရိကန်မှာ တရားမဝင် လာရောက်နေထိုင်သူတွေပြန်ပို့ရေး ကိုလံဘီယာနိုင်ငံနဲ့ သဘောတူညီမှု ရပြီဖြစ်တာကြောင့် ကိုလံဘီယာနိုင်ငံအပေါ် အခွန်ကောက်မယ့်အစီအစဉ်တွေကို ပြန်ရုပ်သိမ်း လိုက်ကြောင်း သမ္မတ အိမ်ဖြူတော်က ဇန်နဝါရီ ၂၆ ရက်၊ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ကြေညာပါတယ်။
တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xing Xing ကို ထိုင်း-မြန်မာနိုင်ငံနယ်စပ် အွန်လိုင်းကငွေလိမ်တဲ့ ဂိုဏ်းတွေလက်ထဲရောက်အောင် ဖျားယောင်းပို့ဆောင်ခဲ့ရာမှာ အဓိကပါဝင်ခဲ့တယ်လို့ သံသယရှိသူတဦးကို ထိုင်းနိုင်ငံအကူအညီနဲ့ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီ တပ်စခန်း အများအပြားကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ကြောင်း တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အာဖဂန်နစ္စတန်က တာလီဘန်အာဏာပိုင်တွေဟာ အမျိုးသမီးကျောင်းသူတွေကို အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှာ အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်ဖို့ ခွင့်ပြုပြီး သူတို့နဲ့ အတူ အမျိုးသားအုပ်ထိန်းသူတွေ လိုက်နိုင်ဖို့လည်း ခွင့်ပြုခဲ့ကြောင်း ဒီအကြောင်းအရာကို သိရှိထားတဲ့ တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆရာမ ၁ ဦးနဲ့ လူနာ ၁ ဦးသေဆုံးပြီး ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် အရပ်သား ၂၀ ဉီး ထိခိုက်ခဲ့တယ်လို့ TNLA က ဇန်နဝါရီ ၂၅ ရက် က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က FEMA လို့ အတိုကောက်ခေါ်တဲ့ ပြည်ထောင်စုအဆင့် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီကို ဖျက်သိမ်းဖို့စဉ်းစားနေတယ်လို့ ပြောလိုက်ပါတယ်။ FEMA ကတဆင့် ဝါရှင်တန် ဗဟိုအစိုးရအနေနဲ့ ဘဏ္ဍာရေးအကူအညီတွေကို ထောက်ပံ့ပေးမယ့်အစား ပြည်နယ်တွေကို တိုက်ရိုက်ငွေကြေးပေးဆောင်နိုင်တယ်လို့ ထရမ့်ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအတွက် အရေးပါတဲ့ဌာနဖြစ်တဲ့ အမိမြေလုံခြုံရေးဝန်ကြီးအဖြစ် တောင်ဒါကိုတာပြည်နယ် အုပ်ချုပ်ရေးမှူး Kristi Noem ကို ဆီးနိတ် အထက်လွှတ်တော်က စနေနေ့က အတည်ပြုလိုက်ပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချသူတွေ နှိမ်နင်းရေးအစီအစဥ်မှာ အရေးပါတဲ့ကဏ္ဍကနေ ဦးဆောင်ရမှာဖြစ်ပါတယ်။
ဆိုမာလီယာ နိုင်ငံမှာ ၂၀၂၂ ခုနှစ်ကစပြီး မိုးခေါင်ရေရှားမှုဒဏ် အကြီးအကျယ်ခံစားရတာကြောင့် သေဆုံးခဲ့ရသူ အနည်းဆုံး ၇ သောင်း ၁ ထောင် လောက်ရှိမယ်လို့ နောက်ဆုံး လေ့လာချက်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
တရုတ်နှစ်သစ်ကူးပွဲတော်အားလပ်ရက်ဟာ ဇန်နဝါီ ၂၈ ရက်မှာ စတင်တော့မှာ ဖြစ်ပြီး ဒီအားလပ်ရက် ကာလ အတွင်း လူပေါင်း ဘီလီယံနဲ့ ချီပြီး ခရီးသွားလာကြမယ်လို့ ခန့်မှန်းထားပါတယ်။
လေပြင်းတိုက်ခတ်ပြီး ခြောက်သွေ့တဲ့ အခြေအနေကြောင့် နေရာ အတော်များများမှာ အခုအချိန်ထိ မီးသတ်သမားတွေ ဆက်လက် ငြှိမ်းသတ်နေရဆဲဖြစ်တဲ့ တောမီးလောင်ကျွမ်းရာ ကယ်လီဖိုးနီးယားပြည်နယ်ကို သောကြာနေ့မှာ သမ္မတဒေါ်နယ်ထရမ့် သွားရောက် နေပါတယ်။
ရုရှားတပ်တွေရဲ့ သောကြာည ဒရုန်းနဲ့ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ယူကရိန်း ၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့သလို စီးပွါးရေးနဲ့ လူနေ အဆောက်အဦတွေ ပျက်စီးခဲ့ရတယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။
ဂါဇာအပစ်ရပ် သဘောတူညီချက်အရ ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား အကျဉ်းသားလဲလှယ်မှုမှာ ဒုတိယအသုတ်အနေနဲ့ ဓါးစာခံဖမ်းထားတဲ့ အစ္စရေး အမျိုးသမီး ၄ ဦးကို စနေနေ့မှာ ပြန်လွှတ်မှာ ဖြစ်ကြောင်း ဟားမတ်စ်က သောကြာနေ့မှာ ကြေညာပါတယ်။
မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ထဲက လက်ဝဲရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တချို့ ထိခိုက် ပျက်စီးခဲ့ပြီး ဒေသခံတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်တာတွေ မကြာခဏ ရှိနေတာကြောင့် လူမှုဘ၀တွေ ပိုမို ထိခိုက်လာနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တရားမျှတမှုရှိဖို့လုပ်ဆောင်တာဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ အနာဂတ်ငြိမ်းချမ်းရေး အတွက် သိပ်အရေးပါတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အကြီးအကဲ Nicholas Koumjian ကပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ လူသားချင်းချင်း တန်းတူညီတူ လက်ထပ်ခွင့် ဥပဒေအသက်ဝင်တဲ့နေ့ကစပြီး လိင်တူ လိင်ပြောင်း LGBTQ စုံတွဲတွေ အများအပြား လူစည်ကားတဲ့ဈေးဝယ်စင်တာမှာ တရားဝင်လက်ထပ်ပွဲ ခမ်းခမ်းနားနားကျင်းပကြပါတယ်။ ဒီအကြောင်း AFP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်