Fentanyl (ဖန်တာနယ်လ်) မူးယစ်ဆေးတွေ အမေရိကန်ထဲဝင်ရောက်နေတာကိုတားဆီးဖို့ တရုတ်အပေါ် ဖိအားပေးတဲ့အနေနဲ့ ဒီနေ့ အင်္ဂါနေ့ကစပြီး တရုတ်သွင်းကုန်တွေအပေါ် ကုန်သွယ်ခွန် ၁၀ % တိုးကောက်မှာဖြစ်ပြီး တရုတ်နိုင်ငံကလည်း အမေရိကန်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ်ဆိုပြီး ပြောပါတယ်။
အမေရိကန်နိုင်ငံတွင်းကို fentanyl မူးယစ်ဆေးဝါး ဝင်နေတာ တားနိုင်အောင် မက္ကဆီကို အရံတပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို ချထားမယ်လို့ မက္ကဆီကိုသမ္မတ Claudia Sheinbaum က ပြောလိုက်ပြီးနောက် မက္ကဆီကို ပို့ကုန်တွေပေါ် အခွန် ၂၅% ချထားမယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ထရမ့်က တလကြာ ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။
ကရင်နီဒေသ ဘောလခဲမြို့မှာ စစ်ကောင်စီတပ်က လူအင်အား လက်နက်အင်အား ဖြည့်တင်းနေပြီး အချိန်မရွေး နှစ်ဘက် တိုက်ပွဲပြင်းထန်လာနိုင်တာမို့ အရပ်သားတွေ ကြိုတင်ရှောင်တိမ်းကြဖို့ KNDF အပါအဝင် ဒေသကာကွယ်ရေး လေးဖွဲ့က ပူးတွဲ ကြေညာထားပါတယ်။
စစ်ကိုင်းတိုင်း ဇီးကုန်းမြို့အနီးက ကျေးရွာတွေကို စစ်တပ်ဘက်က အဝေးထိန်း ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား သေဆုံး ဒဏ်ရာရတာတွေရှိပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID ရဲ့ ယာယီ အကြီးအကဲ အဖြစ် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio ကို သမ္မတ Donald Trump က တနင်္လာနေ့မှာ တာဝန်ပေးလိုက်ပါတယ်။
အမေရိကန်သမ္မတ Trump နဲ့ မက္ကဆီကို သမ္မတ Claudia Sheinbaum တို့နှစ်ဦးတွေ့ဆုံပြီးနောက် အမေရိကန်က မက္ကဆီကိုနိုင်ငံကို သွင်းကုန်ခွန်တိုးကောက်တာကို တလ ဆိုင်းငံလိုက်ပြီး တဖက်မှာတော့ မူးယစ်မှောင်ခိုကူးမှုတွေကို တိုက်ဖျက်ဖို့ မက္ကဆီကိုဘက်က နယ်စပ်မှာ စစ်အင်အားတသောင်း တပ်ဖြန့်ချထားဖို့ သဘောတူလိုက်ကြပါတယ်။
တိုင်ဝမ်ကျွန်းက အစိုးရရုံးတွေမှာ တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တု (AI) နည်းပညာကို မသုံးကြဖို့ ဒီကနေ့ တနင်္လာနေ့မှာ တားမြစ်လိုက်ပါတယ်။ အစောပိုင်းမှာ အသုံးမပြုသင့်ဘူးလို့ သတိပေးခဲ့ရာက အခုနောက်ဆုံး လုံခြုံရေးအတွက်အန္တရာယ်ရှိတယ်ဆိုပြီး တားမြစ်လိုက်တာပါ။
အမေရိကန်က Grammy ဂီတထူးချွန်ဆုပေးပွဲမှာ နာမည်ကျော်အမျိုးသမီး Pop အဆိုတော် Beyoncé က Cowboy Carter နဲ့ တနှစ်တာအတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုကို ရသွားပါတယ်။ California ပြည်နယ်၊ Los Angeles မြို့မှာ မနေ့ တနင်္ဂနွေနေ့ညက ကျင်းပခဲ့တဲ့ ၆၇ ကြိမ်မြောက် Grammy ဂီတထူးချွန်ဆုပေးပွဲမှာ အမြင့်ဆုံးဆု ရရှိသွားတာပါ။
အမေရိကန်သမ္မတ Donald Trump ဟာ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေကသွင်းကုန်တွေကို အခွန်တိုးကောက်ဖို့ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဒီနေ့ စကားပြောဖို့ စီစဉ်ထားပါတယ်။ တရုတ်နိုင်ငံကတော့ တန်ပြန်တာအပါအဝင် တခြားအစီအစဉ်တွေနဲ့ပါ တုံ့ပြန်မယ်လို့ ပြောထားတာပါ။
ဥရောပတိုက်မှာ ရုရှားရန်ကာကွယ်ရေးနဲ့ အမေရိကန်သမ္မတ Donald Trump က ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေအပေါ် သွင်းကုန်ခွန်တိုးမြှင့်တဲ့ကိစ္စတွေကို ဆွေးနွေးဖို့ ဥရောပသမဂ္ဂ (EU) နိုင်ငံက ခေါင်းဆောင်တွေ Belgium နိုင်ငံ Brussels မြို့မှာ ရောက်နေကြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ဘေးဒဏ်ခံနေကြရတဲ့အထဲ အရေပြားရောဂါဖြစ်ပွားတာတွေကိုပါ ကြုံနေရ တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဂွမြို့နယ်မှာဆိုရင် ကလေးငယ်တွေ အပါအဝင် အရေပြားရောဂါဖြစ်သူတွေရှိနေပြီး ကုသမှုခံယူဖို့လည်း ခက်ခဲနေတယ်လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်အခြမ်းမှာရှိနေတဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို ရောင်းချပေးနေတဲ့ လျှပ်စစ်ဓာတ်အားတွေဖြတ်တောက်ဖို့ မဆုံးဖြတ်ခင် သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို အစိုးရအနေနဲ့ အရင် ထည့်သွင်း စဉ်းစားဖို့လိုအပ်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြောပါတယ်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းက ဖော်ပြပါတယ်။
ကနေဒါ၊ မက္ကစီကိုနဲ့ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် ကုန်သွယ်ခွန် တိုးကောက်တာနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက ဆက်လက်အရေးယူဆောင်ရွက်နေပါတယ်။ ကုန်သွယ်ခွန် တိုးကောက်ခံရတဲ့ နိုင်ငံတွေကရော ဘယ်လိုတုန့်ပြန်ကြပါသလဲ။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump က တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့အပေါ် သွင်းကုန်အခွန်တွေ တိုးကောက်မယ်လို့ ကြေညာလိုက်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအကြား စိုးရိမ်မှုတွေထွက်ပေါ်ပြီး နိုင်ငံတကာကအစုရှယ်ယာဈေးတွေ ဒီကနေ့ ကျဆင်းခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်အခြေစိုက် အမှတ် ၃၆၆ အမြောက်တပ်ရင်းကို မကြာသေးခင်ကပဲ ပူးပေါင်းတပ်တွေနဲ့အတူ သိမ်းပိုက်လိုက်ပြီးနောက်ဆက်တွဲ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြောပါတယ်။
အမေရိကန်သမ္မတ Trump အစိုးရက ရုရှားနဲ့ ယူကရိန်း စေ့စပ်ဆွေးနွေးနိုင်ဖို့ နှစ်ဘက်စလုံးနဲ့ ကြိုးပမ်းနေဆဲဖြစ်ပြီး ယူကရိန်းက ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိတယ်လို့ ပြောဆိုထားပေမဲ့ ရုရှားတပ်တွေဟာ ဆက်လက်တိုက်ခိုက်နေဆဲပါ။ Ricardo Maruqina မော်စကိုမြို့တော်ကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
တရုတ်နိုင်ငံက ပနားမားတူးမြောင်းကို ထိန်းချုပ်နိုင်အောင် လက်ခံနိုင်ဖွယ်မရှိ ဩဇာပေးနေတာကြောင့် အမေရိကန်အနေနဲ့ အရေးယူဆောင်ရွက်ဖို့ ဖြစ်လာနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio က ပနားမား ခေါင်းဆောင်တွေကို တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်