ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေရဲ့ တင်သွင်းကုန်အပေါ် အခွန် တိုးချလိုက်တာမို့ ဖြစ်ပေါ်လာတဲ့ ကုန်သွယ်ရေးစစ်ကြောင့် အမေရိကန် နိုင်ငံသားတွေအနေနဲ့ နစ်နာတာတချို့တော့ ခံစားရလိမ့်မယ်လို့ အမေရိကန်သမ္မတက တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။
ရုရှားမှာ ၂၀၂၄ နှစ်ကုန်က စစ်ဗိုလ်ချုပ်တဦး လုပ်ကြံခံခဲ့ရတဲ့ ဖြစ်ရပ်ကို အသုံးချပြီး ရုရှားက အမေရိကန်ဟာ ဓာတုလက်နက်ထုတ်လုပ်နေပါတယ်ဆိုတဲ့ သတင်းမှား ပြန်လွှင့်ခဲ့ပါတယ်။ အသေးစိတ်ကို အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံမှာ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံထဲ အခြေစိုက်ပြီး ထိုင်းမြန်မာ နယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အခုဆို နယ်စပ်တလျှောက် တောင်ဘက်ပိုင်းကို တိုးချဲ့လုပ်ကိုင်လာနေတယ်လို့ ထိုင်းအာဏာပိုင်တွေကရော ငွေလိမ်ဂိုဏ်းဝင်ဟောင်းတွေကပါ ပြောပါတယ်။
"မအောင်မြင်တဲ့ အာဏာသိမ်းမှုကိုဆန့်ကျင်နေကြတဲ့ ကျနော်တို့နွေဦးတော်လှန်ရေးကြီးက အောင်မြင်မှုတွေရနေပြီ။ ဒါ့အပြင် ဒီအောင်မြင်နေတဲ့ နွေဦးတော်လှန်ရေး အရှိန်အဟုန်ကို ကျဆင်းသွားအောင်လို့ ဝင်ရောက်စွက်ဖက်နေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စွက်ဖက်မှုကို လုံးဝဆန့်ကျင်တယ်၊ လုံးဝ လက်မခံပါဘူးဆိုတာကို လာပြတာပါ။"
ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက်အရ အစ္စရေးနဲ့ ဟားမတ်စ်တွေကြား အကျဉ်းသား လဲလှယ်ရေး အစီအစဉ် စတုတ္ထ အသုတ်အဖြစ် ဟားမတ်စ်တွေဘက်က ဓါးစာခံ ၃ ဦးနဲ့ အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား ၉၀ ကို စနေနေ့မှာ ထပ်လွှတ်ပေးမယ်လို့ ဟားမတ်စ်ကရော အစ္စရေးကပါ အတည်ပြုပါတယ်။
ဂျနီဗာရုံးပြောခွင့်ရ Jeremy Laurence က ဖေဖေါ်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ၄ နှစ်ပြည့်ပြီဖြစ်ပြီး ကုလရုံးရဲ့ဆန်းစစ်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း မယုံနိုင်စရာသတ်ဖြတ်မှုနဲ့ ကြုံရသလို ပြည်တွင်းကအရပ်သားတွေအခြေအနေဟာ ဆိုးဝါးလာတယ်လို့ပြောပါတယ်။ ၄ နှစ်တာအတွင်း သေဆုံးရသူ ၆,၂၀၀ ကျော်ရှိ(AAPP)။
ကနေဒါနဲ့ မက္ကဆီကိုက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို အခွန် ၂၅ % ကောက်ခံမှာ ဖြစ်သလို တရုတ်ကလာတဲ့ ကုန်ပစ္စည်းတွေအတွက် အခွန် ၁၀% ကောက်ခံမှာဖြစ်ပြီး ဒါဟာ စနေနေ့မှာ စတင် အကျိုးသက်ရောက်မှာဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ပြောပါတယ်။ အခုလို အခွန်ကောက်ခံမှုအတွက် ဖြေလျှော့မှုရှိမရှိတော့ ထုတ်မပြောပါဘူး။
နာမည်ကြီးဟောလိဝုဒ်မင်းသားလည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ Will Smith ဝီလ်စမစ်က "Beautiful Scars" လှပတဲ့ အမာရွတ်များဆိုတဲ့ သီချင်းသစ်ကို ဇန်နဝါရီ ၃၁ ရက် သောကြာ နေ့ကပဲ ထုတ်လိုက်ပြီး မကြာခင်မှာပဲ နှစ်ပေါင်း ၂၀ ကျော်အတွင်း သူ့ရဲ့ ပထမဆုံး တေးအယ်လ်ဘမ် သစ် ထွက်လာတော့မယ်လို့ ကြေညာသွားပါတယ်။
အမေရိကန် လွှတ်တော်အမတ်တွေအနေနဲ့ သမ္မတ Donald Trump ရဲ့ နိုင်ငံခြားကူညီမှုတွေကို သုံးလ ကြာဆိုင်းငံ့လိုက်တာကြောင့် တရုတ်နဲ့ ကမ္ဘာ့နိုင်ငံတွေအပေါ် သြဇာသက်ရောက်မှု ပြိုင်ဆိုင်ရတာ မှာ ထိခိုက်လာနိုင်တာကို မနေ့က ကြားနာဆန်းစစ်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံက DeepSeek startup ကုမ္ပဏီက ဒီလထဲမှာ သူ့ရဲ့ AI မော်ဒယ်ကို ထုတ်ပြလိုက်တဲ့အခါ တကမ္ဘာလုံးက အတော်လေးအံ့အားသင့်ခဲ့ကြပါတယ်။ တရုတ်က AI ကုမ္ပဏီတွေဟာ အရင်းအမြစ်နည်းနည်းနဲ့ Silicon Valley က ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။
မနီလာမြို့တော်က စီးပွားရေးအချက်အချာကျတဲ့ Makati အရပ်မှာ အွန်လိုင်းဂိမ်းလုပ်ငန်းလိုအသွင်ဆောင်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတခုကို ရာဇဝတ်ဂိုဏ်း တိုက်ဖျက်ရေးကော်မရှင် PAOCC နဲ့ ဖိလစ်ပိုင် စုံစမ်းစစ်ဆေးရေးဗျူရိုက တပ်ဖွဲ့ဝင်တွေက လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်ရှာဖွေပြီး လူ ၁၀၀ ဝန်းကျင်ကိုဖမ်းဆီးခဲ့တာပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်နားမှာ ခရီးသည်တင်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မိမှုနဲ့ပတ်သက်တဲ့ ကနဦးသုံးသပ်ချက်ကို ရက် ၃၀ အတွင်း ထုတ်ပြန်မယ်လို့ အမေရိကန် အရပ်ဘက်လေကြောင်းမတော်တဆမှုတွေနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ NTSB က ပြောကြားခဲ့ပါတယ်။
စစ်အာဏာသိမ်းအုပ်ချုပ်မှု ၄ နှစ်မြောက်ချိန်မှာ အပြစ်မဲ့အသက်ဆုံးရှုံးသူထောင်ပေါင်းများစွာကို အောက်မေ့အမှတ်ရသလို ရက်စက်တဲ့စစ်အုပ်ချုပ်သူတွေကို သတ္တိရှိရှိဆက်လက်တွန်းလှန်နေတဲ့ ပြည်သူတွေကို ဂုဏ်ပြုထောက်ခံရမဲ့အချိန်လည်းဖြစ်တယ်လို့ လူ့အခွင့်အရေးအထူးသံ Tom Andrews က အာဏာသိမ်း နှစ်ပတ်လည်ကြေညာချက်ထုတ်ပါ တယ်။
"တရုတ်က ခွင့်ပြုအုံးတောင်မှ မြန်မာဘက်ကရဲတွေက၊ ညစ်စား တယ်ပေါ့ဗျာ။ ဘယ်လောက်သယ်လာလဲ တန်ဖိုးရှိရင် ရှိသလောက် သူတို့တို့ ဘယ်လောက်ပေးရမယ်၊ ဒီလောက်ပေးမှဖြတ် အဲလိုမျိုးပေါ့။ အဲဒီတော့ ပြည်သူလူထုအတွက်ကတော့ ကုန်စျေးနှုန်းနှစ်ဆ ကြီးသွားတာပေါ့ဗျာ။" (ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တဦး)
"အာဏာမသိမ်းခင်က ဒီလို အဖြစ်မျိုးမရှိခဲ့ဘူး။ အာဏာသိမ်းပြီးတော့ အောက်ကတမျိုး၊ အပေါ်ကမသိဘဲလုပ်ချင်ရာလုပ်နေရော။ ဟိုလူ့လည်းကြောက်ရ၊ ဒီလူလည်း ကြောက်ရ။ စီးပွားရေးတွေလည်းမကောင်းတော့ လက်လုပ်လက်စားတွေကပိုဆိုးလာတယ်။ ကားပေါ်မှာဆို ခါးပိုက်နှိုက်တွေက နှိုက်လို့ မရရင် ပေါ်တင်ခြိမ်းခြောက်တာ။" (ရွှေပြည်သာဒေသခံ)
မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပြီးရင် ဒုတိယ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးပြည်နယ်တခုအဖြစ် သတ်မှတ်ခံထားရတဲ့ ရခိုင်ပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေအားလုံးဟာ မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် ၄ နှစ်တာကာလအတွင်း အဆိုးရွားဆုံးအခြေအနေကို ရောက်သွားတယ်လို့ ရခိုင် ဒေသခံတွေက ပြောကြပါတယ်။
ကနေဒါနဲ့ မက္ကဆီကိုကနေတင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စတင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သွင်းကုန်ခွန်တွေ ချမှတ်သွားနိုင်ခြေရှိတဲ့အတွက် ဘယ်လို အကျိုးဆက်တွေဖြစ်လာနိုင်ပါသလဲ။ VOA သတင်းထောက် Johny Fernandez သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံတဝှမ်း အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို နောက်ထပ် ၆ လ သက်တမ်း တိုးမြှင့်လိုက်တဲ့လိုက်တဲ့အကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကြေညာပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ Los Angeles မြို့မှာ တောမီးတွေလောင်တော့ ဒေသခံတွေဟာ မီးနဲ့ဆက်နွယ် ဖြစ်ပေါ်နိုင်တဲ့ လက်ငင်းအန္တရာယ်တွေအကြောင်း App တွေကတဆင့် အချက်အလက် ရှာဖွေကြပါတယ်။ ဒီအကြောင်း Michelle Quinn သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
AI ဉာဏ်ရည်တုနည်းပညာကဏ္ဍမှာ တရုတ်နိုင်ငံက Deepseek နည်းပညာကုမ္ပဏီက ကုန်ကျစရိတ်နည်းပြီး ကြီးမားတဲ့တိုးတက်မှုရခဲ့တယ်လို့ ကြေညာလိုက်ပြီးတဲ့နောက် အမေရိကန်က နာမည်ကြီး Microsoft နဲ့ Meta ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ်တွေက AI နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကြီးမားတဲ့အသုံးစရိတ်တွေကို ကာကွယ်ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်