မြန်မာနိုင်ငံ ဘုရားသုံးဆူမှာ ရာဇဝတ်ဂိုဏ်းတွေထိန်းချုပ်ထားတဲ့ အထပ်မြင့်တိုက်ပေါ်က ထိုင်းနိုင်ငံသားတယောက် ပြုတ်ကျသေဆုံးခဲ့တဲ့ဖြစ်စဉ်ကို စစ်ဆေးဖို့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ် Phumtham Wechayachai က မနက်ဖြန် နယ်စပ်ကို သွားမှာဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
တရုတ်နိုင်ငံမှာ ထိန်းသိမ်းခံထားရတယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ခေါင်းဆောင် ဖုန်တာရွှင် ဗမာပြည်တွင်းကိုပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ရောက်လာခဲ့တယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းက ဗွီအိုအေကို အတည်ပြုပါတယ်။
အမေရိကန်မြေပေါ်မှာ မွေးဖွားသူတိုင်း အလိုလျောက် နိုင်ငံသား ဖြစ်သင့်၊ မသင့်ဆိုတဲ့ အငြင်းပွားစရာကိစ္စတခုကို သမ္မတ ဒေါ်နယ်ထရမ့်က စတင်လိုက်ပါတယ်။ ဒီမေးခွန်းက အမေရိကန်တွေရဲ့ ဖြစ်တည်မှု၊ သမိုင်းနဲ့ ဥပဒေရဲ့ အနှစ်သာရကို တည့်တည့်ထိတဲ့ မေးခွန်းပါ။ ဒီအကြောင်း VOA ပုံပြရုပ်သံမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
"မြန်မာပြည်ဘက်ကနေ ပွဲစားတွေကခေါ်လာတယ်။ သူတို့က တပတ်ကတ်တွေနဲ့ ဝင်လာတယ်။ တပတ်ကတ်က တရုတ်ပြည်မှာ အလုပ်လုပ်ခွင့် မရှိဘူးလို့ သူတို့ရဲ့နည်းဥပဒေမှာ ရေးထားတယ်။ အဲဒီအတွက် အလုပ်သမားတွေက ဒီထဲဝင်လာရင် ဒီစက်ရုံထဲမှာပဲ အကျယ်ချုပ်မိသလို ဖြစ်တာပေါ့။ အပြင်လည်းထွက်လို့မရဘူး၊" (ရွှေလီမြို့- အလုပ်သမားအရေးဆောင်ရွက်သူ)
မြန်မာနယ်စပ် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် သုံးယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ဟာ တနင်္လာနေ့ အစောပိုင်းက ဥရောပကို ထွက်ခွါသွားပါတယ်။
ပါလက်စတိုင်းတွေ ဂါဇာကိုပြန်လာဖို့ သူ့ အဆိုပြု အစီအစဥ်အောက်မှာတော့ အခွင့်အရေး မရှိဘူး လို့ အမေရိကန်သမ္မတ ထရမ့်က တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
တရားမဝင် နေထိုင်နေကြတဲ့ မိဘတွေကနေ အမေရိကန်မှာမွေးလို့ အမေရိကန်နိုင်ငံသား ဖြစ်နိုင်တဲ့ အခွင့်အရေးကို ပယ်ဖျက်တဲ့ သမ္မတအမိန့် ကို တတိယမြောက် ဖက်ဒရယ် တရားသူကြီးက တနင်္လာနေ့မှာ ရပ်ဆိုင်းထားလိုက်ပြန်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အတွင်း တရားမဝင် စီးပွားရေးလုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဒီလမကုန်ခင်အထိ ဘုရားသုံးဆူမြို့ကနေ အမြန်ဆုံးထွက်ခွာဖို့နဲ့ လိုက်နာမှုမရှိရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ DKBA အဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ဒီရက်ပိုင်းအတွင်း မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အကြောင်း ဒေသခံတွေက ဗွီအိုအေ ကို ပြောပါတယ်။
စလင်းမြို့နယ်မှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲတွေအတွင်း နှစ်ဘက် သေဆုံးတာတွေရှိသလို နေအိမ်တွေလည်း မီးရှို့ခံရပါတယ်။ ငါန်းဇွန်မြို့နယ်ထဲမှာလည်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ဟာ ယူကရိန်းက မြေရှားသတ္တုနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရဖို့ ကြိုးပမ်းနေကြပါတယ်။ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံပြီး ယူကရိန်း လုံခြုံရေးကိစ္စအပါအဝင် တခြားကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါတယ်။ Arash Arabasadi ရဲ့ သတင်းကို ကိုငြိမ်းချမ်း တင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စုကိုတင်သွင်းတဲ့ သံမဏိနဲ့အလျူမီနီယံ သတ္တုအားလုံးအပေါ် အခွန် ၂၅% ကောက်ခံသွားမဲ့အကြောင်း သမ္မတ Donald Trump က မနေ့ တနင်္ဂနွေနေ့က အမေရိကန်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်ပွဲ Super Bowl ပွဲကြည့်ဖို့အသွား Air Force One လေယာဉ်ပေါ်မှာ သမ္မတ Trump က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
“ကျနော်တို့ရခိုင်မှာ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တချို့ ပြန်လွတ်တာက ဟုတ်ပါတယ်။ ပြန်လွတ်တဲ့ ထဲမှာတော့ အမျိုးသားတွေရော အမျိုးသမီးတွေရောပါတယ်။ လူ ၁၀၀ ကျော်လောက်ရှိမယ် ပေါ့နော်၊ ဘယ်နေရာက လွှတ်ပေးတယ်ဆိုတာကိုတော့ ကျနော်တို့ အတိအကျမသိရဘူးပေါ့နော်။” (ဒေသခံ)
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Mike Waltz က ဂါဇာကို ရယူမယ့် အမေရိကန်သမ္မတ Donald Trump အစီအစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်ကြသူတွေကို ပြန်လည် မေးခွန်းထုတ်လိုက်ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Veronica Balderas Iglesias ရဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန် ဒုသမ္မတ JD Vance ဟာ နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့အတူ ဒီသီတင်းပတ်ကုန်မှာ ကျင်းပမယ့် ဂျာမနီနိုင်ငံ၊ မြူးနစ် လုံခြုံရေးညီလာခံကို တက်ရောက်မှာဖြစ်သလို ဒီမတိုင်ခင်မှာတော့ ပြင်သစ်နိုင်ငံက AI နည်းပညာ ထိပ်သီးညီလာခံတက်ရောက်မှာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်ကြား လတ်တလောရရှိထားတဲ့ ကနဦး ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်ကို သက်တမ်းတိုးဖို့ အခုသီတင်းပတ်အတွင်း နှစ်ဘက် တွေ့ဆုံဆွေးနွေးဖို့ရှိနေချိန်မှာပဲ ပါလက်စတိုင်းတွေရဲ့ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်လိုကြောင်း သမ္မတ Donald Trump က ထပ်လောင်း ပြောကြားလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်းဝင်နိုင်ငံတွေက နိုင်ငံသားတွေ တရုတ်နိုင်ငံ ဆစ်ဆောင်ပနား(Xishuangbanna) ဒေသကို အုပ်စုလိုက်အလည်လာကြမယ်ဆိုရင် ဒီကနေ့ကစလို့ ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံက ကြေညာပါတယ်။
မြန်မာနိုင်ငံနယ်ခြားက အွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေကို တိုက်ဖျက်ရေးမှာ မပြီးဆုံးသေးသလို ထောက်ခံပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က မြန်မာနိုင်ငံအတွင်းက လူ့မှုအဖွဲ့အစည်းတွေကို တိုက်တွန်းပြောဆိုလိုက်တာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနဲ့ အင်တာနက်တွေဖြတ်လိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံ တာချီလိတ်မြို့က အွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေက ဝန်ထမ်း ၁၀၀ ကျော် မနေ့က တနင်္ဂနွေနေ့မှာ ထိုင်းဘက်ကိုပြန်လွှတ်ပေးလိုက်တဲ့ကြောင်း တာချီလိတ်သတင်းရပ်ကွက်ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် Tha Nation သတင်းစာမှာ ရေးပါတယ်။
နောက်ထပ်ကြည့်ရှုရန်