ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကရင်လက်နက်ကိုင်အဖွဲ့က အွန်လိုင်းငွေကြေး လိမ်လည်တဲ့ဂိုဏ်းတွေနဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းအားလုံး ဒီလမကုန်ခင် သူတို့ ထိန်းချုပ်တဲ့ နယ်မြေက ထွက်ခွာဖို့ အမိန့်ထုတ်လိုက်ပါတယ်။
TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
ရုရှား၊ ဘဲလားရုစ်တို့နဲ့ ဆယ်စုပေါင်းများစွာ စွမ်းအင်ချိတ်ဆက်ထားတာကို ဖြတ်တောက်လိုက်ပြီး နောက်တရက်မှာ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတွေက ဥရောပ လျှပ်စစ် မဟာလိုင်းနဲ့ အောင်မြင်စွာ ချိတ်ဆက်လိုက်ကြပါတယ်။
စားသုံးသူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကာအကွယ်ပေးရေးဗျူရို (CFPB) အလုပ်တွေ အားလုံးနီးနီးကို အမေရိကန်သမ္မတ ထရမ့် အစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။
အမေရိကန် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ (USAID) ဟာ မကြာခဏဆိုသလို အမေရိကန်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွါးနဲ့ မညီညွတ်ဘဲ ဖြုန်းတီးနေတယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအကြံပေး Michael Waltz က တနင်္ဂနွေနေ့က ပြောလိုက်ပြီး သမ္မတထရမ့်က USAID ရပ်ဆိုင်းထားတာကို ကာကွယ်လိုက်ပါတယ်။
အငြင်းပွားစရာ တရုတ်သံရုံးသစ် လန်ဒန်မြို့မှာ တည်ဆောက်ဖို့ ပြင်နေတာနဲ့ပတ်သက်ပြီး တရုတ်ရဲ့ လူ့အခွင့်အရေး နဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို စိုးရိမ်ကြသူ ရာပေါင်းများစွာဟာ သံရုံးသစ်အတွက် လျာထားတဲ့ နေရာမှာ စနေနေ့က စုဝေး ဆန္ဒပြကြပါတယ်။
အမေရိကန်က ဒုက္ခသည်ခေါ်ယူတဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာဟာ ထိုင်းနဲ့ အမေရိကန်ကြား ပြီးခဲ့တဲ့နှစ်က သဘောတူညီခဲ့တဲ့ မြန်မာ ဒုက္ခသည်မိသားစုတွေ ထောင်နဲ့ချီ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ခွင့် ပြုဖို့ အစီအစဉ် တခုလုံးကိုပါ ရပ်သွားစေခဲ့ပါတယ်။
အမေရိကားမှာ တကျော့ပြန်ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ကြက်မွေးမြူရေးခြံတွေက ကြက်တွေကို သုတ်သင်ရှင်းလင်းနေရပြီး၊ ကြက်ဥဈေးတွေကလည်း မြင့်တက်နေတဲ့အတွက် လက်လီရောင်းချသူတွေနဲ့ စားသုံးသူတွေမှာ အခက်ကြုံနေကြရပါတယ်။ ဗွီအိုအေ သတင်းထောက် Veronica Balderas Iglesias ရဲ့သတင်းကို မခင်လေးက ပြောပြပေးပါမယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ အမျိုးသမီး ၈၆ ဦး သေဆုံးခဲ့ပါတယ် ဒီလို စစ်ရေးပဋိပက္ခတွေအတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာနဲ့ ပတ်သတ်ပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ကိုလည်း မြန်မာအမျိုးသမီးသမဂ္ဂ BWU က တောင်းဆိုလိုက်ပါတယ်။
စစ်ဒဏ်ကြောင့် ပျက်စီး ယိုယွင်းနေတဲ့ ဂါဇာကမ်းမြောင်ဒေသအတွက် စီမံခန့်ခွဲရေးဆိုင်ရာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက် ထွက်ပေါ်လာပြီးနောက်မှာ ဂါဇာကမ်းမြောင်ဒေသကနေ ပါလက်စတိုင်းတွေ ထွက်ခွါသွားရေး စီစဉ်ဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကို အစ္စရေးကာကွယ်ရေးဝန်ကြီးက အမိန့်ပေးလိုက်ပါတယ်။
ယူကရိန်းစစ် အဆုံးသတ်ရေးအတွက် ရုရှားအပေါ်ဒဏ်ခတ်အရေးယူမှုတွေနဲ့ တိုးပြီး ဖိအားပေးဖို့ အမေရိကန်ကစီစဉ်နေတယ်လို့ ရုရှားနဲ့ယူကရိန်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Keith Kellogg ကပြောပါတယ်။ အရေးယူဒဏ်ခတ်မှုတွေ လုပ်နိုင်တာ အများကြီးရှိတဲ့အထဲ အထူးသဖြင့် ရုရှားရဲ့စွမ်းအင်ကဏ္ဍပဲ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
မဟာမိတ်နိုင်ငံတွေရော ပြိုင်ဘက်နိုင်ငံတွေကိုပါ လှုပ်ခတ်စေမယ့် နိုင်ငံခြားရေးမူဝါဒတွေ ထုတ်ပြန်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba ရှီဂဲရု အီရှိဘကို သောကြာနေ့က သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံပြီး အမေရိကန်-ဂျပန် ဆက်ဆံရေး ပြန်လည်ခိုင်မာလာဖို့ ဂျပန်ဘက်က မျှော်လင့်နေတာပါ။
ထိုင်း-မြန်မာနယ်စပ်ဒေသအခြေစိုက်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေလုပ်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဒေသတွင်းမှာ အမြစ်ပြတ်သွားအောင်ရှင်းနိုင်ဖို့ တရုတ်ကသက်ဆိုင်တဲ့နိုင်ငံတွေနဲ့ တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်နေတယ်လို့ သောကြာနေ့ ပုံမှန်သတင်းစာရှင်းပွဲအတွင်း ပြောခွင့်ရ Lin Jian ကပြောပါတယ်။
အမေရိကန်အစိုးရဝန်ကြီးဌာနတွေကို အလျင်အမြန်အပြောင်းအလဲလုပ်ဖို့နဲ့ အစိုးရရဲ့ အသုံးစရိတ်ကို လျှော့ချဖို့ Tesla နဲ့ SpaceX ကုမ္ပဏီတွေရဲ့ အကြီးအကဲ Elon Musk ကို သမ္မတဒေါ်နယ်ထရမ့် ခန့်အပ်ထားတာဟာ မှားနေတယ်လို့ လွှတ်တော်ဒီမိုကရက်အမတ်တွေက ဝေဖန်ပါတယ်။ Michelle Quinn ရဲ့သတင်းကို ကိုငြိမ်းချမ်း တင်ပြမှာပါ။
တရုတ်နိုင်ငံကိုလာလည်နေကြတဲ့ ထိုင်းလူမျိုးတွေ လုံခြုံနွေးထွေးတဲ့ ခံစားမှုမျိုးရကြသလို တရုတ်လူမျိုးတွေလည်း ထိုင်းနိုင်ငံကို ကိုယ့်အိမ် ကိုယ့်ယာလို ခံစားမှုမျိုးနဲ့ လာလည်ကြဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံမှာရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ပြောပါတယ်။
အမေရိကန်နိုင်ငံသားတွေအပါအဝင် အစ္စရေးလို အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအပေါ် စုံစမ်းစစ်ဆေးခဲ့တဲ့ ICC နိုင်ငံတကာရာဇဝတ်တရားရုံးက ဝန်ထမ်းတွေအပေါ် စီးပွားရေးနဲ့ခရီးသွားလာခွင့်ပိတ်ပင်မှုတွေပါဝင်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်မယ်လို့ သမ္မတ Donald Trump က မနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုအစိုးရအတွင်း ခရစ်ယာန်ဆန့်ကျင်ရေး ဘက်လိုက်မှုကို တိုက်ဖျက်ရေးအတွက် သမ္မတအိမ်ဖြူတော်မှာ ဘာသာရေးဆိုင်ရာရုံးခန်းတခု ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီရုံးခန်းကို ဦးဆောင်ဖို့ ရှေ့နေချုပ် Pam Bondi ကိုတာဝန်ပေးညွှန်ကြားမယ့်အကြောင်း သမ္မတ Donald Trump က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပြောပါတယ်။
မြန်မာစစ်ကောင်စီကို ရေနံတွေရောင်းချနေတယ်လို့စွပ်စွဲခံရတဲ့ စင်္ကာပူအခြေစိုက် Interra Resources ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို စင်္ကာပူ စတော့ရှယ်ယာဈေးကွက်မှာ ရောင်းချမှုရပ်ထားဖို့ တောင်းဆိုထားပါတယ်။
၁၉၈၈ ခုနှစ်မြန်မာနိုင်ငံတဝန်းဖြစ်ခဲ့တဲ့ လူထုအုံကြွမှုဖြစ်ချိန်မှာ ရေးသားခဲ့တဲ့ နိုင်မြန်မာရဲ့ “ကမ္ဘာမကြေဘူး” သီချင်းကတော့ ခုချိန်ထိ လူထုလှုပ်ရှားမှု သီချင်းတပုဒ်အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ ၂၀၂၁ ခု၊ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းမှာလည်း ပြည်သူလူထုကြုံတွေ့ရတဲ့အခက်အခဲတွေကို လူသိရှင်ကြားလေ့ရှိပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် လမ်းကို စစ်ကောင်စီဘက်က သွားလာခွင့် ပြန်ပိတ်လိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူဆယ်မြို့မှာလည်း လုံခြုံရေးတွေတိုးမြှင့်နေပြီး တရုတ် လုံခြုံရေးတပ်ဖွဲ့တချို့လည်း ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်