ဂျပန်နိုင်ငံက နိုင်ငံခြားကို ဆန်တင်ပို့မှု ၂၀၃၀ ခုနှစ် မတိုင်ခင်မှာ ၈ ဆတိုးနိုင်အောင် ကြိုးစားသွားမယ်လို့ ဂျပန်နိုင်ငံက ပြောကြားလိုက်ပါတယ်။ ပြည်တွင်းမှာ ဆန်လိုအပ်ချက်ရှိပေမဲ့ နိုင်ငံခြားတင်ပို့မှု တိုးနိုင်အောင်ကြိုးစားသွားမှာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီနေ့ ကနေဒါနိုင်ငံမှာ တွေ့ဆုံကြမှာဖြစ်ပြီး ရုရှားနဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ် ရပ်နိုင်ရေးကိစ္စ အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်ရဲ့ ပထမ ၅ လအတွင်း အစိုးရ အသုံးစရိတ်လိုငွေပြမှု ဒေါ်လာ ၁.၁၄၇ ထရီလျံအထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက မတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီလိုငွေပြမှုမှာ သမ္မတ Trump သမ္မတတာဝန်ယူအပြီး တလအတွင်း ဒေါ်လာဘီလျံ ၃၀၇ ဒေါ်လာလိုငွေပြမှုလည်း ပါပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၁၁ ရက်နေ့က EU ဥရောပသမဂ္ဂရဲ့ လုံခြုံရေးဆိုင်ရာ သုံးသပ်ချက်ကို EU နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာအကြီးအကဲ Kaja Kallas ကတင်ပြပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ထဲကနေ တရုတ်နိုင်ငံသားတွေ ထွက်သွားကြဖို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က အမိန့်ထုတ်ခဲ့ပြီးနောက်ပိုင်း ကျေးရွာတွေဘက် ခြေရာဖျောက် ပြောင်းရွှေ့နေကြတဲ့ တရုတ်နိုင်ငံသားတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဝါရောင် ဆရာတော် နတ်ဇောလို့လူသိများတဲ့ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက အမှု ၂ မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ခံထားရတဲ့ ဆရာတော်ကို နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုတွေနဲ့ စွဲချက်တင်လိုက်တာပါ။
G7 နိုင်ငံခြားရေးဝန်ကြီးတွေ ကနေဒါနိုင်ငံဆွေးနွေးပွဲအတွင်း ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ ပတ်သက်လို့ဆွေးနွေးကြဖို့ရှိပြီး မတ်လ (၁၁) ရက်က အမေရိကန်နဲ့ယူကရိန်း (၈) နာရီကြာဆွေးနွေးပြီးနောက် အမေရိကန်အဆိုပြုထားတဲ့ ရက် (၃၀) ယာယီ ချက်ချင်းအပစ်ရပ်ရေးကို လက်ခံဖို့အဆင်သင့်ရှိကြောင်း ယူကရိန်းက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်အတွင်း ရထားအကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ခရီးသည် (၁၉၀) ဦးကိုကယ်တင်နိုင်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သူ (၃၀) ကိုသုတ်သင်နိုင်ခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေး တာဝန်ရှိသူတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာထုတ်ဖေါ်ပြောဆိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည်သိန်းနဲ့ချီရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည်စခန်းကလေးတွေ အာဟာရချို့တဲ့မှု အဆိုးဆုံးအခြေအနေရောက်နေပြီး နိုင်ငံတကာအကူအညီတွေ ထပ်ပြီးအဖြတ်ခံရရင် လူသားချင်းစာနာမှုဆိုင်ရာဘေးဒုက္ခဆိုးကြီးကို ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ UNICEF က ဒီနေ့ သတိပေးပါတယ်။
အမေရိကန်ပြည်ထောင်စုက သံမဏိနဲ့ အလျူမီနီယံသွင်းကုန်တွေအပေါ် မတ်လ ၁၂ ရက်နေ့ကစလို့ ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်လိုက်ပြီး မဟာမိတ်နိုင်ငံတချို့အပေါ် အစောပိုင်းက ကင်းလွတ်ခွင့် ပေးထားတဲ့ အစီအစဉ်ကို အဆုံးသတ်လိုက်ပါတယ်။
ကမ္ဘာကျော် ကိုရီးယား ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ထဲက Jennie ဂျန်နီက ဗြိတိသျှ အဆိုတော် Dua Lipa ဒူဝါလီပါနဲ့ တွဲဆိုထားတဲ့ “Handlebars” သီချင်း ဗီဒီယိုကို ထုတ်လိုက်ပါတယ်။
ရုရှားနဲ့ စစ်ပွဲရပ်ဆိုင်းရေးအတွက် ရှေ့ကို ခြေလှမ်းတလှမ်းတိုးလိုက်တဲ့ လုပ်ရပ်အဖြစ် အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို လက်ခံတဲ့ ယူကရိန်းကို အမေရိကန် ချီးကျူးလိုက်ပါတယ်။ နောက်တဆင့်မှာတော့ အမေရိကန်ရဲ့ အဆိုပြုချက်ကို ရုရှားအနေနဲ့ စဉ်းစားမယ်လို့ မျှော်လင့်ရပါတယ်။
ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီက ဒီကနေ့ အစောပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း KIO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောလိုက်ပါတယ်။ လူနေရပ်ကွက်တွေအနီး တိုက်ခိုက်ခံရမှုမှာ သေကျေထိခိုက်တာတော့ မရှိဘူးလို့လည်း ပြောပါတယ်
အမေရိကန်ပြည်ထေင်စုပညာရေးဝန်ကြီးဌာနအနေနဲ့ သူ့ရဲ့ဝန်ထမ်း ၁၃၀၀ ကျော်ကိုအလုပ်ကနေထုတ်ပယ်သွားမယ်လို့ အင်္ဂါနေ့တုန်းကကြေငြာပါတယ်။ ဒါဟာဝန်ထမ်း ၄၁၀၀ လောက်ရှိတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ထက်ဝက်နီးပါးလောက်ကို လျှော့ချလိုက်တာဖြစ်ပါတယ်။
"တချို့စက်တွေက ငွေမရှိဘူး။ မနေ့ကဆို ပိုဆိုးတယ်။ မတွေ့ဘူး။ ခရီးသွားတဲ့သူတွေ၊ မန္တလေးသွားတဲ့သူတွေ ၊ နှစ်ညအိပ်သွားမဲ့သူတွေ ပိုက်ဆံက Kpayတို့၊ ဘဏ်ကတ်တို့ပဲ ပါတာလေ။ အဲဒါလိုက်ထုတ်တော့ လမ်းမှာ တချို့စက်တွေက လက်မခံဘူး။ စက်တွေက ငွေကုန်သွားပြီပဲ ပြောနေတာ။" (ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလုပ်နေသူ)
ဗြိတိသျှအင်ပါယာရဲ့ နောက်ဆုံးလက်ကျန် ချာဂိုကျွန်းစုတွေရဲ့ အချုပ်အခြာအာဏာကို မောရစ်ရှနိုင်ငံကို လွှဲပြောင်းပေးဖို့ ဗြိတိန်က ကြည့်နေပါတယ်။ တရုတ်ရဲ့ ခြိမ်းခြောက်မှုတိုးလာချိန်မှာ ဒါဟာ ဒေသတွင်းလုံခြုံရေးကို အားနည်းစေမယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ Henry Ridgewell ရဲ့သတင်းကို ကိုငြိမ်းချမ်း ပြောပြမှာပါ။
Porcelain War ကြွေထည် စစ်ပွဲလို့ နာမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်ဟာ ရုရှားရဲ့ ကျုးကျော်မှုအောက်မှာ ယဉ်ကျေးမှု နဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ လုပ်ဆောင်နေတဲ့ ယူကရိန်း အနုပညာရှင်တွေ နဲ့ နိုင်ငံသားတွေ အကြောင်း ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်အကြောင်း Elena Wolf သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန် အဆိုပြုတဲ့ ရက် ၃၀ အပစ်ရပ်ရေးကို ယူကရိန်းအစိုးရက ထောက်ခံကြောင်း အမေရိကန်နဲ့ ယူကရိန်းတို့က ပြောဆိုကြပါတယ်။
အမေရိကန်သမ္မတ Donald Trump က ကနေဒါနဲ့ ကုန်သွယ်ရေးစစ်ပွဲကို အင်္ဂါနေ့မှာ ထပ်ပြီး တိုးမြှင့်လိုက်ပါတယ်။ ကနေဒါရဲ့ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ်မှာ အမေရိကန်က သွင်းကုန်ခွန်ကို ၅၀% ထိ တိုးမြှင့်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်