ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချစ်စတန် ပြည်နယ်တွင်းမှာ အင်္ဂါနေ့က နိုင်ငံတဝန်း ခုတ်မောင်းတဲ့ ခရီးသည်တင်ရထားကို စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့ပြီး လူအများအပြားကို ပြန်ပေးဆွဲထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း Rodrigo Duterte ကို ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ ကနေ လေယာဉ်နဲ့ ထွက်ခွာသွားပြီးဖြစ်ပြီး သူ့ကို သည်ဟိဂ်က နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ကို လွှဲပြောင်းပေးမှာဖြစ်ကြောင်း ဖိလစ်ပိုင် အရာရှိတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေက ဗွီအိုအေကို ပြောပါတယ်။ ခုနောက်ပိုင်း စစ်ကောင်စီဘက်က မီးလောင်ဗုံးနဲ့ အသေခံဒရုန်းတွေ တွင်တွင်ကျယ်ကျယ်သုံးပြီး အားပြုလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အင်္ဂလန်ပရီးမီးယားလိဂ် မန်ချက်စတာယူနိုက်တက်အသင်းက ပရိသတ် ၁ သိန်းဆန့်တဲ့ ဘောလုံးကွင်းအသစ်ကြီးကို တည်ဆောက်သွားမယ်လို့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။
ကနေဒါနိုင်ငံက သံမဏိနဲ့ အလျူမီနီယံ သွင်းကုန်တွေအပေါ် အမေရိကန်က အခွန် ၂ ဆတိုးပြီး ၅၀ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ကြောင်း သမ္မတ Donald Trump က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတထရမ့် အဆိုပြုထားတဲ့ ဂါဇာဒေသခံ ၂.၃ သန်း တခြားတိုင်းပြည်တွေမှာ သွားရောက် အခြေချနေထိုင်ရေး အစီအစဥ်ကို အစ္စရေး သဘောထားတင်းမာသူတွေက ကြိုဆိုကြပါတယ်။ ပါလက်စတိုင်းတွေကတော့ ဒီအစီအစဥ်ကို လက်မခံပါဘူး။ VOA သတင်းထောက် Linda Bradstein ဂျေရုစလင်က ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်တဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာရာဇဝတ်မှု တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း Rodrigo Duterte (ရော့ဒရီကို ဒူတာတေး) ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဒီကနေ့ မနီလာလေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပြန်ပြီး ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂလက်အောက်ခံအေဂျင်စီတခုဖြစ်တဲ့ IOM ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းက ပြောကြားလိုက်ပါတယ်။
အမေရိကန်ရဲ့ ကုန်သွယ်ဖက်တွေအပေါ် သမ္မတ Donald Trump အခွန်တွေတိုးမြှင့်လိုက်တာကြောင့် မရေမရာ အခြေအနေတွေ ပေါ်ပေါက်နေပြီး၊ ရှေ့လာမယ့် လတွေမှာ စီးပွားရေး ကျဆင်းနိုင်ခြေရှိနိုင်တာကို သမ္မတက လက်ခံဖို့တွန့်ဆုတ်နေချိန်မှာပဲ အဓိကစတော့ရှယ်ယာ ဈေးကွက် ၃ ခုမှာ တနင်္လာနေ့က အစုရှယ်ယာဈေးတွေ ထိုးကျသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ အမေရိကန် အရာရှိတွေ ဒီနေ့ Saudi Arabia နိုင်ငံမှာ ယူကရိန်း အရာရှိတွေနဲ့ စတင် တွေ့ဆုံဆွေးနွေးနေပြီး ရုရှားနဲ့ တစိတ်တပိုင်းအားဖြင့် အပစ်အခတ်ရပ်စဲမယ့် အစီအစဉ်ကို ယူကရိန်းဘက်က တင်ပြမယ်လို့ မျှော်လင့်ရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Julie Bishop ဟာ မြန်မာနိုင်ငံထဲမှာရင်းနှီး လုပ်ကိုင်နေတဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ ပတ်သက်ဆက်စပ်နေတယ်လို့ မြန်မာ့အရေးစောင့်ကြည့်လှုပ်ရှားနေသူတွေက စွပ်စွဲလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂကိုတောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်သမားရေးဝန်ကြီးအဖြစ် Lori Chavez-DeRemer ကို ခန့်ထားရေး အထက်လွှတ်တော်က မနေ့က တနင်္လာနေ့မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ အဓိကဝင်ငွေလမ်းကြောင်းတခုဖြစ်တဲ့ အစိုးရပိုင် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်အရေးယူတဲ့စာရင်းထဲမှာထပ်မံထည့်သွင်းလိုက်ပြီး ဒီကနေ့အင်္ဂါနေ့မှာစတင်အသက် ဝင်မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိတဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကို သမ္မတထရမ့်အစိုးရက သီတင်း ၆ ပတ်အတွင်း ရှင်းလင်းနေတာတွေ ပြီးဆုံးသွားပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က တနင်္လာနေ့မှာပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားခရီးစဥ်မှာ မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းတွေ ဆက်ပြီးရောင်းချဖို့ကိစ္စ တစိတ်တပိုင်း ပါ၀င်မယ်လို့ သံသယရှိကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ကပြောကြားလိုက်ပါတယ်။
စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ စက်တပ်လေထီး Paramotor အသုံးပြုတာ များလာတယ်လို့ တော်လှန်ရေးမှာ ပါဝင်သူတွေနဲ့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလ ဒါမှမဟုတ်လည်း နောက်နှစ် ဇန်နဝါရီလအတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားကြောင်း စစ်ကောင်စီအကြီးအကဲက ပြောပါတယ်။ ရုရှားနဲ့ ဘီလာရုစ်တို့က ကိုယ်စားလှယ်တွေ စောင့်ကြည့်မယ့် ဒီရွေးကောက်ပွဲမှာ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လည်း သူက တိုက်တွန်းပါတယ်။
ကမ္ဘာ့နိုင်ငံအတော်များများက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေ အကြီးအကျယ် ဖိနှိပ်ခံနေရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်ကမတ်လ ၁၀ ရက်နေ့မှာစတင်တဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂရဲ့ အမျိုးသမီးများအခြေပြုကော်မရှင် CSW ညီလာခံမှာ ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား တင်းမာမှုတွေကို ညှိနှိုင်းဖြေရှင်းမယ့်အကြောင်း နှစ်ဘက်တာဝန်ရှိသူ တွေက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်