မြန်မာနိုင်ငံဘက်က အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေမှာ လူကုန်ကူးခံထားရသူတွေ လက်ခံဖို့ ထိုင်းအစိုးရအနေနဲ့ ပြင်ဆင်ထားကြောင်း ဒါပေမယ့် ဒီလူအားလုံးကို လက်ခံဖို့တော့မဖြစ်နိုင်ကြောင်းလည်း ဒီကနေ့ ဖေဖေါ်ဝါရီ ၁၂ ရက် ဗုဒ္ဓဟူးနေ့မှာ ထိုင်း ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောပါတယ်။
အမေရိကန်အစိုးရဝန်ထမ်းအင်အားလျှော့ချဖို့ တာဝန်ပေးခံထားရတဲ့ ထိပ်တန်းအကြံပေး ဘီလျံနာ Elon Musk ဦးဆောင်တဲ့ အစိုးရလုပ်ငန်းတွေ မြန်ဆန်ထိရောက်ရေးဌာန DOGE နဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ အမေရိကန်အစိုးရဝန်ကြီးဌာနတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ အမိန့်ပေးလိုက်ပါတယ်။
မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်နွယ်ပတ်သက်နိုင်ခြေစုံစမ်းစစ်ဆေးဖို့ Tak ခရိုင် နယ်ခြားဒေသက လူသိများတဲ့ ရဲချုပ်အဆင့်တာဝန်ရှိသူနှစ်ယောက်ကို ဘန်ကောက်ဌာနချုပ်မှာ တာဝန် ရွှေ့ပြောင်းထမ်းဆောင်ဖို့ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Kittharath Punpetch က အမိန့်ထုတ်ကြောင်း ဘန်ကောက်ပို့စ်မှာရေးပါတယ်။
မြန်မာနိုင်ငံ နယ်စပ်အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် လျှပ်စစ်နဲ့စက်သုံးဆီအပြင် မြန်မာနိုင်ငံကိုတင်သွင်းနေတဲ့ ကုန်ပစ္စည်း ၁၁ မျိုးလောက်ကို ထိုင်းနိုင်ငံကကန့်သတ်မယ့်သတင်းကြောင့် ကုန်သည်တွေ စိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံပိုင် စီးပွားရေးကို စစ်တပ်က လက်ဝါးကြီးအုပ် အသုံးချပြီး ပြည်သူတွေကို ဖိနှိပ်တဲ့ ယန္တယားအတွက် အသုံးချနေတဲ့အကြောင်း ဩစတေးလျ စီးပွားရေးပညာရှင် ပါမောက္ခ Sean Turnell ရဲ့ အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ SAC-M က မနေ့က ထုတ်ပြန်ပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေရဲ့ သားကောင်အဖြစ် ထိခိုက်နစ်နာသူတွေထဲမှာ အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်တဲ့အတွက် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ထိုင်းအစိုးရ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း ထိုင်းတရားရေးဝန်ကြီးက ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာရေးသားထားပါတယ်။
စွပ်စွဲ ပြစ်တင်ခံထားရတဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ် (Yoon Suk Yeol) ပြောသလိုမဟုတ်ဘဲ ရွေးကောက်ပွဲက ရိုးသား ဖြောင့်မတ်တယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသား ရွေးကောက်ပွဲ ကော်မရှင် (NEC) က ကာကွယ်ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ အကူအညီပေးရေး အစီအစဥ်တွေကို ဆိုင်းငံ့ပြီး ပြန်လည် သုံးသပ်ဖို့နဲ့ USAID ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းဖို့ဆိုတဲ့ သမ္မတ Trump အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် နိုင်ငံရပ်ခြား အကူအညီတွေနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ အနာဂတ် ရပ်တည်ချက်ကို မေးခွန်း ထုတ်လာကြပါတယ်။
စနေနေ့ နေ့လည်မှာ ဓားစာခံတွေကို ဟားမတ်စ်အဖွဲ့က ပြန်မလွှတ်ရင် ဂါဇာကို ပြန်တိုက်မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟုက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ် ၆ သန်းကျော်လောက်ဟာ ကျန်းမာရေး ပညာရေးအပါအဝင် အစာအာဟာရ ချို့တဲ့မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဂျော်ဒန်ဘုရင် ဒုတိယမြောက် Abdullah ကို အိမ်ဖြူတော်မှာ အင်္ဂါနေ့က လက်ခံတွေ့ဆုံပြီး ဂါဇာကို ခရီးသွားလုပ်ငန်းနေရာအဖြစ် ပြောင်းဖို့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက်ရည်ရွယ်တဲ့ ၄ ကြိမ်မြောက် Spring Flowers International Conference on Myanmar ကို အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနား ပြည်နယ်မြို့တော် Indianapolis မှာ ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က အလူမီနီယံနဲ့ သံမဏိတင်သွင်းမှုအပေါ်အခွန် ၂၅ % တိုးကောက်ဖို့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့တာဟာ အဓိကတင်သွင်းနေတဲ့ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေကိုထိခိုက်စေမှာ ဖြစ်ပါတယ်။ VOA သတင်းထောက် Anita Powel အိမ်ဖြူတော်ကနေ သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် ပြောပြပေးပါမယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လျှပ်စစ်မီတာခကို ယူနစ်နဲ့တွက်ချက်ကောက်ခံတာမျိုးမဟုတ်ဘဲ လျှပ်စစ်ရုံးက တောင်းသလောက်ပေးနေရတဲ့အတွက် အခက်အခဲတွေ့နေရတဲ့အကြောင်း မြို့ခံတွေက ပြောပါတယ်။
“အစ္စရေးကဆုံးဖြတ်ရမှာဖြစ်ပေမဲ့ ကျနော့်သဘောအရဆိုရင်တော့ စနေနေ့နေ့လည် ၁၂ နာရီ နောက်ဆုံးထားပြီး ဓားစာခံအားလုံးကို ပြန်လွှတ်မပေးရင် အပစ်အခတ်ရပ်စဲရေးကို ဖျက်လိုက်တာ ကောင်းပါတယ်။”လို့ သမ္မတထရမ့်က မနေ့ကပဲ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံဘက်က အွန်လိုင်း လိမ်လည်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး လူမှောင်ခိုကူးရာမှာ မသင်္ကာမှုနဲ့ ရဲဗိုလ်ချုပ် Ekkarat Intasueb နဲ့ Samrit Aimkamol တို့ကို ဘန်ကောက် ရဲဌာနချုပ်ကို ချက်ချင်းလာရောက်ဖို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ Kittharath Punpetch က ဒီကနေ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ ဆင့်ခေါ်လိုက်တာပါ။
အမေရိကန်အရှေ့ခြမ်းပြည်နယ်တချို့မှာ နှင်းမုန်တိုင်းနဲ့ ရေခဲမှတ်အောက်ကျနိုင်တာကြောင့် မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ကြဖို့ အာဏာပိုင်တွေက သတိပေးထား ပါတယ်။ မြို့တော် ဝါရှင်တန်ဒီစီမှာ ဒီကနေ့ အင်္ဂါနေ့ ဖေဖေါ်ဝါရီ ၁၁ ရက် နေ့လည်ပိုင်းကစလို့ နှင်းနဲ့ ရေခဲမိုးရွားနိုင်ကြောင်း ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။
အမေရိကန်သမ္မတ Donald Trump က သံမဏိနဲ့ အလျူမီနီယံသွင်းကုန်တွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်မှာဖြစ်သလို ဒီသွင်းကုန်တွေနဲ့ပတ်သက်ပြီး အဓိကတင်သွင်းနေတဲ့ နိုင်ငံအချို့အပေါ် အခွန်ကင်းလွတ်ခွင့်နဲ့ ကန့်သတ်ချက် လျှော့ပေါ့ပေးထားတာတွေ ပြန်ရုပ်သိမ်းမယ်လို့ ပြောလိုက်ပါတယ်။
“နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်လို့ ရိုမေးနီးယားနဲ့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အပြန်အလှန်ပြောဆိုဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်တွေနဲ့ ကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံမှာရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှု ရရှိအောင်လည်း လုပ်နိုင်မှာပါ။” (မလေးရှားဝန်ကြီးချုပ်)
နောက်ထပ်ကြည့်ရှုရန်