စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ ထိပ်တန်းစစ်ခေါင်းဆောင်တချို့ကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တဲ့အကြောင်း UK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အာရှဒေသတွင်း အင်အားခိုင်မာအောင် တရုတ်က လုပ်ဆောင်နေချိန်မှာ သမ္မတထရမ့်က ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနဲ့ ဆက်ဆံရေး ခိုင်မာအောင်လုပ်ဖို့နဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ ပစ္စည်းတွေရောင်းချမှုတိုးလာအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း ထရမ့်အစိုးရအဖွဲ့ အရာရှိတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာအမျိုးသား တဦးဖြစ်တဲ့ အောင်ကိုကို သေဆုံးမှုဟာ ထိုင်းစစ်သား တွေကြောင့်လို့ စွပ်စွဲထားတဲ့ အမှုအတွက် ပြန်လည် စုံစမ်းဖေါ်ထုတ်ဖို့ လုပ်နေပြီဖြစ်ကြောင်း သြဇာကြီးတဲ့ ထိုင်းရှေ့နေများအဖွဲ့ဖြစ်တဲ့ LCT ထိုင်းရှေ့နေများကောင်စီက ပြောပါတယ်။
၃ နှစ်လာတဲ့ကြာ ရုရှားကျူးကျော်စစ် အဆုံးသတ်ရေးမှာ ယူကရိန်းမပါပဲ အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံ ဆုံးဖြတ်ပြီးချမှတ်တဲ့ ဘယ်သဘောတူညီချက်မျိုးကိုမဆို ယူကရိန်းက လက်ခံမှာမဟုတ်ဖူးလို့ ယူကရိန်းသမ္မတ Zelenskyy က ကြာသပတေးနေ့မှာပြောပါတယ်။ ကိုယ့်နိုင်ငံမပါဝင်တဲ့ ဘယ်သဘောတူညီချက်ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁၀ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ စစ်ဘေးရှောင်တွေရှိတဲ့ ကုလားကြီးရွာကို လေကြောင်းက တိုက်ခိုက်လို့ သေဆုံးတာတွေရှိပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ယူတာပြည်နယ်မှာ ဖြစ်ပွားတဲ့ ရထားနဲ့ ကားတိုက်မိပုံ မှတ်တမ်းဗွီဒီယိုကို သယ်ယူပို့ဆောင်ရေးဌာနက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ရထားမောင်းသူဘက်က ရိုက်ကူးထားတဲ့ ရှုထောင့်ရော၊ ရထားလမ်းကူးဂိတ်နောက်ဘက်က ရိုက်ကူးထားတဲ့ ရှုထောင့်ကပါ မြင်ရလို့ ဒီဖြစ်ရပ်အစအဆုံး တွေ့ရတာပါ။
နယူးယောက်ဖက်ရှင် သီတင်းပတ်မှာ ပြသသွားတဲ့ ဖက်ရှင်ဒီဇိုင်နာ Carolina Herrera (ကယ်ရိုလိုင်းနား ဟာ) ရဲ့ ၂၀၂၅ ဆောင်းဦးရာသီ ဖက်ရှင်ပြပွဲကို ဒီဇိုင်နာ Wes Gordon ဝက်စ်ဂေါ်ဒန်က သူအကြိုက်ဆုံး ရုပ်ရှင်ဖြစ်တဲ့ "Being There" ကနေ စိတ်ကူးကွန့်မြူးပြီး အခိုက်တန့် အလှတရားဆိုတာကို ဖော်ကျူးပြသခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ပမာဏအများဆုံး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စတင်တည်ဆောက်နေတယ်လို့ သုတေသီတွေက ပြောလိုက်ပါတယ်။
ကမ္ဘာတဝှမ်း အဂတိလိုက်စားမှုတွေကို စုံစမ်းအကဲဖြတ်တဲ့ Transparency International အဖွဲ့ကြီးရဲ့ ၂၀၂၄ ခု အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အထဲ မြန်မာက ၁၆၈ နေရာကိုရောက်နေတဲ့အပြင် အရှေ့တောင်အာရှမှာ လာဘ်စားမှုအဆိုးဆုံးနိုင်ငံအဖြစ်လည်း Transparency International ကဖော်ပြပါတယ်။
နာမည်ကျော် အမေရိကန် ရုပ်ရှင်မင်းသမီး Angelina Jolie အန်ဂျလီနာ ဂျိုလီ ဆန်တာဘာဘရာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Maltin Modern Master Award မော်လ်တင် ခေတ်သစ်ပညာရှင်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။
ထိုင်းမြန်မာနယ်စပ်မြို့ ဘုရားသုံးဆူမှာရှိတဲ့ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းလို့ယူဆရတဲ့လုပ်ငန်းတွေ အပါအဝင် တရုတ်လုပ်ငန်းတချို့ရပ်ဆိုင်းပြီး ဘုရားသုံးဆူကနေထွက်ခွါနေကြတယ်လို့ ဘုရားသုံးဆူ ဒေသခံတွေကို ကိုးကားပြီး ဒီကနေ့ ဖေဖေါ်ဝါရီ လ ၁၃ ရက်နေ့မှာ Bangkok Post သတင်းစာက ရေးသားဖေါ်ပြပါတယ်။
မြောက်အတ္တလန်တိတ်စစ်ရေး NATO အဖွဲ့ဝင်တွေအနေနဲ့ စစ်ရေးအသုံးစရိတ် တိုးမြှင့်ထည့်ဝင်ကြဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ Belgium နိုင်ငံ Brussels မြို့တော်မှာ ကျင်းပနေတဲ့ NATO ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ ဒီနေ့ ကြာသပတေးနေ့မှာ ဝန်ကြီးက တိုက်တွန်းပြောကြားတာဖြစ်ပါတယ်။
လာမယ့်စနေမှာ ဓားစာခံတွေပြန်မလွှတ်ဘူးဆိုရင် ငရဲကျသလို တိုက်ခိုက်ခံရမယ်လို့ အမေရိကန်သမ္မတ Donald Trump ပြောတဲ့အတိုင်း အစ္စရေးကာကွယ်ရေးဝန်ကြီးကလည်း ပြောပါတယ်။အစ္စရေးနဲ့ Hamas ကြား ဆက်လက်အပစ်ရပ်နိုင်ရေး ညှိနှိုင်းသူတွေ ဆွေးနွေးနေတာနဲ့ တချိန်တည်း အစ္စရေးစစ်တပ်က အရန်တပ်ဖွဲ့ဝင်တွေကိုလည်း ဆင့်ခေါ်ထားပါတယ်။
ယူကရိန်း စစ်ပွဲရပ်တန့်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဘက်မျိုးစုံပါဝင်တဲ့ သံတမန်ရေး ဆက်သွယ်မှုတွေ လုပ်ခဲ့ပြီး ရုရှားသမ္မတနဲ့ မကြာခင်မှာတွေ့ဆုံမယ်လို့ ပြောခဲ့သလို ယူကရိန်းသမ္မတနဲ့ တွေ့ဖို့ အမေရိကန် ဒုသမ္မတဦးဆောင်အဖွဲ့ကိုလည်း စေလွှတ်ထားပါတယ်။ Anita Powell ရဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်အာဏာတည်မြဲရေးအတွက် ကျင်းပတဲ့ အတု အယောင် ရွေးကောက်ပွဲဖြစ်တဲ့အတွက် ဆန့်ကျင်သွားမယ့်အကြောင်း ၇၈ နှစ်မြောက် မွန် အမျိုးသားနေ့မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ကြေညာထားပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ကလေးမွေးပြီး နိုင်ငံသားအဖြစ်ခံယူဖို့ လုပ်ဆောင်တဲ့ကိစ္စမှာ အမေရိကန် ပြည်မကြီးဆီကိုပဲ ဦးတည်လာကြတာမဟုတ်ပါဘူး။ တရုတ်နိုင်ငံက ကိုယ်ဝန်ဆောင်မိခင်တွေဟာ သူတို့နဲ့ နီးတဲ့ အမေရိကန်ပိုင်နက် နယ်မြေတွေကိုလည်း သွားတတ်ကြပါတယ်။ ဒီအကြောင်း ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန်စစ်ဌာနချုပ်ဟာ ယူကရိန်းမှာ ဇီဝလက်နက်စမ်းသပ်ဓာတ်ခွဲခန်းတွေ အများကြီး ဖွင့်လှစ်ထားတယ်လို့ ရုရှားက ပြောပါတယ်။ အသေးစိတ်ကို အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် သုံးယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ သက်သေအထောက်အထား မခိုင်လုံသေးတဲ့အတွက် ထပ်ပြီးတင်ပြဖို့ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစိုးရရှေ့နေတွေက အထူးစုံစမ်းရေးအဖွဲ့ DSI ကို တောင်းဆိုထားပါတယ်။
ဂါဇာက စစ်ဒဏ်သင့်ပါလက်စတိုင်း ခန့်မှန်းခြေနှစ်သန်းလောက်ကို ပြန်လည်နေရာချထားဖို့ အမေရိကန်သမ္မတ Donald Trump ရဲ့ အဆိုပြုချက်ဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိခိုက်စေပြီး အကျပ်အတည်းတွေဆီဦးတည်စေလိမ့်မယ်လို့ ကမ္ဘာ့အစိုးရများထိပ်သီးညီလာခံမှာ အာရပ်အဖွဲ့ချုပ်အကြီးအကဲ Ahmed Aboul Gheit က ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲကို အီလက်ထရောနစ်မဲပေးစနစ်အသုံးပြုဖို့ စီစဉ်နေကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပေးပို့တဲ့ မိန့်ခွန်းမှာပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်