တရားမဝင် ပြောင်းရွှေ့နေထိုင်နေသူတွေကို လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီး ပြန်ပို့တဲ့ လူဦးရေက ကျေနပ်ဖွယ်မရှိဘူးလို့ သမ္မတထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူက တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ စစ်တပ် ဒါမှမဟုတ် အစိုးရရဲ့ အင်အားတရပ်အဖြစ် ဆက်သွားလို့မဖြစ်နိုင်ဘဲ အမြစ်ပြတ် ရှင်းလင်းပစ်ရမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းပြည်နယ် နေရာအတော်များများမှာ အခုသီတင်းပတ်ကုန် ရက်ပိုင်းတွေအတွင်း စိုစွတ်ပြီး ဆိုးရွား ပြင်းထန်တဲ့ ရာသီဥတု ဒဏ်ကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်ထဲက ကျားဖြန့်လိမ်လည်ဂိုဏ်းတွေနှိမ်နင်းဖို့နဲ့ လူကုန်ကူးခံရတဲ့သူတွေကိုပြန်လွှဲပြောင်းပေးဖို့ ထိုင်းမြန်မာ နယ်ခြားကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ရက်နေ့က မဲဆောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။
စက်မှု ဖွံ့ဖြိုးပြီး G7 ဒီမိုကရေစီနိုင်ငံကြီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေ ပါဝင်တဲ့ ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်တရပ် ရယူနိုင်ဖို့ ဆက်လက်ပြီး အတူလက်တွဲ ဆောင်ရွက်ရေး စနေနေ့က သဘောတူညီခဲ့ကြပါတယ်။
မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ကုန်းလမ်းကတဆင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရေး ဆက်လက်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြောင်း အိန္ဒိယ အစိုးရ ထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီလ ၁၅ရက် (စနေနေ့) က ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီးတပါး သတ်ဖြတ်ခံခဲ့ရတဲ့ သတင်းကြောင့် ဒေသခံနဲ့ ခရစ်ယာန် အသိုင်းအဝန်းကြား ထိတ်လန့်တုန်လှုပ်သွားစေတယ်လို့ ဗာတီကန် သတင်းဌာန Fides က ဖေဖော်ဝါရီလ ၁၅ ရက် (စနေနေ့) က ဖော်ပြပါတယ်။
ဖိလစ်ပိုင်အစိုးရက ကနေဒါ ၊ နယူးဇီလန်တို့နဲ့ ကာကွယ်ရေးဆိုင်ရာ အဓိက စာချုပ်တွေ ချုပ်ဆိုဖို့ ကြိုးစားနေတဲ့ အပြင် ဖိလစ်ပိုင်ရဲ့ အဓိက ကာကွယ်ရေးမိတ်ဘက်ဖြစ်တဲ့ အမေရိကန်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု တိုးချဲ့ နိုင်မယ့် နည်းလမ်းတွေလည်း ရှာနေတာဖြစ်ပါတယ်။
ဥရောပနိုင်ငံအစိုးရတွေဟာ ပြင်းထန်တဲ့ စိစစ်ဖြတ်တောက်မှုတွေ လုပ်နေတာဖြစ်ပေမယ့် ရွှေ့ပြောင်းအခြေချသူများအရေး သေသေချာချာကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဂျာမဏီနိုင်ငံ မြူးနစ်လုံခြုံရေးညီလာခံမှာ အမေရိကန် ဒုသမ္မတ JD Vance က ဝေဖန်ရင်း၊ ခြိမ်းခြောက်မှုအန္တရာယ်ဟာ ဥရောပတွင်းမှာပဲရှိနေတယ်လို့ သတိပေးလိုက်ပါတယ်။
ဆွစ်ဇာလန်အခြေစိုက် Insecurity Insight သုတေသနအဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထိ မှတ်တမ်းတွေမှာ ကျန်းမာရေးဆိုင်ရာအဆောက်အအုံ ၃၄၈ ခု ပျက်စီးခဲ့သလို ဆေးပေးခန်း၊ ဆေးရုံတွေကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် မဟုတ်ဘဲ တခြားရည်ရွယ်ချက်နဲ့ ဝင်ရောက်သုံးစွဲမှု ၂၀၂ ကြိမ် ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရက ရွှေ့ပြောင်းအခြေချသူ အမြောက်အများကို ပြည်နှင်ဒဏ် အလျှင်အမြန်ပေးနေတဲ့ အချိန်တချို့ကို ကျုးဘားမှာရှိတဲ့ ဂွမ်တာနာမို ဘေးနေရာကို ပို့နေသလို တချို့ကိုလည်း တခြားနေရာတွေကို ပြည်နှင်ဒဏ်ပေးနေပါတယ်။ Aline Barros သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေဆီက ကယ်တင်ခဲ့တဲ့သူတွေကို ဘယ်သူက အမှန်တကယ် လူကုန်ကူး ခံရသူဆိုတာကို ထုတ်ဖေါ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်း တော်ဝင်ရဲတပ်ဖွဲ့ RTP က ဘန်ကောက် မြို့မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေကို ဖိတ်ကြားထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်တဲ့နိုင်ငံတွေကသွင်းကုန်တွေကို ပြန်လည်အခွန်ကောက်ခံမယ် လို့ သမ္မတ Donald Trump က ကြေညာခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်ပြီး ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကျင်းပနေတဲ့ နိုင်ငံတကာ လုံခြုံရေးညီလာခံကိုတက်ရောက်လာတဲ့ အမေရိကန်ဒုသမ္မတ JD Vance နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky တို့ ဒီကနေ့သောကြာနေ့မှာ သီးခြားတွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။
ပြည်ပထွက်ခွာမယ့် လူငယ်အမျိုးသားတွေကို ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီ အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ်စစ်ဆေးပြီး တချို့ကို အိမ်ပြန်လွှတ်တယ်လို့ ကိုယ်တိုင်ကြုံခဲ့ ရသူတွေက VOA ကို ပြောဆိုပါတယ်။ အခုလို အခြေအနေတွေကြောင့် နိုင်ငံခြားကို ထွက်ခွာဖို့ ပြင်နေ တဲ့ လူငယ်တွေကြား စိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ ပြည်ထောင်စုအစိုးရဝန်ထမ်းအရေအတွက် လျှော့ချရေး အစီအစဉ်အရ ဝန်ထမ်းအင်အားတွေလျှော့ချဖို့ အမိန့်ကို သမ္မတ Trump အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ပြီးနောက် အသစ်ငှားရမ်းထားတဲ့ အစမ်းခန့် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ကနေရပ်ဆိုင်းမှု စတင်လုပ်ဆောင်နေပါပြီ။
ဥရောပမှာ ရွှေ့ပြောင်းနေထိုင်ဖို့ သူတွေလိုက်ပါလာတဲ့ လှေတစင်း ဇန်နဝါရီလထဲ တိမ်းမှောက်မှုမှာ ပါကစ္စတန် ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်လူငယ်တွေ ဘာကြောင့် အခုလို အသက်စွန့်ပြီး ဥရောပကို သွားကြတာပါလဲ။ VOA ပါကစ္စတန် ဌာနမှုး Sarah Zaman မေးမြန်းတင်ပြထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပါမယ်။
"MoUစာချုပ်ကို သေသေချာချာ ချုပ်တဲ့သဘောမျိုးမဟုတ်ဘဲနဲ့ MoU ချုပ်လို့ အလုပ်သမား ဘယ်နှစ် ယောက် စေလွှတ်လို့၊ ဘယ်နှစ်ယောက်က အဆင်ပြေသွားတယ်ဆိုတဲ့ research တွေလည်း မရှိဘူး။ အဲဒီတော့ အလုပ်သမားအခွင့်အရေး ဘာတခုမှ တောင်းဆိုလို့ရမှာ မဟုတ်ပါဘူး။" (မြန်မာအလုပ်သမားတဦး)
"လောလောဆယ်ကတော့ အကုန်လုံးပြေးနေရတယ်ဗျ။ မြေပြင်ကလည်း စစ်ကြောင်းဝင်နေတော့လေ။ လယ်တော်၊ ဘုဘ၊ ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ကျွန်းကြီး။ အဲဒီ ညောင်ပင်ပတ်ချာလည် ရွာတွေပေါ့။ အခုကတော့ ညောင်ဖြူပင်ထဲမှာလည်း သူတို့စခန်းကနေ ထွက်ထားတာရှိတယ်ဗျ။" (မုံရွာ-အမြင့်လမ်း ပြန်ကြားရေးတာဝန်ခံ)
အွန်လိုင်းငွေကြေး လိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးအဖွဲ့ကို ဖွဲ့စည်းပြီး နှိမ်နှင်းရေးလုပ်ငန်းတွေ ဒီနေ့စတင် အကောင်အထည်ဖေါ်နေတဲ့အကြောင်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူက VOA ကို အတည်ပြု ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်