ရုရှားနိုင်ငံမှာ အခု ဖေဖော်ဝါရီလအတွင်း မူးယစ်မှောင်ခိုမှု စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် နိုင်ငံသားတဦး ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ရုရှားမီဒီယာနဲ့ အမေရိကန် တာဝန်ရှိသူတဦးတို့က ပြောပါတယ်။
အမေရိကန်က တွန်းနေပြီး ဥရောပကို ချန်ထားတော့မယ့်အသွင်ရှိတဲ့ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဥရောပ အရေးပေါ် အစည်းဝေးတရပ်ကို ပြင်သစ်သမ္မတ Emmanuel Macron က အိမ်ရှင်အဖြစ် ကမကထပြုပြီး တနင်္လာနေ့မှာ ကျင်းပခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲမှာ ပျူစောထီးကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး စစ်တပ်ဘက်က လေယာဉ်ပစ်ကူတွေ အသုံးပြုပြီး အပြင်းအထန် ခုခံနေပါတယ်။ ကနီမြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တို့ကြား နှစ်ဘက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ စစ်ရှောင် ထွက်ပြေးနေရပြီး အခက်တွေ့နေကြပါတယ်။
ဒေသတွင်းလုံခြုံရေးမှာ အရေးပါတဲ့အတွက် ဂါဇာအစီအစဥ်က အရေးကြီးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆော်ဒီအာရေးဗျ အိမ်ရှေ့မင်းသားတို့က အလေးထားကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tammy Bruce က ပြောပါတယ်။
ယူကရိန်းက အရေးပါတဲ့ မြေရှားဓာတ်သတ္တုတွေနဲ့ အမေရိကန် အထောက်အပံ့တွေကိုလဲလှယ်မယ့် သဘောတူညီချက်တခုရဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြိုးပမ်းနေပါတယ်။ ဒီကြိုးပမ်းမှုနဲ့အတူ ယူကရိန်းက ဓာတ်သတ္တုတွေအကြောင်း Anna Chernikova က Kyiv မြို့တော်ကနေ သတင်းပေးပို့ထားတာပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
တောင်ကိုရီးယားမှာ တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တု AI အပလီကေးရှင်းသုံးခွင့်ကို ဆိုင်းငံ့လိုက်ပါတယ်။ ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာစိုးရိမ်မှုတွေကြောင့် ဒီ app ကို download လုပ်လို့မရအောင်ပိတ်ထားတယ်လို့ တောင်ကိုရီးယား အချက်အလက်ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက တနင်္လာနေ့မှာပြောတာပါ။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ကြားက အပစ်ရပ်စဲရေး ဆွေးနွေးဖို့အပါအဝင် အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွေကို ခရီးလှည့်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံကို ရောက်နေပြီး ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
တိုင်ဝမ်ကျွန်းရဲ့ သီးခြားလွတ်လပ်စွာရပ်တည်ခွင့်ကို ထောက်ခံမှာမဟုတ်ကြောင်း အရင်က ဖော်ပြ ထားတာကို အမေရိကန်နိုင်ငံခြားရေးဌာနဝဘ်ဆိုဒ်မှာ ပယ်ဖျက်လိုက်တာကို ပြန်လည်ပြင်ဆင်ပေးဖို့ တရုတ်နိုင်ငံက ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ဟာမတ်စ်တွေကို သုတ်သင်ဖယ်ရှားရမယ်ဆိုပြီး ပြောလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် Netanyahu နဲ့အတူ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂါဇာမှာ ဟာမတ်စ်တွေရဲ့ သြဇာ အပြီးတိုင် ဖယ်ရှားဖို့ဆိုတဲ့ သမ္မတ Donald Trump ရဲ့ သဘောထားကို ထပ်လောင်း ပြောကြားလိုက်တာပါ။
ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်တဲ့ အရေးပေါ်အစည်းအဝေးကို ပြင်သစ်သမ္မတ Emmanuel Macron ကမကထလုပ်ပြီး ဥရောပခေါင်းဆောင်တွေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့မှာ ပဲရစ်မှာ တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။
ရန်ကုန်မြို့၊ အင်းစိန်ထောင်မှာ စစ်တပ်ကိုအကြည်ညိုပျက်စေမှု ထိန်းသိမ်းခံနေရတဲ့ ရွှေဝါရောင်ဆရာတော် နတ်ဇောလို့လူသိများတဲ့ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ အမှုနှစ်မှုထပ်တိုးပြီး မနက်ဖြန်မှာ ရုံးထုတ် စစ်ဆေးဖို့ရှိ နေပါတယ်။
မြန်မာနိုင်ငံထဲ တရားမဝင်,ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုနဲ့ KK Park နယ်မြေတွေက ဥပဒေမဲ့ရာဇဝတ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူ ၁,၀၃၀ ကို မကြာသေးခင်က ဖော်ထုတ်ဖမ်းဆီးမိခဲ့ပြီး အခု သက်ဆိုင်ရာနိုင်ငံအသီးသီးကို ပြန်ပို့လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ပြောပါတယ်။
ယူကရိန်းဟာ အမေရိကန်ရဲ့ စစ်ရေးအကူအညီ ဒေါ်လာဘီလျံ ၁၀၀ ကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ ရုရှား သမ္မတဟောင်း ဒမီထရီ မက်ဗီဒက်ဗ်က စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲမှုက မမှန်ပါဘူး။ အသေးစိတ်ကို အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ ထောင်ဂဏန်းရှိ ရိုဟင်ဂျာတွေကို မကြာသေးခင်က ရခိုင်ပြည်နယ်ပြန်ပို့လိုက်တဲ့သတင်းတွေ ထွက်လာတာကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ယူကရိန်း-ရုရှားစစ် အဆုံးသတ်ရေး ရုရှား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေချိန်မှာပဲ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၇ ရက် တနင်္လာနေ့မှာ ဆော်ဒီအာရေးဘီးယားကို ရောက်နေပါတယ်။
မြန်မာနိုင်ငံ နယ်စပ်မှာ အခြေစိုက်ထားတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေလက်ထဲ ရောက်သွားတဲ့ တရုတ်သရုပ်ဆောင်ကို လူကုန်ကူးမှုနဲ့ မသင်္ကာသူ တရုတ်နိုင်ငံသား ၁၀ ဦးကို နေရပ်ပြန်ပို့လိုက်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီလ တတိယ တနင်္လာနေ့ဟာ အမေရိကန်မှာ သမ္မတများနေ့ပါ။ မူလက တိုင်းပြည်ရဲ့ ပထမဆုံးသမ္မတ ဂျော့ချ် ဝါရှင်တန် အထိမ်းအမှတ်ပြုတာဖြစ်ပေမဲ့ ၁၉၆၈ ကတည်းက ဒီရုံးပိတ်ရက်ဟာ အေဘရာဟင် လင်ကွန်းကိုလည်း ဂုဏ်ပြုတဲ့နေ့ ဖြစ်လာပါတယ်။ ဒီကနေ့မှာတော့ တိုင်းပြည်ရဲ့ သမ္မတအားလုံးကို အသိအမှတ်ပြုတဲ့နေ့ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ မကြာသေးမီက ရာသီဥတု ဆိုးဝါးခဲ့တာကြောင့် ကန်တပ်ကီပြည်နယ်က လူ ၈ ဦးအပါအဝင် အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ပါတယ်။
တောင်အာဖရိက လူဖြူတချို့က အမေရိကန်သမ္မတ ထရမ့်ကို ထောက်ခံကြောင်း ပရီတိုးရီးယားမြို့တော်၊ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒ ထုတ်ဖော်ပြလိုက်ကြပြီး သူတို့ဟာ အစိုးရရဲ့ လူမျိုးရေး ခွဲခြားမှုကို ခံရသူတွေ ဖြစ်ကြတယ်လို့ ဆိုလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်