မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်က ကယ်တင်ထားသူ ၇,၀၀၀ ရှိပြီး သူတို့ကို ထိုင်းနိုင်ငံကိုလွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဒီနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ပြောပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ စစ်ကောင်စီအကြား တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံခဲ့တဲ့ဆွေးနွေးပွဲမှာ အပြန်အလှန်တောင်းဆိုချက်တွေကိုသာလုပ်နိုင်ခဲ့ပြီး ညှိနှိုင်းဖို့ ခက်ခဲတဲ့အတွက် ရလဒ်တစုံတရာ မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှငါးနိုင်ငံကို ခရီးသွားမယ့် ခရီးသည်တွေ အနေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေရဲ့ အန္တရာယ်ကို သတိထားဖို့ ထိုင်ဝမ် ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
မြန်မာနယ်စပ်က ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေ နှိမ်နှင်းရေး ဖိအားပေးတဲ့အနေနဲ့ ထိုင်းနိုင်ငံက လျှပ်စစ်မီး၊ အင်တာနက်နဲ့ စက်သုံးဆီတွေ ဖြတ်တောက်ထားဖို့ တရုတ်နိုင်ငံက ထောက်ခံတဲ့အကြောင်းနဲ့ ဆက်ဖြတ်ထားဖို့ တိုက်တွန်းတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
စနေနေ့မှာ ဓားစာခံ အစ္စရေးလ်လူမျိုး ၆ ယောက်နဲ့ ကြာသပတေးနေ့မှာ သေဆုံးသွားသူ ၄ ယောက်ရဲ့ အလောင်းတွေကို ပြန်လွှဲပေးမယ်လို့ ဟားမတ်စ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ရဲ့ အဆိုပြုချက်နဲ့အပြိုင် ပါလက်စတိုင်းတွေကို မရွှေ့ဘဲ ဂါဇာ ပြန်လည် တည်ဆောက်ရေး အဆိုပြုချက်တရပ်ကို အီဂျစ်နိုင်ငံက ရေးဆွဲနေပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်ကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၅ ဦးထက်မနည်း သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအပတ်နှောင်းပိုင်း တောင်အာဖရိကနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် စီးပွါးရေး အင်အားကြီး နိုင်ငံ ၂၀ (G20) ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မတက်ဘူးလို့ အမေရိကန်က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ်က ဥပဒေပြုအမတ်တွေဟာ အစိုးရကျောင်းတွေက ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာနေထိုင်ခွင့် နဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းဖို့ ပြင်ဆင်နေပါတယ်။ Daria Vershylenko အိုကလားဟိုးမားကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန်က Dalta လေကြောင်းပိုင် လေယာဉ်တစင်း ကနေဒါနိုင်ငံ Toronto မြို့ လေဆိပ်ကို ဆင်းသက်စဉ် ပြေးလမ်းပေါ်ကို ပက်လက်ပျက်ကျခဲ့ရာက လူ ၁၈ ယောက် ဒဏ်ရာရသွားပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လူ ၈၀ စလုံး အသက်မသေလွတ်မြောက်ခဲ့ပြီး လူ ၁၈ ယောက်သာ အနည်းအကျဉ်း ဒဏ်ရာရခဲ့တယ်လို့လည်း လေဆိပ်အကြီးအကဲက ပြောပါတယ်။
အမေရိကန်နဲ့ ရုရှားထိပ်တန်းသံတမန်တွေ ဆော်ဒီအာရေဘီးယားမှာ ဒီကနေ့ တွေ့ဆုံပြီး ယူကရိန်းနဲ့ရုရှားစစ်ပွဲ အဆုံးသတ်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ အမေရိကန်သမ္မတ Trump နဲ့ ရုရှားသမ္မတ Putin တို့ကြား တိုက်ရိုက်ဆွေးနွေးနိုင်ဖို့ မူဘောင်တွေချမှတ်နိုင်ရေး ကနဦးအဖြစ် နှစ်ဘက်လုံးကမျှော်လင့်ထားပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတင်ကုသနေရတာ ဒီကနေ့ဆိုရင် ၅ ရက်မြောက် ရှိလာပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီသီတင်းပတ်ကုန်စီစဉ်ထားတဲ့ ဘာသာရေး အခမ်း အနားတွေကို တက်ရောက်နိုင်မှာမဟုတ်ကြောင်း ဗာတီကန်ကျောင်းတော်က သတင်းထုတ်ပြန် ပါတယ်။
မြန်မာနဲ့ထိုင်းနယ်စပ်အနီး ရွှေကုက္ကိုနဲ့ KK Park နယ်မြေအတွင်း မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူ နိုင်ငံခြားသား ၂၇၃ ဦးကို မြန်မာအာဏာပိုင်တွေက ဖေဖေါ်ဝါရီ ၁၇ ရက် မနေ့တုန်းက ထပ်မံ ဖမ်းဆီးလိုက်တယ်လို့ နိုင်ငံပိုင် Global New Light of Myanmar မှာ ဖေါ်ပြပါတယ်။
အပစ်ရပ်သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် အစ္စရေးတပ်တွေ ဆုတ်ခွာပေးရမှာဖြစ်ပေမဲ့ အစ္စရေးမြောက်ပိုင်းဒေသတချို့ကို ကာကွယ်ဖို့လိုအပ်တဲ့အကြောင်းပြချက်နဲ့ နေရာ ၅ ခုမှာ ဆက်ပြီး တပ်စွဲထားတာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့က ဒီကနေ့ တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။
အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာ လက်နက်ကြီး တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေ ဒီရက်ပိုင်းအတွင်းပိုများလာပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တုံ့ပြန် ပစ်ခတ်နေကြောင်း ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံက လူသားချင်းစာနာမှုအကူအညီအတွက် တောင်းဆိုထားတဲ့ပမာဏရဲ့ ၃၉ % ဒေါ်လာ ၃၈၉ သန်းပဲရသေးတာကြောင့် ဘေးဒုက္ခအန္တရာယ်ကြုံရနိုင်ဆုံး မြန်မာပြည်သူ ၁,၁၀၀,၀၀၀ အတွက် အရေးပေါ်အကူအညီတွေ ပေးနိုင်တော့မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးရုံး UNOCHA က မနေ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းကနေငွေလိမ်တဲ့လုပ်ငန်းတွေမှာ ခိုင်းစေခံရသူတွေထဲ ဂျပန်နိုင်ငံသား ၁၀ ယောက်လောက်ကျန်နေသေးတဲ့အကြောင်း မကြာခင်ကလွတ်မြောက်လာသူ ဂျပန်လူငယ်တဦး ပြောပြတာကို The Japan Times သတင်းစာမှာ ရေးသားပါတယ်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ထိန်းချုပ်တဲ့ မြန်မာနိုင်ငံအတွင်းက အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေမှာ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေ အတင်းအကြပ် အလုပ်ခိုင်းခံနေရတဲ့အကြောင်း BGF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက မနေ့က သတင်းဌာနတွေကို ပြောဆိုတာကို Kyodo News မှာ ရေးသားထားပါတယ်။
မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် တရားဝင် မှတ်ပုံတင်ထားတဲ့ သူတွေကို အလုပ်လုပ်ခွင့်နဲ့ တခြားလူမှုရေးဆိုင်ရာ အကူအညီတွေ ပေးသွားဖို့ မလေးရှားအစိုးရ စဉ်းစားနေတဲ့အကြောင်း မြန်မာဒုက္ခသည်ကူညီရေး အဖွဲ့အစည်းတွေက VOA ကို ပြောပါတယ်။
အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေကြား ဆက်ဆံရေး တင်းမာလာချိန်မှာ တရုတ်က ဥရောပ တိုင်းပြည်တွေနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်