၃ နှစ်ကြာနေပြီဖြစ်တဲ့ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ Volodymyr Zelenskyy တို့ကြား အပြန်အလှန် ပြောဆိုမှုတွေနဲ့ တင်းမာမှုရှိခဲ့တဲ့နောက်မှာ ကြာသပတေးနေ့ကတော့ အမေရိကန် သံတမန် Keith Kellogg နဲ့ သမ္မတ Zelenskyy တို့ မြို့တော် Kyiv မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်းစစ်သား အန်ဒရီ ချာနက်စကီး ဟာ သူ့မြို့မှာ ကလေးကစားကွင်း စီမံကိန်းတစ်ခုကို တည်ဆောက်ခွင့်ရခဲ့ပေမဲ့ တကယ့်လက်တွေ့ အကောင်အထည်ဖော်ဖို့ အသက်မရှည်ခဲ့ပါဘူး။ ဒီကစားကွင်းကိုတော့ မကြာသေးခင်က ဖွင့်လှစ်ခဲ့ပါပြီ။ VOA သတင်းထောက် Anna Rice သတင်းပေးပို့ထားတာကို ကိုစံကျော်ပြောပြပါမယ်။
စားသောက်ကုန်၊ ဓာတ်ဆီနဲ့ အိမ်ဈေးအပါအဝင် တခြားကုန်ပစ္စည်းတွေပါ ဈေးတွေထပ်တက်နေလို့ ဇန်နဝါရီလအတွင်း အမေရိကန်မှာ ငွေကြေးဖောင်းပွမှုတွေ ထပ်တိုးခဲ့ပါတယ်။ Trump အစိုးရအနေနဲ့ ကုန်ဈေးနှုန်းတွေကျအောင် ဘာတွေလုပ်ဆောင်နိုင်ပါမလဲ။ ဗွီအိုအေသတင်းထောက် Veronica Balderas ရဲ့သတင်းကို ကိုဇော်ဝင်းလှိုင် တင်ပြပေးပါမယ်။
ရုရှားက ယူကရိန်းကို ကျုးကျော်တဲ့ စစ်ပွဲ ၄ နှစ်ထဲ ဝင်လာတဲ့အချိန် အမေရိကန်နဲ့ ရုရှား အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ရလဒ်ဟာ ဥရောပတိုက်တခုလုံးအပေါ် နက်နက်ရှိုင်းရှိုင်းအကျိုးသက်ရောက်မှု ရှိမယ်လို့ ဥရောပခေါင်းဆောင်တွေက သတိပေးနေပါတယ်။ Henry Ridgwell ရဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။
ဖမ်းဆီးထားစဥ်သေဆုံးသွားတဲ့ အစ္စရေးဓားစာခံ ၄ ဦးရဲ့ ရုပ်အလောင်းကို Hamas စစ်သွေးကြွအဖွဲ့က အစ္စရေးကို ဒီနေ့ ပြန်ပေးခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Khan Younis မြို့မှာ အလောင်းတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ Red Cross လက်ထဲ လွှဲပေးခဲ့တာဖြစ်ပါတယ်။
အလတ်တန်းစား ဖုန်းစျေးကွက်ထဲက ဖုန်းဝယ်သူတွေကို ပြန်လည်ဆွဲဆောင်နိုင်ဖို့ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယ စျေးကွက်တွေမှာ ယှဉ်ပြိုင်နိုင်ဖို့ Apple ကုမ္ပဏီက iPhone 16e ကို ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခအဖြေရှာရေး အာဆီယံအဖွဲ့ကြီးရဲ့ ဘုံသဘောတူညီချက်တွေကို ပြန်လည် အသက်သွင်းနိုင်အောင် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တို့ဟာ ဘရူနိုင်းစော်ဘွား Hassanal Bolkiah နဲ့ ဘရူးနိုင်ငံမှာ အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးကြပါတယ်။
တရုတ်သမ္မတ Xi Jinping ဟာ အမေရိကန်ပြည်ထောင်စုကို လာဖို့ရှိ နေတယ်လို့ အမေရိကန် သမ္မတ Donald Trump ကပြောကြားခဲ့ပေမဲ့ ဘယ်တော့လဲဆိုတာကိုတော့ အတိအကျပြောဆိုခြင်း မရှိပါဘူး။ တရုတ်နဲ့အမေရိကန်ကြားမှာ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုသစ်တွေ ဖြစ်လာ နိုင်တယ်လို့လည်း သမ္မတ Trump က ဗုဒ္ဓဟူးနေ့တုန်းက ပြောကြားခဲ့တာပါ။
ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့က တရုတ်ငွေလိမ်လုပ်ငန်းတွေရဲ့ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က ထိုင်းနိုင်ငံဘက်ကို စတင် လွှဲပြောင်းပေးနေပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကနေ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်နေကြတဲ့ လုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့ တရုတ်အစိုးရအနေနဲ့ ထိုင်းနဲ့ မြန်မာအပါအဝင် နိုင်ငံစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Guo Jiakun က ပြောကြားလိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ လာမယ့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲကျင်းပဖို့ ရှိနေချိန်မှာပဲ၊ မဲဆန္ဒရှင်တွေ စိတ်ပျက်နေကြတဲ့ ရွှေ့ပြောင်း အခြေချနေထိုင်မှုတွေနဲ့ လူနေမှုစရိတ်မြင့်မားလာတာတွေက မဲဆွယ်ပွဲတွေမှာ အဓိကနေရာယူနေပါတယ်။ Henry Ridgwell သတင်းပေးပို့ထားတာကို မခင်လေးက ပြောပြပေးမှာပါ။
၁၉၃၀ ပြည့်နှစ်တည်းက တပ်ဆင်ထားတဲ့ ရေပိုက်လိုင်းပေါက်သွားခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စု ဒီထရွိုက်မြို့ အနောက်တောင်ပိုင်းက နေထိုင်သူတွေ ဒီသီတင်းပတ် တနင်္လာနေ့ မနက်အစောပိုင်းမှာ အခက်ကြုံခဲ့ရပါတယ်။ အိမ်ထောင်စု ၄၀၀ လောက် ရေဘေးသင့်ခဲ့ပြီး ပြင်ဆင်ဖို့ အနည်းဆုံးနှစ်ပတ်လောက်ကြာမယ်လို့ အာဏာပိုင်တွေ ပြောပါတယ်။
အငြင်းပွားနေတဲ့တောင်တရုတ်ပင်လယ်ပြင်အတွင်း ပြီးခဲ့တဲ့နေ့က ကင်းလှည့်နေတဲ့ဖိလစ်ပိုင် လေယာဉ်အနီး တရုတ်ရေတပ်ရဟတ်ယာဉ်တစင်း အန္တရယ်ဖြစ်လောက်အောင် အနီးကပ် ပျံသန်းခဲ့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
သြစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ်က အာသာမြစ်အနီး ကမ်းခြေတစ်ခုမှာ False Killer Whales (ရေငန်လင်းပိုင်) ၁၅၀ ကျော် ကမ်းတင်နေကြောင်း အာဏာပိုင်များက ဖော်ပြထားပါတယ်။ ဒီလင်းပိုင်အများစုမှာ အသက်ရှင်လျက်ရှိပြီး ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့တိုက်ပွဲအတွင်းဖမ်းဆီးထားတဲ့ ဒုရဲမှူးကြီးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ထောင်နဲ့ချီအနက် (၂၀၀) နီးပါးကို ဒီကနေ့ပဲ AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ကြောင်း နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီသီတင်းပတ်ထဲ စစ်ကောင်စီနဲ့တိုက်ပွဲတွေ ပြန်လည် ပြင်းထန် လာနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ပြောလိုက်ပါတယ်။ တိုက်ပွဲတွေကြား အနီးအနား ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ဥရောပတိုက်ကြီးတခုလုံးကို တုန်လှုပ်သွားစေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ပြိုင်ဘက် ၂ နိုင်ငံအကြား တနိုင်ငံစီ သီးခြားတွေ့ဆုံတဲ့အစီအစဉ်ဟာ ၃ နှစ်ကြာစစ်ပွဲ အဆုံးသတ်ရေးအတွက် ပထမခြေလှမ်းဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ဆိုပါတယ်။
ရွှေဘိုမြို့နယ် ကန်ကြီးတောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းက Fr. Martin Donald (ခေါ် ) ဦးရဲနိုင်ဝင်းကို ရွှေဘိုမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၁၄ ရက်မှာ သတ်ဖြတ်ခဲ့ကြောင်းသတင်းတွေထွက်ခဲ့ပြီးနောက် တာဝန်ရှိသူတွေကို အရေးယူမယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရေး ယူကရိန်းကိုအမေရိကန်အနေနဲ့ လုံခြုံရေးအာမခံချက် ပေးရမယ်ဆိုတာကိုနား လည်သဘောပေါက်တယ်လို့ ယူကရိန်းမြို့တော် Kyiv ကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတရဲ့ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးဟောင်း Keith Kellogg က ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းတွေကို တရားဝင်မှတ်ပုံတင်ဖို့ ထိုင်းအာဏာပိုင်တွေ မကြာသေးခင်ကပဲ အကြောင်းကြားထားတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တရားဝင်မှတ်ပုံတင်မထားရင် အရေးယူဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲ့အတွက်လည်း စိုးရိမ်နေကြတာပါ။
နောက်ထပ်ကြည့်ရှုရန်