ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ထိပ်ကိုလူသားတွေ ခြေချနိုင်ခဲ့တာ အနှစ် (၇၀)ပြည့်ရောက်လာချိန်မှာတောင်ပေါ်က ရေခဲလွှာတွေ အလျင်အမြန် အရည်ပျော်ဆင်းလာနေပါပြီ။ ဥတုရာသီ ဖောက်ပြန်မှုကြောင့်တောင်ပေါ်က ရာသီဥတုအခြေအနေေတွေ ကြိုတင်ခန့်မှန်းဖို့ ပိုပြီးခက်ခဲလာပါတယ်။ဥတုရာသီနဲ့အနာဂတ်အစီအစဉ်မှာနန်းလောင်ဝ်တင်ပြထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ လက်နက်ကြီးနဲ့ လေတိုက်ခိုက်မှုတွေကြောင့် နှစ်ရက်အတွင်း ကလေးငယ်အပါအဝင် ၂ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။
ကမ္ဘာ့အဆုတ်လို့ တင်စားကြတဲ့ အမေဇုံသစ်တောကြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ဘယ်လောက်စုပ်ယူပေးမလဲဆိုတာ စမ်းသပ်တော့မှာပါ။ ဗြိတိန်နဲ့ ဘရာဇီးလ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံစမ်းသပ်မှုအကြောင်း ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဉ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ်က မေလ ၂၄ရက်မနက်ပိုင်းမှာ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး သဖန်းဆိပ်ဆည်အနီး ရွှေလုပ်ကွက်တွေက လှေနဲ့ ဖောင်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့တုန်းက ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်နဲ့ အဆောက်အအုံ တော်တော်များများ ပျက်စီးခဲ့ပြီး အခုချိန်ထိ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေရတဲ့ အခြေအနေပါ။
ဥတုရာသီပြောင်းလဲမှုကြောင့်လာမယ့် ၅ နှစ်ဆက်တိုက်အပူချိန်မြင့်တက်ပြီး ပြင်းထန်တဲ့ ရာသီဥတုနဲ့ ပိုကြုံတွေ့နိုင်တယ်လို့ကမ္ဘာ့မိုးလေဝသအဖွဲ့WMO ကပြောပါတယ်။ ပစိဖိတ်သမုဒ္ဒရာထဲက အပူလှိုင်း၊အအေးလှိုင်းတွေကြောင့်ရာသီဥတုပိုဆိုးလာမယ်လို့လည်းခန့်မှန်းပါတယ်။ဥတုရာသီနဲ့အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
မြန်မာလူသားချင်းစာနာမှုတုံ့ပြန်ရေး ဒေါ်လာ ၇၆၄ သန်း လိုအပ်ဟု ကုလ ပြောကြား၊ မိုခါဘေးသင့်ဒေသတွေအတွက် WFP၊ အိန္ဒိယစသည့် နိုင်ငံတကာအကူအညီ ရောက်ရှိ၊ ရုရှားနဲ့ တရုတ်တို့ မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချ၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့လုံးဝမထွက်တဲ့ သန့်ရှင်းဟိုက်ဒရိုဂျင်စွမ်းအင်တွေကို ပြည်တွင်းမှာတင်မကပဲ ဥရောပကိုပါတင်ပို့ဖို့ စပိန်က ရည်မှန်းထားပါတယ်။ ပြန်ပြည့်မြဲစွမ်းအင်တွေနဲ့ ဟိုက်ဒရိုဂျင်တွေကို ဓာတ်ခွဲထုတ်ယူနေပါတယ်။ဥတုရာသီနဲ့အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်တင်ပြထားပါတယ်။
မြန်မာအကြမ်းဖက်မှုရပ်အောင်မလုပ်နိုင်လို့ အာဆီယံကြားဝင် မစွက်ဖက်ရေးမူ ပြင်ဖို့ အစည်းအဝေးမှာ တောင်းဆို၊ ပဇီကြီးလေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီက သာမိုဘားရစ် အားပြင်း လေဟာဗုံးတွေ သုံးလို့ HRW ပြော၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက်မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
မြန်မာနယ်စပ်က အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ်က စစ်ကောင်စီကို တိုက်တွန်း၊ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တွေ ပိုမိုကျဆင်းမှု RSF အစီရင်ခံ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ် တင်ပြထားပါတယ်။
"စစ်ကောင်စီက တော်တော်လေးကို အကျပ်အတည်းတော့ ရင်ဆိုင်နေရတာဖြစ်မယ်လေ..နော်။ နိုင်ငံရေးအကျပ်အတည်း၊ စီးပွါးရေးအကျပ်အတည်းတွေ ရင်ဆိုင်နေရတယ်။ အဲဒီတော့ သူ့အတွက် ထွက်ရာလမ်းက စစ်ရေးအရ ပြည်သူလူထုကို ပိုပြီးသတ်ပြမယ်၊ ပိုပြီးဖိနှိပ်ပြမယ်ဆိုတဲ့ဟာ၊ အဲဒီဟာကိုတားဆီးဖို့အတွက် ကြိုးစားကြတယ်ထင်တယ်။" (ဒေါက်တာလှကျော်ဇော)
ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း မြန်မာနိုင်ငံကိုက ပြန်သွားအပြီး စစ်ကောင်စီတပ်က ပြည်သူ့ဆေးရုံတရုံ တိုက်ခိုက်၊ မြန်မာ့အရေး တရုတ်နိုင်ငံပါ တက်ရောက်လာတဲ့ ဆွေးနွေးပွဲတရပ် အိန္ဒိယနိုင်ငံမှာ ကျင်းပ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ် တင်ပြထားပါတယ်။
ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် နောက်တနှစ် တာဝန်ဆက်ထမ်းဆောင်ဖို့ သက်တမ်းတိုး၊ ထိုင်းနယ်စပ်အပါအဝင် တိုင်းရင်းဒေသတွေမှာ စစ်ကောင်စီလေကြောင်းထိုးစစ်၊ ထိုင်းဘက် စစ်ပြေးပြီး ဒုက္ခသည်တွေ နေ့စဉ်ထပ်ရောက်ရှိ အပါအဝင် တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းခံရတဲ့အပေါ် နိုင်ငံတကာက သတိပေး၊ အိန္ဒိယနိုင်ငံသား ၃ ဦး သေဆုံးမှုကြောင့် မြန်မာနဲ့နယ်စပ်ဂိတ်တွေ မီဇိုရမ်အာဏာပိုင်တွေ ပိတ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ် စုစည်း တင်ပြထားပါတယ်။
ကမ္ဘာ့မျက်နှာပြင်၇၅ ရာခိုင်နှုန်းလောက် ရေထုကလွှမ်းမိုးထားပေမယ့် ရေချိုကတော့ ၁ ရာခိုင်နှုန်းတောင်မရှိပါဘူး။ကမ္ဘာ့လူဦးရေတိုးလာပြီးစီးပါွးရေးကဏ္ဍပေါင်းစုံမှာ ရေလိုအပ်ချက်မြင့်တက်လာချိန် ဥတုရာသီဖောက်ပြန်မှုကြောင့် ရေအရင်းအမြစ်တွေထိခိုက်လာပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဉ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်နိုင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ရက်ရောက်လာပြီးတဲ့နောက် အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ပါတီပေါင်း ၄၀ ကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်လိုက်ပါတယ်။
မြန်မာစစ်တပ်လုပ်ရပ်တွေ ပံ့ပိုးနေသူတွေကို အမေရိကန်က အရေးယူပိတ်ဆို့မှု အသစ်တွေထပ်ချမှတ်၊ စစ်ရေးပဋိပက္ခတွေ ပိုဆိုးရွားလာလို့ ဒေသခံတွေ ပိုမိုထိခိုက်သေကြေ၊ ဒေသတွင်းနိုင်ငံတွေမှာ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေး ခက်ခဲ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
New South Wales ပြည်နယ်မြစ်တခုမှာသန်းချီတဲ့ ငါးတွေသေဆုံးရတာဟာသဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်ဖြစ်မယ်လို့တာဝန်ှရိသူတွေ ခန့်မှန်းပါတယ်။ နိုင်ငံရဲ့ဒုတိယအရှည်ဆုံး Darling River မြစ်ထဲမှာပြီးခဲ့တဲ့နှစ်ပိုင်းကလည်း ငါးကောင်ရေတသန်းလောက်သေဆုံးခဲ့ရတာပါ။ ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာနန်းလောင်ဝ်တင်ပြထားပါတယ်။
မဲခေါင်မြစ်ထဲကဧရာဝတီလင်းပိုင်တွေဟာရေလှောင်တမံတွေ၊တရားမဝင်ငါးဖမ်းလုပ်ငန်းတွေ၊ ပလတ်စတစ်အမှိုက်တွေကြောင့်မျိုးတုန်းပျောက်ကွယ်နေပါပြီ။ကျန်လင်းပိုင် ၇၀%ကလည်းမျိုးမပွါးနိုင်ကြတော့တဲ့အတွက်ကမ္ဘောဒီးယားအစိုးရက ဥပဒေသစ်နဲ့ ထိန်းသိမ်းဖို့ကြိုးပမ်းနေပါတယ်။ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဉ်မှာနန်းလောင်ဝ်တင်ပြထားပါတယ်။
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး၊ မြန်မာ့အကျပ်အတည်းကို အာဆီယံနဲ့ တကွ နိုင်ငံတကာနဲ့ပါ ပူးပေါင်းဖြေရှင်းဖို့ စင်္ကာပူဝန်ကြီးချုပ် ကတိပြု၊ ပင်လောင်း လူသတ်မှုကိစ္စ တိုင်းရင်းသားအဖွဲ့တွေနဲ့ NUG ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်