သမုဒ္ဒရာထဲကဇီဝမျိုးကွဲတွေကိုကာကွယ်ရေး မဖြစ်မနေလိုက်နာရမယ့် နိုင်ငံတကာသဘောတူညီချက်ကိုကုလအဖွဲ့ဝင် နိုင်ငံပေါင်း ၁ ရာကျော်က တညီတညွှတ်ထဲ သဘောတူညီလိုက်ပါပြီ။ကုလသမဂ္ဂရဲ့ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေလည်း ပြည့်မှီနိုင်ပါတော့မယ်။ ဥတုရာသီနဲ့အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကိုင်းတိုင်းအတွင်းသတ်ဖြတ်မှုတွေ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရှုတ်ချ၊ တရုတ်ကြေးနီစီမံကိန်းတွေ ပြန်စတင်ရေး စစ်ကောင်စီ တပ်အင်အားတိုးချ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကောင်စီ ထိုးစစ်တွေ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေ မီးရှို့လို့ ဒေသခံတွေ ထွက်ပြေးနေရ၊ အိန္ဒိယလက်နက်စက်ရုံက မြန်မာစစ်တပ်အတွက် အမြောက်ပြောင်းတွေ တင်ပို့၊ မြန်မာကို အာဆီယံကနေ ခဏဖယ်ထားဖို့မလေးရှား တိုက်တွန်း ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမြဲစိမ်းတောတွေထက်ကာဗွန်ဓာတ်ငွေ့ ၂ ဆစုပ်ယူသိုလှောင်ပေးတဲ့စိမ့်မြေတောတွေ ကမ္ဘာတဝှမ်းတဖြည်းဖြည်းပျောက်ကွယ်နေပြီး ဗြိတိန်က Wicken Fen စိမ့်မြေကတော့တိုးချဲ့နေပါတယ်။ ဇီဝမျိုးစုံ၊မျိုးကွဲတွေနဲ့သဘာဝပတ်ဝန်းကျင်အတွက်အရေးကြီးလှတဲ့စိမ့်မြေတောတွေအကြောင်းဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
စစ်တပ်ကတပ်စွဲထားတဲ့ မန္တလေးတိုင်း မြင်းခြံမြို့ လေးရွာစုံ ကျေးရွာက ဒေသခံ ၄ ဦးကို လက်နက်ကိုင်လူတစုက ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သတ်ဖြတ်ခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အာရှတိုက်ရဲ့ဆန်အိုးကြီးလို့တင်စားကြတဲ့ မဲခေါင်မြစ်ဝှမ်းကြီးရဲ့ မြစ်အထက်ပိုင်းမှာ ရေလှောင်တမံတွေတိုးချဲ့ဆောက်လုပ်နေတာကြောင့် မြစ်ဝှမ်းတလေ ျှာက်ဇီဝဂေဟစနစ်တွေကိုရော ပြည်သူတွေရဲ့စားဝတ်နေရေးကိုပါ ထိခိုက်နေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်တင်ပြထားပါတယ်။
မြန်မာစစ်ကောင်စီကို ဥရောပသမဂ္ဂက ထပ်ပြီးပိတ်ဆို့ဒဏ်ခတ်၊ မြန်မာမှာ ထမင်းနပ်မမှန်သူများပြား၊ လူ ၁၈ သန်းလောက် အကူညီ လိုအပ်လို့ ကုလခန့်မှန်း၊ နိုင်ငံကူးလက်မှတ် အွန်လိုင်းစနစ်သစ်နဲ့ ထုတ်ပေးမယ်လို့ စစ်ကောင်စီ ကြေညာ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
တရုတ်နိုင်ငံနဲ့ကောင်းမွန်တဲ့ကုန်သွယ်ရေးတည်ဆောက်နေကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်ပြင်အတော်များများကို သူပိုင်အဖြစ်ပြောဆိုနေတဲ့ကိစ္စမှာတော့ တရုတ်နိုင်ငံကိုသတိနဲ့ ရေရှည်ဆက်ဆံနေကြပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝဂေဟစနစ်တွေ အဆိုးဆုံးပျက်စီးယိုယွင်းလာနေတဲ့နိုင်ငံတခုအဖြစ် သတ်မှတ်ခံထားရပြီး ပြင်းထန်တဲ့သဘာဝဘေးတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အသင်းအဖွဲ့ဥပဒေသစ်ကြောင့် သဘာဝပတ်ဝန်းကျင်ရေးလှုပ်ရှားမှုတွေပျောက်ကွယ်ကုန်ပါပြီ။ ဥတုရာသီနဲ့အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တွေ့ဆုံ၊ အမေရိကန်က မြန်မာအတွက် ဒေါ်လာ သန်း ၅၀ ထပ်ပြီး အကူအညီထပ်ပေးမှာ ဖြစ်ကြောင်း ကြေညာ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျကာတာ မြေအောက်ထဲ ကျွံဆင်းလာနေတာကြောင့် တည်ငြိမ်တဲ့ မြေပြင်ရှိရာ နိုင်ငံအရှေ့ပိုင်းက ဘော်နီယိုကျွန်းဆီပြောင်းရွှေ့ဖို့ဆောင်ရွက်နေပါပြီ။ဒါဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးအမြဲစိမ်းသစ်တောထဲက ဇီဝဂေဟစနစ်ကောင်းတွေထိခိုက်ပျက်စီးမယ့်လက္ခဏာဖြစ်တယ်လို့ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွေကို တိုးပြီး ထောက်ပံ့ပေးတာအပါအဝင် ဒီမိုကရေစီစနစ် ထွန်းကားတဲ့နိုင်ငံဖြစ်လာဖို့ နည်းလမ်း ၃ သွယ်နဲ့ ဆောင်ရွက်ကြောင်းပြော၊ Chevron စွမ်းအင်ကုမ္ပဏီ ရတနာဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှု ရောင်းချ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အီဂျစ်နိုင်ငံသားတွေ ကိုယ့်မြေမှာ သမိုင်းကြောင်းတွေကို လေ့လာရင်း စိတ်ကျန်းမာရေးအတွက် လာရောက်နိုင်မယ့် တရားစခန်းတခုကို သမိုင်းဝင် ဂီဇာ ပိရမစ်ကြီးနားမှာ ဖွင့်ထားပါတယ်။ ရိုက်တာ သတင်းဆောင်းပါးတပုဒ်ကို နန်းလော်ဝ်က တင်ဆက်ထားပါတယ်။
လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးရည်ရွယ်ချက်နဲ့ ချင်း၊ ကယား၊ မွန်နဲ့ ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာရှိတဲ့ မြို့ နယ်ပေါင်း ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ကို ဖေဖော်ဝါရီလ ၂ ရက်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၂ ဟာကိုဗစ်ကပ်ရောဂါ၊ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်၊ဥတုရာသီဖောက်ပြန်မှုတွေကြောင့်ကမ္ဘာတဝန်း ဆုံးရှုံးနစ်နာမှုတွေ ကြီးကြီးမားမားပေါ်ပေါက်ခဲ့တဲ့နှစ်ဖြစ်သလို ဥတုရာသီအရေးကောင်းမွန်တဲ့မူဝါဒနဲ့ သဘောတူညီမှုတွေ ရခဲ့တဲ့နှစ်တခုလည်းဖြစ်ပါတယ်။ ဒါတွေအားလုံးအကောင်းဖက်ဦးတည်သွားမလားဆိုတာ ပညာရှင်တွေစောင့်ကြည့်နေပါတယ်။
စစ်အာဏာသိမ်း ၂ နှစ်ပြည့် စစ်ကောင်စီ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ထပ်ချ၊ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် တိုင်းပြည် မတည်ငြိမ်မှု ပိုဆိုးမယ်လို့ ကန် သတိပေး၊ အာဏာသိမ်း ၂ နှစ်အတွင်း မြန်မာနိုင်ငံ အကျင့်ပျက်ခြစားမှု ကမ္ဘာ့အနိမ့်ဆုံးထဲရောက်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ် တင်ပြထားပါတယ်။
အမေရိကန်အာကာသသိပ္ပံအေဂျင်စီ NASA ဥတုရာသီဆိုင်ရာသိပ္ပံပညာရှင်တဦးက၂၀၂၂ ခုနှစ်ထက် ဒီနှစ်ထဲ အပူချိန်ပိုမြင့်တက်လာမယ်လို့ခန့်မှန်းပါတယ်။ ဥတုရာသီဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ နှစ်စဉ်တိုးလာပြီး သဘာဝဘေးဒဏ်နဲ့ ကြုံရမယ့်လူတွေလည်းပိုများလာပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဉ်မှာနန်းလောင်ဝ်တင်ပြထားပါတယ်။
မြန်မာမှာ အာဏာသိမ်း ၂ နှစ်ပြည့် တိုင်းပြည်အခြေအနေ မယုံနိုင်လောက်အောင်ဆိုး၊ ငွေကြေး အကြပ်အတည်း ဘိန်းစိုက်ပျိုးမှု အများကြီးမြင့်တက်၊ ထိုင်းဘက်ပြေးလာတဲ့ ဒုက္ခသည်တွေ ထိုင်းကူညီဖို့ အာဆီယံလူ့အခွင့်အရေးအဖွဲဲ့ တိုက်တွန်း၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
တရုတ်ဘက်ကအဝယ်များတာ၊ ပြည်တွင်းကုန်ကြမ်းလိုအပ်ချက်၊ စပါးထွက်နှုန်းကျဆင်းနိုင်ခြေခန့်မှန်းချက်တွေကြောင့် ဆန်နဲ့စပါးကို ဈေးကွက်ထဲမှာရသလောက်အလုအယက်ဝယ်ယူနေကြတာတွေကြောင်း စပါးဈေး တင်းတရာကို ၁၆ သိန်းနှုန်းအထိ မကြုံစဖူးဈေးတက်နေပါတယ်။
သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်ပါတယ်။ ဒီလကုန် ကာလုံအစည်းအဝေးခေါ်ပြီးရင် ရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်တွေထုတ်ပြန်မယ်လို့ စစ်ကောင်စီ ပြောဆို၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်