၂၀၂၃ ခုနှစ်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ထင်ရှားတဲ့တိုးတက်မှုတွေရ ခဲ့တဲ့နှစ်ဖြစ်သလို လေထုထဲမှာသိပ်သည်းလာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ ဂယက်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေများလှတဲ့နှစ်တခု လည်းဖြစ်ပါတယ်။ ဥတုရာသီနဲ့ အနာဂတ်အစီအစဥ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
မန္တလေးတိုင်း မတ္တရာမြို့နယ်က ညောင်အုပ်ကျေးရွာမှာ ဇူလိုင်လ ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီ စစ်ကြောင်းဝင်ပြီး ပစ်ခတ်တာကြောင့် ကျေးရွာသားနှစ်ဦးထိမှန်ပြီး တဦးသေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။
စ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ စိုးရိမ်စရာအနေအထား ဖြစ်လာတယ်လို့ ကမ္ဘာဘဏ်ကသိပ်မကြာခင်က သတိပေးထားသလိုပဲ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတွေမှာ ကလေးငယ်တွေပညာဆက်သင်ကြားနိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိလာနေကြပါတယ်။
ကမ္ဘာတဝန်းအပူချိန်တွေ စံချိန်တင် မြင့်တက်လာနေချိန်မှာပဲ မကြာခင်အယ်နီညို အပူလှိုင်းဝင်လာတဲ့အခါ ပိုမိုပြင်းထန်တဲ့ အပူချိန်မြင့်တက်မှုနဲ့ကြုံရမှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့ ကမ္ဘာ့နိုင်ငံတွေကို ကုလသမဂ္ဂက သတိပေးပါတယ်။ ဥတုရာသီနဲ့အနာဂတ်အစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာအနီးတဝိုက်မှာ ၁၀ ရက်ကျော်ကြာ တိုက်ပွဲပြင်းထန်နေပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကြား ထွက်ပြေး တိမ်းရှောင်နေရသူ တွေထဲမှာ သက်ကြီးရွယ်အိုနဲ့ နာတာရှည် ရောဂါသည်တွေ အများအပြား ရှိနေပြီး၊ ပဋိပက္ခ အချိန်ကြာ လာတာနဲ့အမျှ နေရပ်မပြန်နိုင်ပဲ ကျန်းမာရေးစောင့်ရှောက်မှုအရေးတကြီးလိုအပ်ချက်တွေရှိနေပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။
ကမ္ဘာ့အပူချိန်တွေ မြင့်တက်လာရင် ဆိုးရွားပြင်းထန်လှတဲ့သဘာဝဘေးဒဏ်တွေနဲ့ ပိုကြုံရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးနေချိန်မှာပဲ စံချိန်သစ်တင်လာတဲ့ ရေကြီးရေလျှံမှုတွေ၊ အပူလှိုင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဥတုရာသီနဲ့အနာဂတ်အစီအစဥ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ခြမ်းကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၆ ရက်နေ့ကစပြီး အင်အား အများအပြားနဲ့ စစ်ကြောင်းဝင်ရောက် နယ်မြေရှင်းနေတဲ့အတွက် ကျေးရွာအများအပြားက ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
စက်မှုထွန်းကားစကာလမတိုင်ခင်က ရှိခဲ့တဲ့ကမ္ဘာ့အပူချိန်ထက် ၁.၅ ဒီဂရီကျော်မသွားအောင် ကြိုးပမ်းကာကွယ်နေတဲ့ကြားက ဒီလထဲမှာပဲအဲဒီအပူချိန်ထက် ကျော်လွန်လာပါပြီ။ခုဝင်လာမယ့် အယ်လ်နီညိုအပူလှိုင်းကြောင့်ကမ္ဘာ့အပူချိန် ထပ်တိုးလာမယ်လို့ပညာရှင်တွေသတိပေးနေပါတယ်။ ဥတုရာသီနဲ့အနာဂတ်အစီအစဥ်မှာ နန်းလောင်ဝ်တင်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ၂ နှစ်တာ ကာလအတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ အပါအဝင် ခရစ်ယာန်နဲ့ မွတ်ဆလင် ဘာသာရေး အဆောက်အအုံ ၂၀၀ နီးပါး တိုက်ခိုက် ဖျက်ဆီး ခံခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) က ပြောပါတယ်
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲမှာ ဇွန် ၃၀ ရက်နေ့ညက လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ၇ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ဒေသခံ လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းဝင်လာမယ့် အယ်နီညို အပူလှိုင်းကြောင့် အေရှ့တောင်အာရှနိုင်ငံတွေအပါအ၀င် သြစတေးလျနဲ့ အမေရိကတိုက်မှာပါ ပုံမှန်မဟုတ်တဲ့ ရာသီဥတုမျိုးနဲ့ ရင်ဆိုင်ရနိုင်ခြေရှိနေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်အစီအစဥ်မှာ နန်းလောင်၀်က တင်ပြထားပါတယ်။ ..
ဥတုရာသီပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရေး ကမ္ဘာတ၀န်း ကြိုးပမ်းအားထုတ်နေကြတာမှာ သိပ္ပံပညာရှင်တွေကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အစိုးရပိုင်းက အေကာင်းဆုံးမူဝါဒတွေ ချမှတ်နိုင်အောင် မတူကွဲပြားတဲ့နည်းနဲ့ဒေတာအချက်အလက်တွေစုဆောင်းတင်ပြနေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က ညောင်ပင်ကြီးကျေးရွာမှာ ၁၁ ရက်ဆက်တိုက် နေအိမ်တွေ မီးရှို့ခံနေရပြီး၊ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ အကူအညီပေးနေသူတွေ ပြောပါတယ်။
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တွင်း စစ်ကောင်စီတပ်ရဲ့လက်ချက်နဲ့ တလအတွင်း နေအိမ် ၁၅၀၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။
ကမ္ဘာ့လူမှုအသိုင်းအဝိုင်းရဲ့ လုံခြုံတည်ငြိမ်ရေးနဲ့ သာယာဝပြောရေးဟာ ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်နိုင်တဲ့အပေါ်အများကြီးမူတည်နေပြီလို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီ အခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းတွေဟာ စစ်ကောင်စီအုပ်ချုပ်ရေးနဲ့အပြိုင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ကို ဖွဲ့စည်းလိုက်ပါတယ်/
ကမ္ဘာ့အပူချိန်မြင့်တက်ပြီး ရာသီဥတုပိုမို ပူပြင်းခြောက်သွေ့လာတဲ့အကျိုးဆက်အဖြစ် ကနေဒါနိုင်ငံမှာ စံချိန်တင်ပြင်းထန်တဲ့ တောမီးကြီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တောမီးဆီက မီးခိုးငွေ့ဒဏ်ကို ကနေဒါနဲ့ အမေရိကန် သန်းချီကြုံနေရတာပါ။ ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်နေတာ ၅ရက် ရှိသွားပြီးလို့ ပရဟိတကယ်ဆယ်ရေးလုပ်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်