စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ဆန့်ကျင်တော်လှန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့သလို၊ ဒီလို လက်နက်ကိုင် တော်လှန်နေကြတဲ့ PDF အဖွဲ့တွေနဲ့ ဆက်စပ်မှု၊ ငွေကြေးထောက်ပံ့မှုတွေနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီးထောင်ချခံရသူတွေလည်း ရှိပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းအတွင်းက ရွာတွေကို စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ် ပိတ်ဆို့ထားပါတယ်။
အခြေခံကျတဲ့ ကျန်းမာရေး လိုအပ်ချက်တွေတောင် မရရှိကြတဲ့ မြန်မာနိုင်ငံက စစ်ဘေးသင့် အမျိုးသမီးတွေအကြောင်း တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်က အကျဉ်းထောင်တွေမှာ COVID 19 ကပ်ဘေးကာလကတည်းက ပိတ်ပင်ထားတဲ့ အကျဉ်းသားတွေနဲ့ မိသားစုတွေ တွေ့ဆုံခွင့်ကို ပြန်လည်ခွင့်ပြုပေးဖို့ အကျဉ်းသားမိသားစုတွေက တောင်းဆိုနေကြပါတယ်။
မြန်မာနိုင်ငံတဝှမ်း မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာဟာ ၂၀၂၀ ခုနှစ် နောက်ပိုင်း၊ အထူးသဖြင့် အာဏာသိမ်းမှုနောက်ပိုင်းမှာ သိသိသာသာ ပိုများလာတဲ့အကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းနေသူတွေနဲ့ အစီရင်ခံစာတချို့က ထောက်ပြကြပါတယ်။
မြန်မာနိုင်ငံမှာ လူငယ်တွေ သံသယနဲ့ ဖမ်းဆီးခံရတာ၊ ရိုက်နှက်နှိပ်စက် ထောင်ချခံရတာတွေဟာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း သိသိသာသာ ပိုဆိုးလာတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကိုယ်တိုင် ကြုံတွေ့ရတဲ့ လူငယ်တချို့က ပြောပါတယ်။
အခက်အခဲ၊ အန္တရာယ်တွေကြားက အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေးလာပြီး အလုပ်လုပ်နေကြသူတွေ အကြောင်း ဒီတပတ် ဒို့အသံ အစီအစဉ်မှာ Frontier Myanmar အဖွဲ့က တင်ဆက်ထားပါတယ်။
မြေယာပြဿနာတွေ အစဉ်အဆက် ရှိလာခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ မြေယာသိမ်းဆည်းခံရတဲ့ အခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့ လယ်ယာသိမ်းဆည်းခံ လယ်သမားတွေနဲ့ လယ်ယာမြေ အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။
အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်ကောင်စီရဲ့ အဓိကပစ်မှတ်ထား ချေမှုန်းခံရတဲ့ ဒေသတွေထဲမှာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသတွေ ပါနေပါတယ်။ ကျေးရွာတွေ ရာနဲ့ချီ မီးရှို့ဖျက်ဆီး ခံခဲ့ကြရပြီး၊ လူထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။
အချိန်မီ ဆေးကုသခွင့်မရကြလို့ အကျဉ်းထောင်တွင်း မသေသင့်ဘဲ သေဆုံးရသူတွေ အများအပြား ရှိနေတဲ့အကြောင်း Frontier Myanmar အဖွဲ့က ဒီတပတ် ဒို့အသံ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
စစ်ဒဏ်ကြောင့် ထိခိုက်လာတဲ့ ကလေးငယ်တွေရဲ့ ပညာရေး လုံးဝရပ်တန့်မသွားရအောင် နည်းလမ်းရှာ သင်ကြားပေးနေသူတွေလည်း ရှိပါတယ်။ အန္တရာယ်တွေကြား ဘဝတွေရင်းပြီး စာသင်ကြားပေးနေကြတဲ့ ဆရာဆရာမတွေအကြောင်းကို ဒီသီတင်းပတ် Frontier Myanmar အဖွဲ့ကတင်ဆက်တဲ့ ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တာ (၂) နှစ်နီးပါးရှိလာတာနဲ့အမျှ နိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခတွေ၊ လူမှုစီးပွားအကျပ်အတည်းတွေ ပိုမိုဆိုးရွားလာနေပါတယ်။
ရပ်ရွာကာကွယ်ဖို့လို့ဆိုပြီး ဒေသခံတွေကို ပျူစောထီးအဖွဲ့ ဝင်ခိုင်းနေတဲ့အကြောင်းကို Frontier Myanmr ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်
မြန်မာစစ်တပ်ရဲ့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သောင်ရင်းမြစ်ကမ်းတလျှောက် ပြေးလွှားစစ်ရှောင်နေကြတဲ့ ဥကရစ်ထရွာအကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
စစ်ကောင်စီက Passport နိုင်ငံကူးလက်မှတ်တွေကို ဒစ်ဂျစ်တယ်စနစ်အဖြစ် ပြောင်းလဲနေချိန်ကစလို့ နိုင်ငံကူးလက်မှတ်ရနိုင်ဖို့ ပိုခက်ခဲသွားတယ်လို့ ကိုယ်တိုင်လျှောက်ထားသူတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တပ်သားသစ် စုဆောင်းမှုတွေဟာ အာဏာသိမ်းမှုနောက်ပိုင်းမှာ သိသိသာသာ ပိုဆိုးလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေထဲက ကလေးငယ်တော်တော်များများ သူများဆီမှာ အလုပ်သွား လုပ်နေကြရပါတယ်။ အဲဒီကလေးငယ်တွေထဲမှာ လူမဆန်တဲ့ အနိုင်ကျင့် နှိပ်စက်မှု ခံနေကြရသူတွေ ရှိတဲ့အကြောင်း ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်မှုဇုံတွေမှာ အလုပ်လုပ်နေကြတဲ့ စက်ရုံလုပ်သားတော်တော်များ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေကြပေမဲ့ ထုတ်ဖော်ပြောဆို တိုင်ကြားတာတွေ မလုပ်ရဲကြဘူး ဖြစ်နေပါတယ်။
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်ပြီး အစိုးရစာသင်ကျောင်းတွေမှာ စာဆက်မသင်လိုကြတဲ့ ကျောင်းသူကျောင်းသားတွေ အများအပြား ရှိခဲ့သလို၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကျောင်းစာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကလေးငယ်တွေလည်း အများအပြား ရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို မျက်မြင်ကြုံတွေ့နေရတဲ့ မြန်မာကလေးငယ် အများအပြားမှာ စိတ်ဒဏ်ရာတွေ ခံစားနေကြရပါတယ်။ စိတ်ဒဏ်ရာတွေကြောင့် ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ဘယ်လောက် ထိခိုက်နေသလဲဆိုတာကို ဒီတပတ် ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်