စစ်ကိုင်းတိုင်းထဲမှာ ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတချို့မှာ စစ်ဆေးရေးဂိတ်တွေကြောင့် ခရီးသွားလာသူတွေ အချိန်ကြန့်ကြာ နှောင့်နှေးမှုတွေဖြစ်နေတဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ နာမကျန်းဖြစ်သူတွေအနေနဲ့ ဆေးဝါးရရှိဖို့လည်း ခက်ခဲလို့ အသက်ဆုံးရှုံးမှုတွေပါရှိနေ
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်ပျော်ရွှင်တဲ့ ကျောင်းသူကျောင်းသားဘဝ မရနိုင်ကြတဲ့ ကလေးငယ်တွေအကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အရွယ်ရောက်တဲ့ အမျိုးသား၊ အမျိုးသမီးတွေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ဘဝအခြေအနေ ပြောင်းလဲကုန်တဲ့ လူငယ်တချို့ရဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒဏ် စိုးရိမ်မှုအပြင်၊ စစ်မှုထမ်းဖို့ အခေါ်ခံရမှာကို စိုးရိမ်နေကြတဲ့ လူငယ်တွေရဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေ ခွဲခြားဆက်ဆံခံနေရတာနဲ့၊ အခွင့်အရေး ဆုံးရှုံးနေတဲ့ အခြေအနေတွေအပေါ် Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းမှုဟာ ပြည်တွင်းနေ နိုင်ငံသားတွေသာမက ပြည်ပမှာနှစ်ရှည်နေထိုင်နေတဲ့ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေရဲ့ ဘဝတွေကို ပိုပြီးခက်ခဲသွားစေပါတယ်။ ထိုင်းနိုင်ငံ ရနောင်းမြို့မှာဆို နှစ်ရှည်ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား အများအပြား ရှိနေပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု ယိုယွင်းနေတဲ့ မြန်မာနိုင်ငံမှာ အနာကြီးရောဂါသည်တွေ ဆေးကုသမှုရဖို့ ပိုခက်ခဲနေတဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း ဒေသတချို့မှာ ဒေသခံတိုင်းရင်းသား မဟုတ်သူတွေ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတယ်ဆိုတဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
ထိုင်းနိုင်ငံနဲ့ ကပ်နေတဲ့ မြန်မာနယ်စပ်ဒေသတချို့မှာ ကိုယ်တိုင်အန္တရာယ်ရှိနေတဲ့ကြားက ကျန်းမာရေးအကူအညီ လိုအပ်သူတွေကို ဆေးကုသပေးနေသူတွေအကြောင်း Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေး လူနည်းစုတွေ နေထိုင်တဲ့ ဒေသတွေမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အဦးတွေ ထိခိုက်ပျက်စီးနေသလို၊ ဒေသခံတွေလည်း စစ်ဘေးလွတ်ရာ ပုန်းခိုနေကြရပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၃ နှစ်ကျော်အတွင်း စားဝတ်နေရေး အဆင်မပြေလို့ ပညာရေးနဲ့ဝေးပြီး လမ်းဘေးကြုံရာကျပန်း လုပ်နေကြရတဲ့ ကလေးငယ် အများအပြား ရှိနေကြပါတယ်။ ပညာရေးကို လက်လှမ်းမမှီနိုင်ဘဲ ဖြစ်နေကြတဲ့ ကလေးငယ်တွေအကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်နေရာ တော်တော်များများမှာ တိုက်ပွဲတွေဖြစ်နေတာနဲ့အတူ ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်နေပါတယ်။ တိုက်ပွဲတွေကြောင့် ငပလီမှာ ပိတ်မိနေကြတဲ့ ရေလုပ်သားတွေရဲ့ အခက်အခဲတွေအကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
အကျဉ်းထောင်တွေထဲမှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သလောက်မရကြတဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
စစ်တပ်ထဲက ထွက်ပြေးလာသူတချို့က သူတို့ အဓမ္မတပ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့အကြောင်း ပြောပြတာကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ပြီး လက်နက်စွဲကိုင်နေကြတဲ့ အမျိုးသမီးငယ်တွေကို စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ရက်တွေပေါ်မှာ အသရေဖျက် တိုက်ခိုက်နေတဲ့ အကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
စစ်ကောင်စီက ၂၀၂၂ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပေဒသစ်ရဲ့ တင်းကြပ်မှုကြောင့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလည်ပတ်ဖို့ ခက်ခဲတဲ့အခြေအနေ ကြုံနေရပါတယ်။ အထူးသဖြင့် စာနာမှုအကူအညီပေးတဲ့ ပရဟိတအဖွဲ့တွေ အခက်တွေ့နေကြတဲ့အကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံထဲကထွက်ခွာခဲ့ရတဲ့ မြေယာအခွင့်ရေးရှေ့နေတစ်ယောက်ဟာ သူ့မှာစိန်ခေါ်မှုတွေနဲ့ အန္တရာယ်တွေရှိနေတယ်ဆိုရင်တောင်မှပဲ လူ့အခွင့်ရေးနဲ့ပိုကောင်းတဲ့အနာဂတ်အတွက် တိုက်ယူနေဆဲဖြစ်တယ်ဆိုတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒီအကြောင်း ဒို့အသံအစီအစဉ်ကနေ တင်ဆက်ထားပါတယ်။
လွန်ခဲ့သော သုံးနှစ်နီးပါး စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒို့အသံဟာ နိုင်ငံတွင်းမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီဗွီဒီယိုမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်အတွင်းက အခြေအနေတွေကို မှတ်တမ်းတင်ခဲ့တဲ့ ပန်းချီဆရာတစ်ယောက်ရဲ့အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ မွတ်ဆလင်ကျောင်းသားတွေ၊ အထူးသဖြင့် ရိုဟင်ဂျာလို့ ခံယူထားတဲ့လူငယ်တွေ ကျောင်းတက်ခွင့် ခက်ခဲတာအပါအဝင် ကြုံတွေ့ရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်