HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတွေကို ခွဲခြားဆက်ဆံမှု မလုပ်ကြဖို့ အသိပညာပေးမှုတွေ ရှိနေပေမဲ့၊ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါသေးတယ်။
အမျိုးသမီးတွေ၊ အထူးသဖြင့် ရင်သွေးတွေရှိကြတဲ့ မိခင်တွေရဲ့ အခက်အခဲတွေကို Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
နမ္မတူ ရေကာတာစီမံကိန်းက သူတို့ရဲ့ ဘဝနေထိုင်ရေးကို ထိခိုက်မှာ ဒေသခံတွေ စိုးရိမ်နေကြတဲ့အကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ ဒေသခံပြည်သူတွေ ကြုံတွေ့နေရတဲ့ အန္တရာယ်နဲ့ အခက်အခဲတွေကို Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
ဘယ်လိုခံယူချက်တွေနဲ့ Click နေကြသလဲဆိုတာကို Frontier Myanmar က တင်ဆက်ထားတဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ အခက်အခဲတွေကြား ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံဘက်က စစ်ပြေးဒုက္ခသည်တွေဟာ အိန္ဒိယလူမျိုးရေး ပဋိပက္ခကြောင့် နေထိုင်ရ ပိုခက်ခဲနေကြပါတယ်။ Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရေး မြန်မာနဲ့သဘောတူထားတဲ့ နားလည်မှုစာချွန်လွှာ MOU အရ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာလုပ်သားတွေ အလုပ်သမားအခွင့်အရေးကို အပြည့်အဝခံစားကြရပါရဲ့လား။ Frontier Myanmar က တင်ဆက်တဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အစိုးရဝန်ထမ်းအများအပြားအကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြပါတယ်။ရုံးမတက်ကြတော့တဲ့ CDM ဝန်ထမ်းတွေအပေါ် စစ်ကောင်စီရဲ့ ဖိအားပေးမှု မျိုးစုံကြုံကြရလို့နေထိုင်ရပ်တည်ရေးခက်ခဲနေကြတဲ့အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖမ်းဆီးခံရသူတွေထဲက မိသားစုတွေနဲ့ ခုချိန်ထိ အဆက်အသွယ်ပြတ်နေသူ အများအပြားရှိပါတယ်။ အသက်ရှင်နေသေးရဲ့လားဆိုတာတောင် မိသားစုဝင်တွေ မသိရတဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
သင့်မှာကုသလို့ရနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပွားနေတာကို မိသားစုနဲ့ခွဲခွာပြီး မဖြစ်မနေရွာပြင်ထုတ်ခံထားရတဲ့ ဘ၀မျိုး တွေးကြည့်ဖူးပါသလား။ ဒီအဖြစ်အပျက်တွေက ရှမ်းပြည်မြောက်ပိုင်းက ဒေသခံတွေတကယ့်လက်တွေ့ခံစားနေရတာပါ။
မကွေးတိုင်းထဲက မင်းဘူး၊ သရက်၊ မင်းလှ စတဲ့မြို့တွေက ပုဂ္ဂလိကပိုင် ရေနံတွင်းတွေကို စစ်ကောင်စီအမိန့်နဲ့ ဇွန်လထဲက ပိတ်ထားရပါတယ်။ ရေနံတွင်းတွေ ပိတ်ထားတဲ့အတွက် ဒီရေနံတွင်းတွေကို မှီခို ဝင်ငွေရှာနေရသူတွေ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံနေရတယ် ဆိုတာကို Froniter Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးမှုနဲ့ထောင်ကျပြီးပြန်လွတ်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ လူမှုအသိုင်းအဝိုင်းထဲမှာ ပြန်ဝင်ဆံ့နိုင်ဖို့ ကြိုးစားတဲ့အခါ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
တိုက်ပွဲတွေ မပြတ်ရှိနေတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကိုယ့်အသက်ကို မငဲ့ဘဲ၊ ဒဏ်ရာရသူတွေကို ကုသပေးနေကြသူတချို့အကြောင်းကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
အရင်ကတည်းက ဖွံ့ဖြိုးမှု နောက်ကျနေခဲ့တဲ့ နာဂတောင်တန်းဒေသမှာ အခုလက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေပြီး၊ စစ်တပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် အစားအသောက် ရှားပါးမှုကို ကြုံတွေ့နေကြရပါတယ်။
စစ်တပ်က လွတ်လပ်စွာပြောဆိုခွင့်အပေါ် တင်းကြပ်စွာ ကန့်သတ်ဖိနှိပ်မှုတွေကြောင့် အမြင်သဘောထားတွေကို လူမှုကွန်ရက်ပေါ်မှာ မတင်ရဲကြဘူး ဖြစ်လာနေတဲ့အကြောင်း တက်ကြွလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်တွေကို စုစည်းပြီး ဒို့အသံ ဝိုင်းတော်သားတွေက တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ထိခိုက်မှုတွေထဲ မိခင်တွေက သားသမီးတွေကို ရင်းနှီးပေးဆပ်ရတာမို့ ရင်နဲ့အမျှ အဆုံးအရှုံး ကြီးမားလှပါတယ်။ ကိုယ့်ရင်သွေးတွေ စစ်အာဏာရှင် ဆန့်ကျင်မှုမှာပါဝင်ရင် မိခင်တွေက ကျန်ခဲ့ရသလို၊ ကိုယ်တိုင် တွန်းလှန်ဆန့်ကျင်ဖို့သွားတဲ့ မိခင်တွေက သားသမီးတွေကို ခွဲချန်ရစ်ခဲ့ရတာပါ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွါ ထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်တွေ စစ်ကိုင်းတိုင်းအတွင်း ပိုများလာနေသလို ရွာလုံးကျွတ်နီးပါး နေအိမ်တွေ မီးရှို့ခံရမှုလည်း ဒီဒေသမှာ အများအပြား ရှိလာနေတဲ့အကြောင်း ဒို့အသံအစီအစဉ်မှ တင်ဆက်ထားပါတယ်။
မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေများခဲ့တဲ့ ရခိုင်ပြည်နယ်မှာ နေရေး၊ စားရေးကို ဦးစားပေးပြီး ပြန်လည်ထူထောင်နေရတဲ့အတွက် ကလေးငယ်တွေရဲ့ပညာရေးကို ရှေ့တန်းမတင်နိုင် ဖြစ်နေပါတယ်။ ဒီအခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်လို့ ထောင်ကျနေကြသူတွေရဲ့ မိသားစုဝင်တွေထဲမှာတချို့က စိတ်ပိုင်း ရုပ်ပိုင်း ထိခိုက်မှုတွေ ဖြစ်နေပါတယ်။ အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့ မိသားစုတွေ မျှော်လင့်တကြီး စောင့်နေကြတဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံဘက်ရောက်သွားကြတဲ့ မြန်မာနိုင်ငံက အထောက်အထားမဲ့တွေ ထိုင်းနိုင်ငံမှာ ကြုံတွေ့နေကြရတဲ့ အခြေအနေတွေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်