ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခကို အသုံးသတ်ဖို့ဆိုရင် AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း အပစ်ရပ် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို သွားဖို့ ဖိတ်ခေါ်ကြောင်း အစိုးရရဲ့သဘောထားကို သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရ ပြောသွားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်ဟာ ရခိုင်ဒေသပဋိပက္ခ ကိုင်တွယ်ပုံတွေကြောင့် နိုင်ငံတကာဖိအား ကြုံနေတဲ့ မြန်မာနိုင်ငံအတွက် အနောက်နိုင်ငံတွေရဲ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပိုရစေဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ မြန်မာ့အရေး လေ့လာ သုံးသပ်သူတွေက မြင်ပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ ဒီနှစ်အတွင်း ကမ္ဘာ့ကုန်တင်လေကြောင်းလိုင်းတွေ အရှုံးနဲ့ရင်ဆိုင်ရဖွယ် ရှိတဲ့အခြေအနေ၊ နဲ့ ကမ္ဘာ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်ပရိဘောဂ လုပ်ငန်းတွေ တရုတ်နိုင်ငံထဲကနေ ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း Schuyler Ogden ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင် တင်ဆက်မှာပါ။
ဇွန် ၆၊ ၂၀၁၉ - မြန်မာပြည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို ထောက်ပံ့မှု လျော့ချ လိုက်တဲ့အတွက် ကရင်ဒုက္ခသည်တွေ အခြေအနေ ဆိုးဝါးနေပုံကို ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
Nourish Now လို့ခေါ်တဲ့ အမေရိကန် စေတနာ့ဝန်ထမ်းအဖွဲ့တဖွဲ့ဟာ နေရာအသီးသီးမှာ ပိုလျံနေတဲ့ အစားအစာတွေကို လိုက်လံစုဆောင်းပြီး တကယ်လိုအပ်တဲ့ မိသားစုတွေ၊ ကျောင်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေကို ပြန်လည်ဝေငှ ပေးနေပါတယ်။ Rendy Wicaksana ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေကို ဖြေရှင်းသွားနိုင်ဖို့နဲ့ ရခိုင်ပြည်သူတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ရခိုင်အမျိုးသား ပါတီ ANP ကို ပုံသဏ္ဍာန်အားဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ပါတီခေါင်းဆောင်တဦးက VOA မြန်မာပိုင်းကို ပြောကြားပါတယ်။
အင်းဒင်ရွာလူသတ်မှုကို ကျူးလွန်တယ်ဆိုပြီး ထောင်ဒဏ်ကျခံရတဲ့ တပ်မတော်သားတွေကို ပြစ်ဒဏ်လျှော့ပေးပြီး ကာကွယ်ရေးဦးစီးချုပ်အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တာကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ် တယ်လို့ လူ့အခွင့်အရေးရှေ့နေတဦးက ဝေဖန်ပြောဆိုလိုက်ပါတယ်။
မေ ၃၀၊ ၂၀၁၉ - တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးမှာ အမျိုးသမီးပညာရေးဟာ အဓိကနေရာက ပါဝင်ကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေမှာ ရေရှားပါးတဲ့ပြဿနာ အကြီးအကျယ်ကြုံနေရတာကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဖြန့်ဝေပေးနေတဲ့ ရေခွဲတမ်းကို လျော့ချထားရတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။
၂၀၂၁ ခုနှစ် ကျင်းပမယ့် U-20 ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ထိုင်းနိုင်ငံနဲ့ပူးတွဲပြီး အိမ်ရှင်အဖြစ်ကျင်းပသွားဖို့ မြန်မာနိုင်ငံက ကမ်းလှမ်း ထားပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားအရ လိုအပ်ချက်တွေ ရှိနေဆဲပဲလို့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားတချို့နဲ့ အားကစား ဝါသနာရှင်တွေက ထောက်ပြပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ် စီးပွါးရေးကဏ္ဍမှာ တရုတ်နိုင်ငံက Luckin Coffee ကော်ဖီဆိုင်တွေ ရောင်းကောင်းလာတဲ့အကြောင်း နဲ့ Huawei နည်းပညာကုမ္ပဏီကို အမေရိကန်က အရေးယူလိုက်တဲ့ အကျိုးဆက်တွေအကြောင်း Schuyler Ogdenရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ဆက်ပေးမှာပါ။
မေ ၂၃၊ ၂၀၁၉ - အပစ်အခတ် ရပ်စဲတဲ့ဒေသမှာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင်လုပ်သလောက် အကျိုးရှိနိုင်ကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မွန်ပြည်နယ် မုဒုံမြို့ဇာတိဖြစ်တဲ့ ကိုကျော်ကိုဟာ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမြန်မာနယ်စပ်ကို တောခိုလာတဲ့ ကျောင်းသားတဦးဖြစ်ပြီး ABSDF တပ်ဖွဲ့ကို ဝင်ရောက်ခဲ့တာပါ။ သူကွယ်လွန်ချိန်မှာ အသက်(၅၀)ကျော် ရှိပြီဖြစ်ပြီး ဇနီးနဲ့ သမီးတယောက် ကျန်ရစ်ခဲ့ပါတယ်။
မေ ၁၆၊ ၂၀၁၉ - NLD အစိုးရရဲ့ အမျိုးသား မဟာဗျူဟာ ပညာရေးစီမံကိန်းဟာ လူတိုင်းအကျုံးဝင်တဲ ပညာရေးစနစ် ဖြစ်တယ်လို့ဆိုပေမယ့် လက်နက်ကိုင် ပဋိပက္ခဒေသက ကျောင်းတွေ မပါဝင်ပဲ ဖြစ်နေတာတွေ့ရပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
တေးဂီတက လူတွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာရေးအတွက်ပါ အကျိုးများစေတယ်လို့ နှစ်ပေါင်းအတန်ကြာ လေ့လာထားတဲ့ ဆေးသုတေသနတွေက ဆိုပါတယ်။ ဂီတကုထုံးတွေ ဘယ်လို ထိရောက်မှု ရှိသလဲဆိုတာကိုတော့ VOA သတင်းထောက် Faiza Elmasry ပေးပို့ထားတဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်သေဆုံးသွားတဲ့ ရခိုင်တိုင်းရင်းသား အရပ်သားပြည်သူတွေအမှုကို လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးပေးဖို့နဲ့ အပြစ်ရှိသူတွေကို ဖေါ်ထုတ်အရေးယူပေးဖို့ အမေရိကန်ရခိုင် လူမှုအဖွဲ့အစည်းက ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။
မေ ၉၊ ၂၀၁၉ - ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်တွင်းက ပညာရှင်တွေ နိုင်ငံခြားကို လေ့လာရေး ခရီးထွက်ကြသလို၊ နိုင်ငံခြားကလည်း မြန်မာပြည်ကို လာရောက်လေ့လာကြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အဆင့်မီ အရည်အသွေး တိုးတက်လာအောင် လုပ်ဖို့ကိစ္စဟာ ပညာရေးမှာ အခက်ခဲဆုံး ဖြစ်နေကြောင်းကို ဦးအောင်ခင် က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်န
တရုတ်ရဲ့ BRI ရပ်ဝန်းနဲ့ပိုးလမ်းမ စီမံကိန်း- အာရှ-ဥရောပဒေအပိုင်းကို အကောင်ထည်ဖေါ်ရာမှာ ရှရှားနိုင်ငံက အဓိက အခန်းကဏ္ဍကနေ ပါဝင်လိုတယ်ဆိုတဲ့ ရပ်တည်ချက်ဟာ ရုရှားက သူ့အိမ်နီးချင်းနိုင်ငံတွေကြားမှာ သြဇာအရှိန်ဝါ ကျဆင်းလာနေတဲ့အပေါ် စိုးရိမ်စိတ်ဝင်နေတာကို ပြသနေရာရောက်ပါတယ်။
မေ ၂၊ ၂၀၁၉ - မြန်မာနိုင်ငံက အလုပ်အကိုင်တွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေ နည်းသေးကြောင်း ဆန်းစစ်ထားတဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ စာတမ်းအကြောင်းကို ဦးအောင်ခင် က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
စင်္ကာပူနဲ့ အမေရိကန်နိုင်ငံတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ရင် ရက်နဲ့ချီ ကြာတတ်ပြီး မြန်မာနိုင်ငံမှာတော့ နာရီပိုင်းအတွင်း လျှပ်စစ်မီး ပြန်ရအောင် လုပ်ပေးနိုင်ခဲ့တယ် ဆိုတဲ့ လျှပ်စစ်နဲ့စွမ်းအင် ဒုဝန်ကြီးရဲ့ပြောဆိုချက်ကို အမေရိကန်မှာနေ မြန်မာနိုင်ငံသားတွေက တုံ့ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်