တရုတ်မြန်မာနယ်စပ် မိုင်းလားနဲ့ UWSA ဝလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ရာဒေသမှာ တောရိုင်းတိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းတွေကို တရားမဝင် ရောင်းဝယ်မှု ရှင်သန်နေတဲ့အကြောင်း WWF သဘာဝတောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က သတိပေးနေပါတယ်။ AFP သတင်းတပုဒ်ပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ဧပြီ ၂၅၊ ၂၀၁၉ - ဧပြီ ၂၅၊ ၂၀၁၉ - မြန်မာပြည်မှာ ၂၀၀၅ ခုနှစ်ကစပြီး လူနေမှုအဆင့်အတန်း ပြောင်းလဲလာပုံကို ကမ္ဘာ့ဘဏ်အုပ်စု ဗဟိုစာရင်းအင်းအဖွဲ့နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် စတဲ့ အဖွဲ့အစည်း သုံးခုက ပူးတွဲစစ်တမ်း ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့ အတူ တင်ပြထားပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဟိုတယ်တချို့ ဗုံးခွဲတိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့ ခရစ်ယာန်သာသာဝင်တွေနဲ့အတူ တသားထဲရှိကြောင်း ပုပ်ရဟန်းမင်းကြီး Francis က ယေရှုခရစ်တော် ရှင်ပြန် ထမြောက်ခြင်း Easter ပွဲတော်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တဲ့ကိစ္စ မကျေနပ်ရာက ဧပြီ (၂၀)ရက် စနေနေ့ ညဦးပိုင်းမှာ ထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်တွေက အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပုံရတယ်လို့ အကျဉ်းထောင်ရှေ့ သွားရောက် လေ့လာခဲ့သူတဦးက VOA ကိုပြောပါတယ်။
မြန်မာပြည်သူတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများစေတာကြောင့် မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းပေးဖို့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ဝါရှင်တန်ဒီစီမှာရှိတဲ့ တရုတ်သံရုံးနဲ့ မြန်မာသံရုံးရှေ့တွေမှာ သောကြာနေ့လည်ပိုင်းက ဆန္ဒထုတ်ဖေါ် တောင်းဆိုလိုက်ကြပါတယ်။
ကချင်ပြည်နယ်က မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပေးဖို့ မြန်မာ ခေါင်းဆောင်တွေနဲ့ တရုတ်အစိုးရကို မြန်မာကက်သလစ်ကာဒီနယ် ရဟန်းအမတ် ချားလ်စ်မောင်ဘိုက မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
ဧပြီ ၁၈၊ ၂၀၁၉ - ပြည်ပကြွေးမြီ ဒေါ်လာသန်းပေါင်း တသောင်းကျော်ရှိတာကို အတိုးပေးနိုင်ဖို့နဲ့ ပြန်ဆပ်နိုင်ဖို့၊ NLD အစိုးရက ကြိုးပမ်းနေပုံနဲ့ တရုတ်ကြွေးမြီ ဖိစီးတဲ့ နိုင်ငံတွေအကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
‘ဝ’ဒေသကို ပြည်နယ်အဆင့် တောင်းဆိုလိုက်တာဟာ နိုင်ငံရေးအရ ဖိအား ပေးလိုက်ခြင်းသာဖြစ်ပြီး အစိုးရနဲ့ မြန်မာ့ တပ်မတော်က ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုရင် ပြည်တွင်းစစ်အရှိန် တိုးလာ နိုင်တယ်လို့ တိုင်းရင်းသားအရေး၊ နိုင်ငံရေး ကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ်။
၂၀၁၉ ခုနှစ် သင်္ကြန်ပွဲတွေကို ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း သူတို့ရောက်ရှိနေတဲ့ နိုင်ငံအသီးသီးမှာ စည်ကားစွာ ကျင်းပခဲ့ကြပါတယ်။
ပြည်တွင်းပြည်ပ ဖိအားတွေနဲ့ အားမလိုအားမရ ဖြစ်နေတာတွေ ရင်ဆိုင်နေရတဲ့ NLD အစိုးရအနေနဲ့ အခုလို နှစ်သစ်ကူးအချိန်အခါကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအကျဉ်းသားတွေ အပါဝင် ပြန်လွှတ်ပေးသင့်သူတွေကို လွှတ်ပေးခြင်းအားဖြင့် တင်းမာမှုတွေကို လျှော့ချသင့်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။
ဧပြီ ၁၁၊ ၂၀၁၉ - မူးယစ်ဆေးကရတဲ့ငွေဟာ ပုံမှန်စီးပွားရေးကဏ္ဍထက် အဆပေါင်းများစွာ ကြီးမားနေတာကြောင့် ရှမ်းပြည်ရဲ့ စီးပွားရေးဟာ မူးယစ်ဆေးလုပ်ငန်းကို ဗဟိုပြုသလို ဖြစ်နေပါကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ရှေးဟောင်း အမွေအနှစ်တွေရှိရာ မြောက်ဦးမြို့မှာ တိုက်ပွဲတွေ မဖြစ်ပွားသင့်ဘူးလို့ ပြည်ပရောက် တိုင်းရင်းသားတချို့က သတိပေး လိုက်ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြိုးပမ်းတဲ့ မြန်မာနိုင်ငံမှာ ဒုက္ခသည်အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ပြောင်းလဲ ရေးကို အလေးထားလုပ်ဆောင်သင့်တယ်လို့ အမေရိကန်ရောက် ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ BACI အဖွဲ့က ကိုအီလိုင်ဇာဗာနီးက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဧပြီ ၇၊ ၂၀၁၉ - အမေရိကန်ရောက် ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ BACI အဖွဲ့က ကိုအီလိုင်ဇာဗာနီးက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
ကော့ဆက်ဘဇားကို ရောက်လာကြတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းထဲက မြေပြန့်မှာရော ကုန်မြင့်တောင်စောင်းက နေရာလွတ်တွေမှာ နေအိမ်တွေ တည်ဆောက်နေထိုင်ခဲ့ကြတာပါ။ အခုလို ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရတာဟာ ဒုက္ခသည်တွေရဲ့ အသက်ဆုံးရှုံးမှုကို ကာကွယ်ဖို့ဖြစ်တယ်လို့ Andrej Mahecic က ပြောပါတယ်။
ဧပြီ ၄၊ ၂၀၁၉ - မြန်မာပြည်ကထွက်တဲ့ ပို့ကုန်တွေ အကန့်အသတ်မရှိ အခွန်အကောက်မရှိ၊ ဥရောပဈေးကွက်မှာ ရောင်းချနိုင်ဖို့အတွက် ကုလသမဂ္ဂအခြေခံ မူဝါဒတွေကို ရိုသေလေးစားလိုက်နာဖို့ လိုအပ်ကြောင်း ဥရောပကော်မရှင်က လွန်ခဲ့တဲ့ဖေဖေါ်ဝါရီလမှာ သတိပေးထားပါတယ်။
နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေ၊ DV ဗီဇာကံစမ်းမဲ အစီအစဉ်တွေနဲ့ ပတ်သက်လို့ တင်းကြပ်တဲ့ မူဝါဒတွေနဲ့ ကိုင်တွယ်ဆောင်ရွက်သွားဖို့ လိုကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။
ကချင်ပြည်နယ်က မြစ်ဆုံ ရေကာတာစီမံကိန်းဟာ မြန်မာနိုင်ငံသားတွေရဲ့ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေမှာဖြစ်တာကြောင့် ဒီစီမံကိန်းကို လုံးဝရပ်ဆိုင်းသင့်တယ်လို့ ပြည်ပရောက် ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေက အစိုးရကို ထပ်မံသတိပေး တိုက်တွန်းလိုက် ပါတယ်။
မတ် ၂၈၊ ၂၀၁၉ - NLD အစိုးရ သက်တမ်းဝက် ကာလမှာ ပြည်သူ့သဘောထား ဘယ်လိုရှိတယ်ဆိုတာကို သိနိုင်ဖို့အတွက် “ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့အဖွဲ့” က စစ်တမ်းကောက်ထားပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အမျိုးသားစာပေ တသက်တာဆုရှင် စာရေးဆရာမကြီး ခင်ဆွေဦးဟာ မတ်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်